Sunday 28 September 2008

ပြန်လာပေးပါ

စတွေ့ တည်းကစွဲလန်းခဲ့တာ
မင်းရဲ့ မျက်လုံး
မင်းရဲ့ အပြုံး
အားလုံးကိုချစ်ခဲ့တာပါ
ကောင်မလေးရယ်
ဘာအကြောင်းကြောင့်များ
ငါ့အချစ်ကိုလှည့်စား
ငါ့အသဲကိုခွဲရက်ခဲ့တာလဲ
တစ်ချိန်တုန်းက
မင်းရီသံလေးနဲ့ ဝေဆာနေတဲ့
ခုံတန်းရှည်လေးလဲ
အခု တော့တစ်ကိုယ်ထဲ
အထီးကျန်နေလို့ 
ရက်ရက်စက်စက်ပစ်သွားခဲ့တဲ့ချစ်သူကို
တမ်းတမ်းတတချစ်နေတုန်းပဲ
မမာနိုင်တဲ့ အသဲက
မင်းလေးကိုချစ်နေဆဲမို့ 
ခဏလောက်ပဲဖြစ်ဖြစ်
ကို့ ဆီပြန်လာပေးပါလားကွယ်....

ဒီကဗျာလေးကကျမကိုကလေးလေးလို့ ခေါ်ခေါ်နေတဲ့ သူအတွက်ရေးပေးထားတာပါ သူ့ူ့နေရာမှာဝင်နေပြီးရေးထားခြင်းဖြစ်ပါတယ်.... ကျမကတော့သူ့ကိုမီးမီးလို့ ပြန်ခေါ်ပါတယ်... မီးမီးရေ..ကောင်းတော့မကောင်းဘူးပေါ့ကွယ်.. တို့ လဲတတ်သလောက်နဲ့ ရေးပေးထားတာ...ဟိဟိ မီးမီးကိုသိချင်ရင်ဒီနေရာလေးကိုနှိပ်လိုက်ပါ....မီးမီးပျော်ရွှင်ပါစေနော်.....

2 comments:

ညမီးအိမ် said...

ကျွန်တော့်အတွက်ရေးပေးတာကျေးဇူးပါ။

စတွေ့တည်းကစွဲလန်းခဲ့တာ မျက်လုံးဟုတ်ဘူးဗျ။ နောက်ကျောလေးကိုမြင်ရုံနဲ့ စိတ်ဝင်စားခဲ့တာ။ နောက်ကျောနော် တကယ်နောက်ကျော။ နောက်ကျောဆိုလို့တမျိုးထင်နေဦးမယ်။ :P

မင်းရီသံလေးနဲ့ ဝေဆာနေတဲ့
ခုံတန်းရှည်လေးလဲ

ခုံတန်းရှည်ဟုတ်ဘူးဗျ သစ်ပင်ငုတ်လေးမှာ ၂ယောက်ကျဉ်းကျဉ်းကျပ်ကျပ်လေးထိုင်ကြတာ။ အားရင်သွားကြည့်ကြည့်ပါလား အဲဒီနေရာလေးကို :D
ရီသံနဲ့ဝေဆာတာထပ်ငိုကျွေးခဲ့တာပိုများပါတယ်။ :(

ကဗျာလေးအတွက်ကျေးဇူးပါ။ သူစိတ်ထဲမှာကျွန်တော်ဆိုတာရှိတော့မှာမဟုတ်တော့ပါဘူး။
အရင်ဘဝက ဝဋ်ကြွေးရှိခဲ့လို့ပြန်ပေးဆပ်နေရတယ်လို့ပဲသဘောထားပါတယ်။

မီးမီးလို့မခေါ်ပါနဲ့လားကွယ် မသိတာသူတွေက ညမီးအိမ်ဆိုတာ အခြောက်ကြီးလို့ထင်နေပါဦးမယ်။ :)

kiim said...

ရော်..ညမီးအိမ်ကတော့လုပ်ပြီ..
စတွေ့ တည်းကစွဲလန်းခဲ့ တာမျက်လုံးလို့ ရေးမှလှမှာပေါ့
ဟုတ်ဖူးလား..နောက်ကျော်ဆို၇င်စာသားကလှဖူးလေ..
တိဖဲနဲ့ .. :P
မင်းရီသံလေးနဲ့ ဝေဆာနေတဲ့သစ်ပင်ငုတ်လေးမှာ လို့ 
ရေးရင်လှပါ့မလားကွဲ့ ..လှအောင်ရေးထားတာလေကွယ်
ဝဋ်ကြွေးလို့ သဘောမထားပါနဲ့ ကွယ်..
နောက်ဆိုချစ်တဲ့ သူနဲ့ ချစ်ချစ်ခင်ခင်နေရပါစေနော်..
ညမီးအိမ်ရေ...
မီးမီးလို့ ခေါ်တာမကြိုက်ရင်လဲခေါ်တော့ပါဘူး..
ခင်လို့ ခေါ်တာကို..အဟင့်..တူကခေါ်ခိုင်းဖူးချို
တော့ခေါ်တော့ပါဖူး... :P :P :P