Wednesday 17 September 2008

နားလည်ပေးပါ

ချစ်တယ်လို့
ပြောခွင့်မရှိတဲ့...
ချစ်နေရရုံလေးနဲ့...
ကျေနပ်နေတဲ့သူကို...
မချစ်ပါနဲ့လို့ မတားချင်ပါနဲ့လား
ချစ်သူရယ်...
အချစ်ဆိုတာ
ဖန်တီးလို့မရသလို
ပြုပြင်ပြောင်းလဲလို့လည်း...
မရပါဘူး...
မင်းကိုချစ်မိကတည်းက
ရှုံးနေခဲ့ငါ့ကို...
အနိုင်ယူခွင့်လေး...
မင်းဘယ်တော့မှပေးမှာ မဟုတ်ဘူးဆိုတာ...
သိနေပါတယ်...
မသေချာမရေရာတဲ့...
မျှော်လင့်ချက်တစ်ခု
ရင်မှာပိုက်ပြီး...
ငါမင်းကို ...
ချစ်နေအုံးမှာပါ။

ကိုသူရိန်မြင့်မိုရ်ပေးပို့ သည်။

နားလည်ပေးပါတယ် ကိုသူရိန်မြင့်မိုရ်ရေ....ဟိဟိ...

1 comments:

Anonymous said...

ကဗျာလေးကောင်းလိုက်တာ

မချင်းမလေးရေးထားတယ်မှတ်ထားတာ

သူများပို့ထားတာကိုး ..ခံစားချက်ကတော့

အရမ်းကောင်းပါတယ် ...နားလည်ပေးလိုက်ပါပြီ

:P