Sunday 21 September 2008

သော့ခတ်လိုက်ပြီ


ငါကပဲညံ့နေခဲ့တာလား
နင်ကပဲတော်နေခဲ့တာလား
နင်ရီနေတာကို
ငါရင်ထဲမှာငိုရင်း
ကြည့်နေခဲ့ရတယ်လေ..
နင်ပြုံးပြီးစကားပြောနေတာကို
ငါရင်နာနာနဲ့ နားထောင်နေခဲ့ရတယ်လေ..
နင်မပေးနိုင်တဲ့အရာမို့ 
သိပ်ချစ်ခဲ့ပေမယ့်
ငါ့အချစ်တွေကို
နင်မသိအောင်
ဟန်ဆောင်မျက်နှာဖုံးနဲ့ 
ဖုံးအုပ်လို့ 
ငါ့အချစ်တွေနင်မသိအောင်
ငါ့နှလုံးသားဘီရိုထဲ
သော့်ခတ်သိမ်းဆည်းထားတော့မယ်....

2 comments:

kyawzawehan said...

လာခဲ့ရင်းနဲ့ တွေ့ခဲ့တဲ့ကဗျာလေးကို
ကြိုက်လို့ comment ရေးခဲ့တယ်

Anonymous said...

တကယ်သော့ ခတ်တော့မှလား

ယုံဘူး ...သော့ အတုနဲ့  ပြန်ဖွင့်မယ်

:P