Thursday 25 September 2008

ရီကြပါနော်..

ိစိတ်ညစ်စရာတွေပြေပျောက်စေချင်လို့ အားလုံးအတွက်ရီစရာလေး
တင်လိုက်ရပါတယ်..သိပြီးရင်လဲမသိသလိုဝင်ရီကြပါနော်..
မရီတဲ့ သူကိုဂလိုလာထိုးမယ်...ဟိဟိ..:P:P:P

ရှောင်လို့ မရပါလား...

ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက် စွဲလမ်း နေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ ဆရာမက ကျောင်းသားနှင့် ဆရာမမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုး ပြောဆိုဆုံးမခဲ့ သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်း ပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။

ဆရာမက မတတ်သာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူး ဟူသည့် သဘောဖြင့် "ဆရာမ ကလေးမလိုချင်ဘူး" ဟု ပြောလိုက်ရာ ကျောင်းသား ပြန်ပြော လိုက်သည်မှာ "ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။


ဆုတောင်းတော့ပြည့်ပါရဲ့ 
တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမည်းတစ်ယောက်ဟာ နတ်မီးခွက် တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး ...
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမည်းဟာ......
--------
--------
--------
--------


အိမ်သာအိုး တစ်လုံး ဖြစ်သွားသတဲ့ ...။


4 comments:

Anonymous said...

ပိာပိာ... ဘယ်ကရှာထားတာလဲဗျ.. ရယ်ရတာ အူတောင်နာတယ်.. :D

ဂျူနို said...

ကောင်းတယ် ရီရတယ် သေတော့မယ် ဟားဟားဟားဟိဟိဟိဟူဟူဟူ
ဆက်ရေးနော်

Anonymous said...

ဟားဟားဟား ပေါက်ပေါက်ရှာရှာတွေးတတ်ပါ့။

Anonymous said...

ဆရာမ က ကလေးလိုချင်ဘူး

ပေါက်ပေါက်ရှာရှာ မချင်းကတော့ ရေးပြီး

အဟီး ရီတော့ရီရတယ်

:P