Monday 22 September 2008

ဖြေသိမ့်

ထားရစ်ခဲ့လို့လည်း
ဝမ်းမနည်းပါဘူး
တရားခွင်မှာ
ရင်ဆိုင်နေရတာမှမဟုတ်တာ...။

မေးခွန်းတွေနဲ့လည်း
မချည်နှောင်တော့ပါဘူး
အဖြေရှာရအောင်
သင်္ချာတွက်နေတာမှမဟုတ်တာ...။

အတွင်းဒဏ်ရာပြင်းပေမယ့်
အမာရွတ်တော့ ထင်မနေပါဘူး
ဆေးကျရအောင်
ဘေးလူသိတာမှမဟုတ်တာ...။

အိပ်မက်ထဲမှာ မက်ခဲ့တဲ့
အိပ်မက်တခုပဲလေ
ခေါင်းအုံးထက်က မျက်ရည်ဆိုတာလည်း
ခြောက်သွားမှာပါ...။

ကိုသူရိန်မြင့်မိုရ်ပေးပို့ သည်။

ကိုယ့်ဟာကိုယ်ပဲဖြေသိမ့်လိုက်တော့နော်....ကိုသူရိန်မြင့်မိုရ်ရေ...:P

2 comments:

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာ ဖြေသိမ့်

ကောင်းတယ်.။။တကယ် အသက်ပါတယ်

အားပေးတယ်ဗျိုး

သံလွင် HeRo said...

ကဗျာလေးကအရမ်းကောင်းတယ်ဗျာ