Sunday 7 September 2008

ချစ်သူအမိန့် 

ငါဟာမင်းရဲ့ အမိန့် တွေ
အကုန်လုံးလိုက်နာခဲ့.
မင်းခိုင်းသမျှ
ဘာဆိုဘာမှမငြင်းရက်ခဲ့ဘူး...
မင်းအကြည့်တွေမှာ
သာယာလို့ 
မင်းအပြောမှာ
အရည်ပျော်ကျသွားတာ
ငါ့ကိုယ်ငါပဲသိတယ်..
ချစ်သူရေ....
နင်ဟာငါမပိုင်တဲ့ 
ငါ့ရဲ့ ဒုတိယအသက်ပါကွယ်..
မင်းအတွက်ငါ့အသက်ကိုတောင်
စတေးဝံ့သူပါ
ဘာကြောင့်များရက်ရက်စက်စက်
လမ်းခွဲစကားတွေပြောထွက်ခဲ့တာလဲ
မနက်ဖြန်များစွာရှိနေသရွေ့ 
နင့်အမိန့် တွေနာခံရင်း
နင့်ကိုအမြဲချစ်နေမှာမို့ 
နာကျင်စေမယ့်စကားမင်းမပြောပါနဲ့ ကွာ....

2 comments:

စိုင်းစိုင်းလားရှိုး said...

မင်းခိုင်းသမျှ သေတွင်းကိုဆင်းဆိုလည်း
ငါဆင်းသက်ရမှာပဲ မင်းအလိုအတိုင်း
အမိန့် မလွန်ဆန်ဝံ့ဘူး...............

Anonymous said...

အမိန့်လား.. ဒီအမိန့်ကိုတော့ မနာခံနိုင်ဘူးဆိုပေမယ့် ချစ်သူကျေနပ်မယ်ဆို ရင်အကွဲခံလိုက်ရမှာပဲနော်.. ဒီကဗျာလေး ရင်ထဲထိတယ်.. :)