Tuesday 5 August 2008

အချစ်နောက်ကွယ်.........


သိပ်ချစ်လွန်းလို့ 
အရာရာမှာသူ့ အလိုလိုက်
သူ့ အကြိုက်ဆောင်ခဲ့တာတွေဟာ
နောက်ဆုံးတော့အပါစားအချစ်ဖြစ်ခဲ့ရတယ်
အချစ်ဆိုတဲ့သီအိုရီကြီး
သူနဲ့ ကျမအကြားပြောင်းပြန်လည်ခဲ့ရတယ်.
သူစိတ်ကောက်တိုင်းပြန်ချော့ခဲ့ရတဲ့ ကျမ
သူငြိုငြင်မှာကြောက်နေရတဲ့ကျမ
သူထားခဲ့တိုင်းနေခဲ့ရတဲ့ကျမ
ချစ်သူ.
သိပ်ချစ်လို့ သာအနွံတာခံတာ
ကျမအချစ်ကပေါ့ပျက်ပျက်တော့မဟုတ်ခဲ့ဘူးနော်.
အရာရာမှာအတိုင်းအတာနဲ့ .
သူ့ ဘောင်ကျော်ရင်ပြောင်းပြန်မှ
အတည့်ကိုပြောင်းသွားတတ်တာမို့ ..
ချစ်တတ်လွန်းတဲ့ ကျမ.
ရက်စက်တတ်တာကိုတော့
မေ့မထားနဲ့ ပေါ့ချစ်သူရာ......

3 comments:

DK said...

နေပြည်တော် အမှတ်တရ
အရှေ့မှာတော
အနောက်မှာတောင်
ညာမှာချောက်နှင့်
ဘယ်မှာ ၀ါးခြောက်တွေ------
ကိုယ့်အနားမှာ ခြင်ကောင်တွေပဲပေါ့/
ညီမလေးသို့ လွမ်းချင်း

DK said...

ချင်းမိခင်တောင်တန်းချမ်းနေချိန်
ဟိုငယ်စဉ်တစ်ချိန်က သူတွယ်တာလာရ့ ကင်နာသူ မြေပြန့်သားလေး လိုက်လိုလာစဉ်က တောင်ပေါ်မြေတဖက့် ကင်နာသူတဖက် ဒီအခက်အခဲ လက်တွဲဖြုတ်လို့ ခေါင်းခါခဲ့ -----

ကိုရုပ်ဆိုး said...

သိပ်ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ ချင်းမလေးရေ....။ အချစ်ကြီးရင် အမျက်လည်းကြီးတယ်တဲ့။ ဒါဟာ လောကနိယာမတစ်ခုပါ။