Sunday 24 August 2008

ဘ၀အမော


ကျယ်ပြောလှတဲ့ 
ကောင်းကင်ပြာကြီင်္းအောက်မှာ
နေမင်းကြီးထိန်ထိန်လင်းလို့ 
ပင်လယ်လှိုင်းပုတ်သံတွေ
ဇင်ယော်ငှက်တွေရဲ့ 
အတောင်ပံခတ်သံတွေ
လေပြည်ညှင်းရဲ့ 
တိုးလျလျတိုက်ခတ်သံတွေဟာ
ပန်းချီကားတစ်ချက်လို
လှပနေခဲ့တယ်......
ဒီပန်းချှီကားလေးကို
စိန်ပြေနပြောထိုင်ကြည့်နေခဲ့ တဲ့ 
အခိုက်အတန့် 
အရာအားလုံးကိုမေ့လျော့ပစ်ခဲံ့တယ်.....
ဘ၀ရဲ့ ရင်မောစရာ
ပူပင်သောကတွေကို
ကော်ဖီခါးခါးတစ်ခွက်နဲ့ မတူ
ထည့်ဖျော်ရင်း
မျက်စိစုံမှိတ်
တစ်ကျိုက်ထဲသောက်လိုက်ရတဲ့ ခဏ
ဟား.....................
ပူပင်သောကဆိုတာ
မရှိတော့ပါလား.......

1 comments:

စိုင်းစိုင်းလားရှိုး said...

ကော်ဖီသောက်ရင်း ဘ၀အမောမပြေပဲ
ရင်တုန်ပန်းတုန် နေပါဦးမယ်
ချင်းမလေးရယ်......