Monday 4 August 2008

ရက်စက်သွားတဲ့ချစ်သူ

အရမ်းချစ်တတ်ခဲ့တဲ့ကျမ..ကိုယ်ချစ်တဲ့ သူဆီကလဲအချစ်ကိုအ၇မ်းလိုချင်ခဲ့တဲ့ကျမ.
နောက်ဆုံးတော့လဲအချစ်တွေမရတဲ့ အပြင်အမုန်းတွေသာရခဲ့တယ်..
စိတ်ကုန်တယ်ဆိုတဲ့စကားလေးနဲ့ ကျမဘ၀ထဲကသူ...ကျမမနှင်ပဲထွက်သွားခဲ့ပါပြီ..
ကျမမှာသူ့ ကိုတွေ့ ရဖို့ နေနေသာသာသူနဲ့ တောင်စကားမပြောရတော့တဲ့အပြင်
သူရှိနေတာတောင်သိခွင့်မရတော့တာပါ....အော်ကျမဘ၀.
လောဘတွေမောဟတွေများခဲ့တာကိုပဲအပြစ်တင်ရတော့မှာပဲ...
သူ့ ကြောင့်ပူလောင်ခဲ့ရတယ်...နာကျင်ခဲ့ရတယ်..လူတွေကိုဂရုမိစူက်တတ်ခဲ့တဲ့ကျမ
သူ့ ကိုတော့သဲသဲလှုပ်အောင်ဂရုစိုက်တတ်ခဲ့တယ်...ဒီလိုဂရုစိုက်လွန်းတာကို.
သူကမကြိုက်ဘူးတဲ့ လေ...သူ့ အတွက်ပူလောင်နေတာကိုမလိုချင်ဘူးတဲ့ .
သူဟာကျမအတွက်မဟုတ်ဘူးလို့ လဲအကြိမ်ကြိမ်သတိပေးခဲ့တယ်..
ခွဲခွါဖို့ အကြောင်းပဲအမြဲပြောခဲ့တယ်...မချစ်မိအောင်ကြိုးစားနေတယ်တဲ့ ...
ကျမကိုလဲဘယ်တုန်းကမှအကောင်းမပြောခဲ့ဘူး..ရုပ်ဆိုးတယ်..အသံကလဲကောင်းမှာမဟုတ်ပါဘူး.
စသဖြင့်ပေါ့လေ...သူနဲ့ သိခွင့်ရတဲ့အချိန်လေးတွေဟာကျမအတွက်ပျော်စရာအချိန်လေးတွေပါ..
အခုတော့သူကျမနားမှာမရှိတော့ဘူးလေ...ကျမပေါက်ကရပြောတာတွေကိုနားထောင်ပေးမယ့်သူမရှိတော့ဘူး.
ကျမဂျီကျသမျှခံပေးမယ့်သူမရှိတော့ဘူး...အလိုလိုက်မဲ့သူမရှိတော့ဘူး..
ကျမစပ်စုသမျှပြောပြပေးမယ့်သူမရှိတော့ဘူး....လွမ်းတော့လွမ်းမိသားကွယ်..
အရင်လိုအချိန်တွေပြန်ပြီးတော့သာရနိုင်မယ်ဆိုရင်အရမ်းကိုပြန်လိုချင်မိတယ်....
ပြန်လာပေးပါ..

1 comments:

Angel Win said...

တိုက်ဆိုင်လွန်းလို့ ခံစားရတယ်