Monday 18 August 2008

ခွင့်ပြုနော်..

ဘာကိုမှမသိနားမလည်တဲ့ 
အဖြူရောင်ကျမဘ၀ထဲကို
ခွင့်ပြုချက်မတောင်းပဲ
ဝင်လာခဲ့တယ်.
အရောင်စုံအောင်ချယ်ပေးတယ်
ချစ်တတ်လာအောင်သင်ကြားပေးတယ်
စွဲလန်းသွားအောင်လာပြုစားတယ်
ရင်ခုန်သံတွေဟန်ချက်ပျက်ခဲ့ရတယ်
ပူလောင်မှုတွေပေးခဲ့တယ်
နာကျင်မှုတွေသွပ်သွင်းခဲ့တယ်
လမ်းခွဲစကားကိုအကြိမ်ကြိမ်ပြောတယ်
သူ့ ရဲ့ အချစ်ဦးဖြစ်ခွင့်မရခဲ့တဲ့ကျမ
အချစ်ဆုံးလဲဖြစ်ခွင့်မရခဲ့ရင်
ရှင်သန်ခြင်းတွေဟာ
အဓိပ်ပါယ်မဲ့နေခဲ့မှာပေါ့.
ချစ်သူရေ.
ပြန်မချစ်နိုင်တော့ရင်တောင်
အသိမပေးပဲနေပေးပါ
ချစ်ခဲ့တယ်ဆိုတဲ့ အသိနဲ့ ရှင်သန်သွားချင်လို့ ပါ.

1 comments:

DK said...

ကဗျာရဲ့ အဓိပါယ်ကို နားလည်းသလိုလိုနဲ နာလည်ရခက်တယ် ညီမရဲစွမ်းပမားကိုတော့မယုံကြည်နိုင်လောက်အောင်ဘဲ သိလား။
ကျေးဇူးပဲ ညီမ