Friday 21 December 2012

သူငယ်ချင်း ချစ်သူ

ခေါင်းစဉ်ကတော့ ..
သူငယ်ချင်းပေါ့..
ဒါပေမယ့်..
ငါတို့ ချစ်ခြင်းတွေ..
သူငယ်ချင်းထက်ပိုခဲ့ကြမှန်း..
ငါတို့ ချင်းပဲသိကြတယ်...။

ငါ... အထာပိုတယ်လို့ 
နင်..ဆိုလိုချင်တာလား..
တကယ်တော့.. ငါ့မှာ..
အနာသက်သာအောင်..
အထာညက်သယောင်ဆောင်ခဲ့ရတာ..
ထောင်လွှားတယ်လို့ တော့..
နင်မယူဆ ကောင်းပါရဲ့ ..။

ပွင့်လင်းမှုတွေ မျိုသိပ်ရင်းနဲ့ 
မြုံစိစိဖြစ်လာလို့ ..
ဖုံးဖိချင်တဲ့ ချစ်စကားတွေတောင်..
တုံးတိတိထွက်လာတတ်ပြီ..။

နှလုံးသားချင်းနားလည်ပေမယ့်
အနာဂါတ်ကိုလျှောက်လှမ်းဖို့ 
ငါတို့ ခြေလှမ်းတွေ..
ဦးနှောက်အသိက ဟန့် တားခံရတော့..
ငါတို့ ခံစားချက်တွေလဲမဆံ့မပြဲနဲ့ ပေါ့..။

နားလည်ဖို့ အကြိမ်ကြိမ်ကြိုးစားရင်း
နားမလည်ခြင်းတွေက ခဏခဏ
အနိုင်ယူလို့ .. မပြေလည်ခြင်းတွေနဲ့ 
ငါတို့  ယဉ်ပါးလာခဲ့တာ...။

လော့ခ်မချခဲ့ဖူးတဲ့ တံခါးတစ်ချပ်..
နင်အထပ်ထပ်ခေါက်ခဲ့ရင်..
ငါ အဆက်မပြတ် မပိတ်ရက်ဘူးဆိုတာ..
နင် သတိမချပ်မိဘူးလားဟယ်..။

မာန.................
ငါ မကိုးကွယ်ပေမယ့်..
ငါ့တွယ်တာမှုတွေကို..
အကွယ်အကာအဖြစ်တော့..
ရွယ်ကာသုံးဖြစ်မယ်ထင်တယ်...။

7 comments:

Yoemyaykya said...

လော့ခ်ျမချထားတဲ့ တံခါးကို လာခေါက်မယ်။ ဘာသံထွက်မလဲသိချင်လို့။ အားကျလိုက်တာနော်။ ကဗျာတွေရော စာသားတွေရော ထိထိမိမိတွေထွက်တယ်။ နာလိုလာပီနော်။

စံပယ်ချို said...

ကောင်းလိုက်တာချင်းမလေးရေ

မာန
ငါ မကိုးကွယ်ပေမယ့်..
ငါ့တွယ်တာမှုတွေကို..
အကွယ်အကာအဖြစ်တော့..
ရွယ်ကာသုံးဖြစ်မယ်ထင်တယ်

အိပ်မက်ကောင်းကင် said...

အင်း သူများတွေများကဗျာရေးထားတာ တစ်ပုဒ်ပြီးတစ်ပုဒ် မရိုးလှအောင်ကောင်းလှပါလား
သည်ကဗျာလေးလည်း တိုက်ဆိုင်မှုတွေပါနေတော့
ကဗျာလေးကခံစားလို့ကောင်းသား
ပျော်ရွှင်စရာခရစ်မစ်လေးဖြစ်ပါစေနော်
( May God Bless You !)
ခင်တဲ့(အိပ်မက်ကောင်းကင်)

မိုးနတ်ကြယ်စင် said...

နားလည်ဖို့ အကြိမ်ကြိမ်ကြိုးစားရင်း
နားမလည်ခြင်းတွေက ခဏခဏ
အနိုင်ယူလို့ .. မပြေလည်ခြင်းတွေနဲ့ 
ငါတို့  ယဉ်ပါးလာခဲ့တာ...။

လော့ခ်မချခဲ့ဖူးတဲ့ တံခါးတစ်ချပ်..
နင်အထပ်ထပ်ခေါက်ခဲ့ရင်..
ငါ အဆက်မပြတ် မပိတ်ရက်ဘူးဆိုတာ..
နင် သတိမချပ်မိဘူးလားဟယ်..။

မာန.................
ငါ မကိုးကွယ်ပေမယ့်..
ငါ့တွယ်တာမှုတွေကို..
အကွယ်အကာအဖြစ်တော့..
ရွယ်ကာသုံးဖြစ်မယ်ထင်တယ်...။

စကားလုံးတွေကတော့ အလန်းပဲ..မိုက်စ်ပါ..
အရမ်းကြိုက်တယ်မ....:)
မရေ...ညလေးfb အကောင့်အပ်ပေးပါလားနော်
နောက်နေ့ကျရင် စီပုံးမှာ လာပေးထားမယ်..ခုက
စာကြွေးတွေ တသီကြီးလိုက်ဆပ်နေရလို့ fb တောင်
မဖွင့်နိုင်ရှာဘူး..ညလေးမှာလေ..(တနားပါဒယ်နော်)......:)
ချစ်တဲ့...မိုးနတ်

ညီလင်းနိုင် said...

ကဗျာလေးထဲမှာ ကဗျာဆရာမရဲ့ ခံစားချက်တွေ မြင်တွေ့ခဲ့ရတယ် ။

အဟဲ ..... သူငယ်ချင်းချစ်သူအတွက်

ကျွန်တော့် ညီမလေး စိတ်တွေ လှုပ်ရှားနေပြီ ထင်ပါရဲ့ ။

:)

Unknown said...

ကျနော်အရမ်းကြိုတ်လို့ BFမှာတင်ခွင့်ပြုနော်

Unknown said...
This comment has been removed by the author.