Friday 14 December 2012

ကျွန်မရဲ့ အဓိပါယ်ဖွင့်ဆိုချက်များ...

သူငယ်ချင်းဆိုတာ....
အဖြူထည်သက်သက်..
မျှင်မျှင်လေးရှိတဲ့ သံယောဇဉ်..
ဝန်တိုခြင်းကင်း..
ပူလောင်ခြင်းအရှင်းနဲ့ ..
ဖြူစင်ခြင်းအလင်း...။

ခင်မင်မှုဆိုတာ...
စာရွက်ဖြူဖြူလို..
နှလုံးဖြူဖြူနဲ့ ..
မက်မောမှုအလျဉ်းမရှိ..
တပ်မက်မှုရှင်းအတိ...။

သံယောဇဉ်ဆိုတာ....
နွယ်ရှင်တစ်ပင်လို..
တွယ်ရာရစ်လို့ 
ဘယ်ခါမလွတ်တဲ့ ....
ကြိုးလေးတစ်ချောင်းသာ...။

အချစ်ဆိုတာ.....
တပ်မက်မှုလောဘ..
ပိုင်ဆိုင်လိုမှုအတ္တ..
ပေးဆပ်မှုအနဂ္ဂ..
တခါတခါ..
ပျားရည်ဖုံးလွှမ်းထားတဲ့ ဓါးသွားထက်ထက်လို..
ချိုမြိန်မှုနောက်..
နာကျင်မှုရောက်..။

ဘ၀ဆိုတာ....
ရိုလာကိုစတာလို..
နိမ့်လိုက်မြင့်လိုက် 
အကွေ့ အကောက်တွေကြား..
ရင်ဖိုလှိုက်မောရင်း..
ဒီနေ့ ဆိုတာ မရေရာသလို..
မနက်ဖြန်ဟာလဲ မသေမချာ....။

အမုန်းဆိုတာ....
အရှုံးရဲ့ ဂိတ်စ..
အပြုံးရဲ့ ဂိတ်ဆုံး...
ကျရှုံးမှုတွေ အတုံးအရုန်း..
နာကျင်မှုတွေ အထုံးထုံး..
အဆုံးမရှိတော့တဲ့ ..
အရှုံးတွေနဲ့ လမ်းဆုံး.....။

6 comments:

Yoemyaykya said...

အမုန်းဆိုတာ....
အရှုံးရဲ့ ဂိတ်စ..
အပြုံးရဲ့ ဂိတ်ဆုံး...
ကျရှုံးမှုတွေ အတုံးအရုန်း..
နာကျင်မှုတွေ အထုံးထုံး..
အဆုံးမရှိတော့တဲ့ ..
အရှုံးတွေနဲ့ လမ်းဆုံး..
စကားလုံးအားကောင်းတဲ့ကဗျာတွေအရမ်းကြိုက်တယ်။ ကဗျာလဲကောင်းတယ်။ လူလဲလှတယ်။ မုန့်ဝယ်ကျွေးပါ။ဒါပဲနော်။ပြောပီးပီ။ မကျွေးရင် ဖေ့ဘုတ်ကနေအော်မှာ။

စံပယ်ချို said...

အချစ်ဆိုတာ.....
တပ်မက်မှုလောဘ..
ပိုင်ဆိုင်လိုမှုအတ္တ..
ပေးဆပ်မှုအနဂ္ဂ..
တခါတခါ..
ပျားရည်ဖုံးလွှမ်းထားတဲ့ ဓါးသွားထက်ထက်လို..
ချိုမြိန်မှုနောက်..
နာကျင်မှုရောက်---------------တခါတလေကျတော့လဲ ဟုတ်နေပြန်ရောနော်
ချစ်တဲ့ sis jasmine

ညီလင်းနိုင် said...

အမုန်းဆိုတာ....
အရှုံးရဲ့ ဂိတ်စ..
အပြုံးရဲ့ ဂိတ်ဆုံး...
ကျရှုံးမှုတွေ အတုံးအရုန်း..
နာကျင်မှုတွေ အထုံးထုံး..
အဆုံးမရှိတော့တဲ့ ..
အရှုံးတွေနဲ့ လမ်းဆုံး.....။

ထိရှခဲ့ရတဲ့ အတွေးလေးပါ ညီမလေး ။
ကျေးဇူးတင်ပါတယ် ။

အိပ်မက်ကောင်းကင် said...

နူးညံ့ပြီးဆွဲဆောင်မှုအပြည့်ရှိတဲ့ကဗျာလေးတစ်ပုဒ်ပါပဲလား
အခုမှ သူငယ်ချင်း၊ခင်မင်မှု၊သံယောဇဉ်၊အချစ်၊အမုန်း၊ဘဝ
ဆိုတဲ့အဓိပ္ပာယ်တွေကို ကောင်းကောင်းသိရတော့တယ်
ကဗျာလေးကိုကူးသွားမယ်နော်မမချင်းမလေး (ခွင့်ပြုရင်ပေါ့)
သူငယ်ချင်းတွေကိုသွားရှဲမလို့ (FB) မှာလေ
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

မိုးနတ်ကြယ်စင် said...

မမ...ညလေးလဲ fb မှာရှဲပါရစေ..
အရမ်းကြိုက်လို့ပါ...ခွင့်ပြုတယ်မလားဟင်...:)
ပြုပြုမပြုပြု ရှဲမှာပဲ..ဇွတ်...ဟီး.....
ဘယ်လိုမန့်ရမလဲတောင်သိဝူးကွာ....
အရမ်းနှစ်သက်တာထက်ကို ပိုနေတယ်...:P
ချစ်တဲ့....မိုးနတ်

မိုးနတ်ကြယ်စင် said...

စီပုံးမှာ ပြောလို့ရမယ်မှတ်လို့ ၀င်ရေးတာ..ရလဲရ၀ူး..
ဒါကြောင့် ဒီမှာပဲ လာပြောလိုက်ခဲ့တယ်...
မမစာပြန်မယ်ဆိုတာကို ညလေးသတိမထားလိုက်မိတာ
ခွင့်လွှတ်ပါ..မမဆီမှာလာပြောပြိးကတည်းက စလုံးမှာ
ကျောင်းတက်နေတဲ့ အမနဲ့ဆက်သွယ်ပြီး သူ့ကိုလုပ်ခိုင်းလိုက်တာဆိုတော့ အမှန်ပြောရရင် အဲဒါကို
မေ့သွားတယ်အမရေ...အဲဒါကြောင့်ပါ..ဟိုနေ့ကတော့
ညလေးမေးကို ဖွင့်ကြည့်သေးတယ်..မမစာကလိုင်းမကောင်းလို့လားတိဝူး
မရောက်ဖူးလေ...ဘာပဲဖြစ်ဖြစ် ညလေးကို စိတ်ပါလက်ပါနဲ့ အစအဆုံးကူညီပေးပြီး ညလေးနည်းတူ စိတ်မကောင်းဖြစ်ပေးခဲ့တဲ့အမကို ကျေးဇူးအများကြီးတင်ပါတယ်မရေ..သတိရနေပါတယ်နော်...မရဲ့fb အကောင့်လေးပေးပါလားမ..ညလေးအပ်ချင်လို့ပါ
ချစ်တဲ့..မိုးနတ်