Friday 30 November 2012

ကိစ္စမရှိဘူး....

မှိတ်မှိတ်ကြီးပြုံးနေတဲ့ လ၀န်းကြီးရယ်...
ဖိတ်ဖိတ်လေး လင်းနေတဲ့ ကြယ်စင်တန်းရဲ့ အောက်မှာ..
တိတ်တိတ်လေး ငိုနေတဲ့ သူတယောက်ရှိနေမှန်း
ဘယ်သူမှမသိနိုင်ပါဘူး....။

ထားခဲ့ပြီးမှတော့ လှည့်မကြည့်ချင်ပါနဲ့ ...
သွန်ပြီးတဲ့ ရေ ပြန်မရနိုင်သလို
ငါ့ခေါင်းထဲက မောင်းထုတ်ထားတဲ့ မင်းနဲ့ 
ပြန်ပေါင်းထုတ်ဖို့ မှမဖြစ်နိုင်တော့တာ....

မိုးအကုန်ဆောင်းအကူးမှာ
ငါ့ကို ရူးအောင်လုပ်ခဲ့လို့ 
တစ်နှစ်တစ်ခါ ဒီလိုအကူးအပြောင်းကာလတိုင်း
ငါ မူးချင်ခဲ့တယ်...
နင့်လုပ်ရက်တွေ မေ့နိုင်ဖို့ အတွက်ပေါ့...။

တစ်ခန်းရပ်ပြဇာတ်တစ်ပုဒ်..
ထပ်ထပ်ပြီး ငါမရစ်ချင်ပေမယ့်..
ဖြစ်ခဲ့သမျှအကြောင်း...
အကောင်းဆိုတာ မရှိခဲ့လို့ ..
စောင်းငဲ့ ကြည့်မိတိုင်းလဲ..
ခေါင်းခဲမတတ်ပါပဲ...။

မဖိတ်ခေါ်ပဲနင်လာခဲ့သလို...
တိတ်တိတ်လေးထွက်သွားတဲ့ မင်းကြောင့် 
ခဏတာ ငါထိတ်လန့် ခဲ့ဖူးပေမယ့်
ကိစ္စတော့မရှိပါဘူး...
စိတ္တဇညတွေပြီးရင်...
အတိတ်တွေထားခဲ့လို့ 
ပစ္စုပန်ကို အပြုံးတွေနဲ့ အတူ 
ငါလျှောက်လှမ်းနိုင်မှာပါ....။

6 comments:

စံပယ်ချို said...

ဟုတ်တယ် ထားခဲ့ပြီးမှလှည့်မကြည့်ချင်တော့ဘူး

ပစ္စုပန်ကို အပြုံးတွေနဲ့ အတူ
ငါလျှောက်လှမ်းနိုင်ပါစေလို့။

မတွေ့တာနဲနဲကြာနေပြီ အလုပ်တွေများနေလား.....
ဘုရားသခင်ရဲ့ ငြိမ်းချမ်းမှုအပေါင်းထာဝရ ကျရောက်ပါစေလို့

မိုးနတ်ကြယ်စင် said...

မမရေ..ကာရန်ကဗျာလှလှလေး ခံစားသွားတယ်နော်..
ကဗျာလေးက ဖတ်လို့ကောင်းထှာ...
မတွေ့တာလဲ ကြာပြီနော်..အဆင်ပြေတယ်ဟုတ်..
ကျန်းမာပါစေနော်..
ချစ်တဲ့....မိုးနတ်

ညီလင်းနိုင် said...

စိတ္တဇညတွေပြီးရင်...
အတိတ်တွေထားခဲ့လို့ 
ပစ္စုပန်ကို အပြုံးတွေနဲ့ အတူ
ငါလျှောက်လှမ်းနိုင်မှာပါ....။

ထိရှခဲ့ရတဲ့ ကဗျာလေးပါ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ညီမလေး ။

Yoemyaykya said...

အစ်မကဗျာတွေအနော် တော်တော်လေးသဘောကျတယ်။ ဒီတစ်ပုဒ်လဲခိုက်တယ်မမရေ။
လသာတဲ့ညတွေမှာ တိုးတိုးလေးရွတ်ကြည့်ချင်လိုက်တာ။(စိတ်ကူးယဉ်နေတာနော်။)

လွင်ပြင်လှိုင်းငယ် said...

မိုးအကုန်ဆောင်းအကူးမှာ
ငါ့ကို ရူးအောင်လုပ်ခဲ့လို့ 
တစ်နှစ်တစ်ခါ ဒီလိုအကူးအပြောင်းကာလတိုင်း
ငါ မူးချင်ခဲ့တယ်...
နင့်လုပ်ရက်တွေ မေ့နိုင်ဖို့ အတွက်ပေါ့...။

ကဗျာလေးအရမ်းကောင်း
စကားမစပ် ဘယ်ပျောက်နေတာလဲ ကျန်းမာရေးဂရုစိုက်အုံး ။

အိပ်မက်ကောင်းကင် said...

ကဗျာလေးကိုဖတ်လိုက်တာ စစချင်းအပိုဒ်မှာကိုတင် မျှောပါသွားတယ်
ကဗျာလေးက ကာရံလည်းညီ ၊အရေးအသားလည်းကောင်းဆိုတော့ နောက်ဆို ကဗျာကောင်းကောင်းလိုချင်ရင် မမချင်းမလေးကို ဌားရမယ်ထင်တယ် ခိခိ
ကဗျာလေးတွေကို နောက်ထက်သည်ထက်မကထုဆစ်နိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)