Thursday 11 October 2012

သူ.....

သူဆိုတာ....
အကြည့်တစ်ချက် 
ရင်ကိုလှုပ်ခတ်စေတဲ့ 
ညှို့ ချက်ပြင်းပြင်းနဲ့ လူတစ်ယောက်ပေါ့....။

သူဆိုတာ...
ဘ၀ကိုခပ်ခါးခါးလို့ မြင်ရင်း
အသစ်မရှားတဲ့ ဘ၀မှာ
အချစ်တွေအများအပြား
ရှိနေသူ....။

သူဆိုတာ...
တခါတခါ စာနာတတ်သလောက်...
တခါတခါ မညှာတာတတ်သူ....။

သူဆိုတာ....
အဟောင်းကိုပစ်
အကောင်းကိုချစ်သူ...
အတိမ်းအစောင်းရှိလျှင်
အမြဲပုန်းရှောင်သူ....။

သူဆိုတာ....
ချစ်ခဲတယ်..ချစ်မြဲတယ်လို့ 
လူကြားကောင်းအောင်
တကြော်ကြော်အော်ရင်း
စော်တကာနဲ့ ပျော်နေတတ်သူ.....။

သူဆိုတာ....
ရောက်ရာအရပ်မှာ
အထာကျကျနေတတ်ပေမယ့်
မာနကိုတော့ ဘယ်သောခါမှ
ခ၀ါမချချင်သူ....။

သူဆိုတာ.....
အနိုင်ယူခြင်းဘာသာရပ်မှာ
ဂုဏ်ထူးအမြဲထွက်တတ်ပေမယ့်...
အလျှော့ပေးခြင်းဘာသာရပ်မှာတော့..
အမြဲ ဘဲဥ မကွဲခဲ့ဖူးသူ.....။

သူဆိုတာ...
ညှို့ ချက်ပြင်းတဲ့ မြွေဟောက်တစ်ကောင်ပေါ့..
သားကောင်အလာကို
တစိုက်မတ်မတ်စောင့်ကြည့်နေသူ....။

သူဆိုတာ....
မာယာတွေနဲ့ ယဉ်ပါး..
အထာညက်အောင်သင်ထားသူ..
ညာတတ်အောင်လဲသင်ကြားလို့ ..
ပြုစားတတ်တဲ့ အတတ်တွေနဲ့ 
သူတပါးအသက်ကိုလဲသတ်တတ်သေးသူ.....။

7 comments:

မိုးနတ်ကြယ်စင် said...

သူဆိုတာ....
မာယာတွေနဲ့ ယဉ်ပါး..
အထာညက်အောင်သင်ထားသူ..
ညာတတ်အောင်လဲသင်ကြားလို့ ..
ပြုစားတတ်တဲ့ အတတ်တွေနဲ့ 
သူတပါးအသက်ကိုလဲသတ်တတ်သေးသူ.....။

သူ့ရဲ့ဂုဏ်ပုဒ်တွေက များလိုက်တာနော်..
ဒါပေမဲ့ အရမ်းကောင်းတယ်..သိလားမရေ.
ခံစားသွားတယ်နော်.
ခင်မင်နေတဲ့ မိုးနတ်

စံပယ်ချို said...

သူဆိုတာ....
မာယာတွေနဲ့ ယဉ်ပါး..
အထာညက်အောင်သင်ထားသူ..
ညာတတ်အောင်လဲသင်ကြားလို့ ..
ပြုစားတတ်တဲ့ အတတ်တွေနဲ့ 
သူတပါးအသက်ကိုလဲသတ်တတ်သေးသူ----
အသက်ကိုတောင်သတတ်သလားကွယ်
ရေးသားချက်တွေက အရမ်းလန်းနေတယ်နော်
ချစ်တဲ့ sis jasmine

Yoemyaykya said...

သူ ဖတ်မိရင်လန့်နေမှာသိလားအစ်မ ပေါ်လွင်အောင်ရေးတတ်လို့။

ညီလင်းနိုင် said...

ကဗျာလန်းလန်းလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

လွင်ပြင်လှိုင်းငယ် said...

အော်...သူ သူ သူ ကဗျာလေးကောင်းတယ်

မြတ်နိုးသူ said...

ကဗျာလေးကိုဖတ်ရှုခံစားသွားပါတယ်

Yoemyaykya said...

အစ်မပျောက်နေတယ်နော်။ပို့စ်အသစ်တင်ဦးလေ။