Friday 20 July 2012

ဆုတောင်း

အဆုံးသတ်ကိုသိရက်နဲ့ 
အပြုံးမပျက်ပဲ
လျှောက်ခဲ့တဲ့ ငါတို့ ရဲ့ လမ်းမှာ
အရှုံးသက်သက်နဲ့ တော့
မတွေ့ ပါရစေနဲ့ ....။

မတူညီတဲ့ အယူအဆ
ကွဲပြားနေတဲ့ ခံယူချက်တွေက
တံတိုင်းကြီးတစ်ခုပမာ
ကာထားနေမှတော့
ကွာခြားတဲ့ ငါတို့ ဘ၀တွေ
တစ်ကမ္ဘာခြားပြီပေါ့.....။

မှားတော့မှားနေခဲ့တယ်။
တွေ့ ဆုံခြင်းကအမှားတစ်ခုလား..
ချစ်ခဲ့ခြင်းကပဲမှားနေခဲ့တာလား...
မမေ့နိုင်ခြင်းကရော အမှားပဲလား...
နဲနဲလေးတော့လွဲနေခဲ့တာ
အသေအချာပါ.....။

ချစ်ခဲ့ကြတာ...
ပျော်ရွှင်ခဲ့ဖူးကြတာတွေ..
အိပ်မက်တစ်ခုဆို
အဲ့ဒီအိပ်မက်က ငါ..
ဘယ်တော့မှ မနိုးထပါရစေနဲ့ ....။

မပီဝိုးတ၀ါးအနာဂါတ်ကိုရှေးရှု..
အတိတ်ကို ဥပက္ခာပြုလို့ ..
ယခု ပစ္စုပ္ပန်မှာ
ပန်းတိုင်မရှိပေမယ့်
အဆုံးမရှိတဲ့ လမ်းကိုလျှောက်လာခဲ့တာ..
အချစ်ရဲ့ စွမ်းအားကြောင့်လို့ ပြောရင်
ဘယ်သူငြင်းနိုင်မလဲနော်.....။

ရခဲ့ဖူးတဲ့ အကြင်နာတွေ
နွေးထွေးတဲ့ အချစ်တွေ..
နှစ်လိုဖွယ်အပြုံးလေးတွေ..
ရွှန်းရွှန်းစားစားကြည့်တတ်တဲ့ မျက်ဝန်းလှလှလေးတွေ..
နှလုံးသားတစ်ထောင့်တစ်နေရာမှာ
ထာဝရရှင်သန်နေဦးမှာပါ......။

ချစ်တိုင်းလဲမညားတဲ့ လောကမှာ..
ချစ်ခွင့်မရှိတော့တဲ့ တစ်နေ့ ရောက်ရင်
ငါ.. သိပ်ချစ်ခဲ့တဲ့ နင်တယောက်..
ကံကြမ္မာရဲ့ အပြောင်းအလဲတွေကြား
ခံစားမှုတွေ သက်သာနိုင်ပါစေ.....။

3 comments:

စံပယ်ချို said...

အဆုံးသတ်ကိုသိရက်နဲ့ 
အပြုံးမပျက်ပဲ
လျှောက်ခဲ့တဲ့ ငါတို့ ရဲ့ လမ်းမှာ
အရှုံးသက်သက်နဲ့ တော့
မတွေ့ ပါရစေနဲ့ -----------------
စစချင်းဖတ်မိတာနဲ့ပဲကြိုက်သွားတယ်
ဟုတ်တယ် အတော်များများက ကိုဇာတ်ကိုကိုယ်သိနေကြတယ်
ဘယ်လိုဆုံးမလဲဆိုတာလေလွမ်းရမယ်သိရက်နဲ့လဲ
ကဗျာထဲကလိုပေါ့
အပြုံးမပျက်ပဲ လျှောက်နေကြတာလေ

လွင်ပြင်လှိုင်းငယ် said...

ချစ်တိုင်းလဲမညားတဲ့ လောကမှာ..
ချစ်ခွင့်မရှိတော့တဲ့ တစ်နေ့ ရောက်ရင်
ငါ.. သိပ်ချစ်ခဲ့တဲ့ နင်တယောက်..
ကံကြမ္မာရဲ့ အပြောင်းအလဲတွေကြား
ခံစားမှုတွေ သက်သာနိုင်ပါစေ.....။
အိုး....မိုက်ပါ့ စာသားတွေက

အိပ်မက်ကောင်းကင် said...

ကဗျာလေးကအရမ်းကောင်းပါတယ်
ရေးထားတဲ့လူရဲ့ခံစားချက်တွေပျင်းလွန်းလို့လားမသိဘူး ဟဲ
ကဗျာတွေကိုလာအားပေးသွားတယ်နော်