Friday 13 July 2012

အတိတ်ကအလွမ်းများ

လွန်လေပြီးသော
သက္ကရာဇ်တွေ
ငါပြန်စောင်းငဲ့ကြည့်တော့
အလွမ်းတွေက ငါ့ကို
လက်ယက်ခေါ်တယ်....။

ရခဲ့ဖူးတဲ့ အကြင်နာတွေ
ပြောခံရဖူးတဲ့ ချစ်စကားလေးတွေ
နူးညံ့တဲ့ အနမ်းလေးတွေ
ဒိတ် အောက်သွားခဲ့တာ
ငါစိတ် ကောက်လွန်ခဲ့တာကြောင့်လား.....။

ကံကြမ္မာကိုစိန်ခေါ်လို့ 
တိမ်ပေါ်တက်ပြီး ငါတို့ 
ပျော်ခဲ့ကြတဲ့ နေ့ ရက်တွေ
ဟိုးးးအတိတ်မှာကျန်ခဲ့တာကြာလှပေါ့.....။

ကလေးလေးတစ်ယောက်လို
တိုး ဝှေ့ ခဲ့ဖူးတဲ့ မင်းရင်ခွင်
ဟိုးးးး တစ်ကွေ့ မှာကျန်ခဲ့မှန်း
ငါမေ့ လျော့နေခဲ့မိတယ်....။

အတိတ်ဆိုတာအတိတ်ပါပဲ
အတိတ်ဆိုတာ ပလိပ်မဟုတ်လို့ 
ဂိတ်မှာထားလို့ မရပေမယ့်
တစ်ခါတစ်ခါ
အတိတ်တွေက ပစ္စုပ္ပန် ကို
လာလာနှောင့်ယှက်နေတတ်တယ်....။

ယှဉ်ပြိုင်တာကိုရင်ဆိုင်နိုင်ပေမယ့်
ဆုံးဖြတ်ချက်ကို
မသုံးသပ်ရဲခဲ့တာတော့
ငါ့ရဲ့ အားနည်းချက်ပဲထားလိုက်ပါတော့....။

ချစ်သူ ဆိုတဲ့ ခေါင်းစဉ်နဲ့ 
အပြတ်အသတ်သာနေတဲ့ပွဲမှာ
အတုံးအရုန်းနဲ့ လဲကျသွားခဲ့တာ
မင်းရဲ့ ရွေးချယ်မှုမို့ 
ကျေကျေနပ်နပ်ကြီး
တပ်ဆုတ်လိုက်မှာပါ......။

4 comments:

စံပယ်ချို said...

အတိတ်တွေက ပစ္စုပ္ပန် ကို
လာလာနှောင့်ယှက်နေတတ်တယ်.----
ဟုတ်တယ်းးးးချင်းမလေးရေ
အတိတ်တွေက ရာနှုန်းပြည့် လက်ရှိအနေအထားကိုနှောက်ယှက်နိုင်တယ်

လွင်ပြင်လှိုင်းငယ် said...

ချစ်သူ ဆိုတဲ့ ခေါင်းစဉ်နဲ့ 
အပြတ်အသတ်သာနေတဲ့ပွဲမှာ
အတုံးအရုန်းနဲ့ လဲကျသွားခဲ့တာ
မင်းရဲ့ ရွေးချယ်မှုမို့ 
ကျေကျေနပ်နပ်ကြီး
တပ်ဆုတ်လိုက်မှာပါ......။

ကဗျာလေးကောင်းမှကောင်း

အွန်လိုင်းကျေးရွာ said...

ကဗျာလေးမိုက်တယ်

ရွှေပြည်သူ (ShwePyiThu) said...

သုံးသွားတဲ့ စကားလုံးလေးတွေက လတ်ဆတ်တယ်...း) တခါတခါ တပ်ဆုတ်လိုက်တဲ့သူက သတ္တိတွေ ခံနိုင်ရည်တွေ ပိုပြီး သုံးရတာပါ ညီမလေးရေ...