အသဲကွဲတယ်လို့ တော့
ငါခေါင်းစဉ်မတပ်ချင်ဘူး....
ငါ့ရင်တွေနဲနဲဆွေးပူတာတော့အမှန်ပဲ
ငါလွမ်းနေတယ်လို့ လဲ
သူကြားအောင်မကြေညာချင်ဘူး..
တကိုယ်ရေညတွေမှာ
နဲနဲတော့ အထီးကျန်ဆန်နေမိတာတော့အမှန်ပဲ
ငါအရမ်းချစ်ခဲ့မိတယ်လို့ လဲ
မ၀န်ခံချင်တော့ဘူး.....
ဘယ်သူ့ အပေါ်မှမထားဖုးတဲ့အချစ်နဲ့ 
တော့ချစ်ခဲ့မိတာအမှန်ပဲ
ငါနာကြည်းသွားတယ်လို့ လဲ
မပြောချင်ဘူး..
ငါရင်းခဲ့သမျှ အမြတ်မရှိ
အရင်းတောင်ပြုတ်ခဲ့လို့ 
နဲနဲလေးတော့ခံပြင်းတာအမှန်ပဲ
အရင်ကအတူသောက်ခဲ့တဲ့
ကော်ဖီအေးအေးတစ်ခွက်
အခုချိန်မှာပြန်သောက်ရင်တောင်
ငါ့ရင်အေးမြနိုင်မှာမဟုတ်မှန်းသိနေလို့ 
ကော်ဖီတောင် မသောက်တာကြာနေခဲ့ပီပဲ....
နှစ်ယောက်အတူထိုင်နေကျ
ကန်ဘောင်ကခုံတန်းလျားလေးကလဲ
ငါ့ကိုလှောင်ပြောင်နေသလိုပါပဲလား...
နောင်တဆိုတဲ့စကားလေးနှစ်ခွန်း
မရမိအောင်ငါ အကြိမ်ကြိမ်ကြိုးစားခဲ့သမျှ
ငါအတုံးအရုန်းနဲ့ လဲကျသွားတဲ့အချိန်
နင့်ကြောင့် နောင်တအကြီးအကျယ်ရခဲ့တယ်...
အနမ်းတံတားလို့ နင်အမည်တပ်ခဲ့တဲ့ 
တံတားလေးတစ်ခုပေါ်မှာ
ငါ့ဆီကရိုးသားမှုတွေ နင်အရောင်ဆိုးခဲ့တယ်..
အလိမ်အညာတွေနဲ့ ငါ့ကိုလှည့်စားတယ်
အရှုံးလို့ တော့ငါမဆိုချင်တဲ့
ငါ့ကျရှုံးခန်းလေး နင်စိမ်ပြေနပြေထိုင်ကြည့်နေခိုက်
ငါရင်နာနာနဲ့ စိတ်ပိုင်းဖြတ်ခဲ့တယ်
ငါဘယ်တော့မှနင့်အတွက်နဲ့ မျက်ရည်မကျတော့ဘူး...
အမှားပြင်ဆင်ခွင့်သာရှိခဲ့ရင်
ငါ့ဘ၀စာမျက်နှာထဲက
နင်နဲ့ ချစ်ခဲ့ကြတဲ့ အချိန်တွေကို
ဒိုင်ယာရီစာမျက်နှာပေါင်းများစွာလို
ငါလုံးခြေလို့ အမှိုက်ပုံးထဲ
လွှင့်ပစ်ချင်မိတယ်...
နင်ကြားအောင်တော့ငါပြောချင်သေးတယ်
ဝဋ်ဆိုတာလည်တတ်သတဲ့...
သတိကြီးကြီးနဲ့ တော့ နင့်ခရီးကိုဆက်လို့ 
နောက်ဆုံးအနေနဲ့ ပြောခဲ့လိုက်မယ်....။
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
4 months ago
6 comments:
ချင်းမလေးရဲ့ ဖွင့်ဟ၀န်ခံချက်ကို
ချစ်စရာ ချင်းမလေးကပဲ ပထမဆုံးလာဖတ်ပါတယ်။ အဟဲ
စာသားလေးတွေ တစ်လုံးချင်းဆီ ခံစားကြည့်ရင် ရင်ထဲက ဖွင့်အံမှန်းမြင်ရတယ်။ သူငယ်ချင်းရေ....
ကဗျာလေးက အရမ်းကောင်းတယ်။
အေးစက်သွားတဲ့အချစ်တွေအတွက် တစ်ချိန်ချိန် ကုစားပေးမဲ့သူ ရောက်လာမှာပါဟ။
အဆင်ပြေပျော်ရွှင်ပါစေနော်။
ဒေါသသံ သောသော
ခံစားချက် ရှရှ
စာသားမြင့်မြင့် နဲ့မို့
လိုက်လို့မမှီတာ အမှန်ပါ။
ဒါပေမယ့် ချင်းမလေး လက်ရာဆို မှန်ပြီးသားပါ ..
ဖွင့်ဟ၀န်ခံချက် . . . . စကားလေးတွေ အံကျလာပုံက ကောင်းလွန်းတယ်
ဝဋ်ဆိုတာ တကယ်ကို လည်တတ်ပါတယ် ညီမလေးရေ...။ အကြင်နာထက် နာကျင်မှုကဲတဲ့ အချစ်တစ်ခုဟာ အချစ်လို့တောင် မမည်တာကြောင့် ကြာရှည်ထွေးပိုက်ထားဖို့ မသင့်ပါဘူး။ ဖွင့်ဟဝန်ခံအပြီးမှာ ဘဝခရီးကို ပျော်ပျော်ကြီး ဆက်လျှောက်လှမ်းနိုင်ပါစေ...း)
အဆင်ပြေပါစေ ချင်းမလေးရေ......
Post a Comment