"မေ.. ကိုယ်တို့ ဒီလိုဆက်နေလို့ ကောင်းပါ့မလားလို့ ကိုယ်စဉ်းစားနေတာ....
"မေ ကိုယ့်အပေါ်ကောင်းခဲ့တယ်..ကိုယ့်အပေါ်မေကောင်းခဲ့သလောက်ကိုယ်မေ့အပေါ်ပြန်မကောင်းခဲ့နိုင်ဘူး..."
"ကိုယ့်ဘ၀အခြေအနေနဲ့ အခုချိန်မှာမေ့ကို ကိုယ်လက်ထပ်ဖို့ အင်အားမရှိဘူး..
အလုပ်လဲအဆင်မပြေဘူး.. ကိုယ်အရမ်းစိတ်ရှုပ်နေတယ်...ကိုယ်အလုပ်ကိုပုံမှန်ပြန်ဖြစ်အောင်မနဲပြန်လုပ်ရမှာ..ဒီတော့ ကိုယ်တို့ နှစ်လ
လောက်မတွေ့ ပဲနေကြရအောင်...."
"ဒီလိုနေရင်းနဲ့ မေ ကိုယ့်ကိုအရမ်းတွေ့ ချင်လာခဲ့ရင် ကိုယ့်ကိုဖုန်းဆက်လိုက်..
ကိုယ်အရောက်လာခဲ့ပေးမယ်.. ကိုယ်လဲမေ့ကိုအရမ်းတွေ့ ချင်လာတဲ့ တစ်နေ
့လာတွေ့ မယ်လေ..''
သူမခပ်ထေ့ထေ့လေးပြုံးလိုက်မိသည်။ဒီလောက်ဆိုသူဘာပြောချင်လဲဆိုတာသူ့ အကြောင်းကောင်းကောင်းနားလည်တဲ့ သူမ သိနေခဲ့ပြီလေ...။
" မေ .. ကိုယ့်ကိုပြောစရာစကားမရှိတော့ဘူးလား.. တစ်ခုခုတော့ပြောပါဦး..မေ့ဆီကတစ်ခုခုတော့ကြားချင်တယ်.."
တချိန်လုံးတိတ်တိတ်ဆိတ်ဆိတ်နဲ့ သူပြောတာပဲနားထောင်နေခဲ့တဲ
့သူမကိုသူပြောလိုက်ခြင်းပါ...။
"အခုလို မေ့အလုပ်ထိတကူးတကလာပြီးပြောနေတဲ့ စကားတွေရဲ့ နိဂုံချုပ်ကဘာလဲ..
ဘာဖြစ်ချင်တာလဲ.. ပွင့်ပွင့်လင်းလင်းပြောပါ... "
သူ့ မေးခွန်းကိုမဖြေပဲ သူမကပဲထပ်ဆင့်မေးလိုက်သည်။
သူသက်ပြင်းရှည်ကြီးချပြီးစကားကိုဆက်မလိုနဲ့ ငြိမ်နေသည်...။
တိတ်ဆိတ်ခြင်းကသူမတို့ နှစ်ယောက်ကြားမှာအချိန်အခိုက်အတန့် တစ်ခုအထိစိုးမိုးနေခဲ့သည်။
ခဏကြာတော့သူကပဲတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်နိုင်ခဲ့သည်။
"ကိုယ် တို့  လမ်း ခွဲ ကြ ရ အောင်"
တစ်လုံးချင်းစီပြောထွက်လာတဲ့ သူ့ စကားသံတိုးတိုးလေးပေမယ့်သူမနားထဲမှာတော့မိုင်းဗုံးတစ်ခုပေါက်ကွဲသွားသလို
ဟိန်းခနဲမြည်သွားသည်။
" ဒါပဲလား.". ဆိုတဲ့ အကြည့်မျိုးနဲ့ သူမ သူ့ ကိုတစ်ချက်ကြည့်လိုက်ပြီး
ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
ကောင်းပြီလေ."... ပြောပြီးချက်ချင်း သူမမျက်နှာကိုလှည့်ပစ်လိုက်သည်။
ဝေ့တက်လာတဲ့ မျက်ရည်တွေကိုသူမမြင်စေရဘူး... မျက်ရည်တွေသူမမြင်ခဲ့ပေမယ့်
အဖျားခပ်သွားတဲ့ သူမရဲ့ အသံကိုတော့ သူသတိပြုမိကောင်းပြုမိပါလိမ့်မည်။သူမရှေ့ ကို လက်ဆောင်ထုပ်တစ်ခုထုတ်ပေးရင်း
" ဒါမေ့အတွက် ..... ကိုယ်ဘာဝယ်ရမှန်းမသိလို့ .. ဒါပဲဝယ်လာခဲ့တယ်.."
Revlon ကအသစ်ထုတ်တဲ့ ဆံပင်အရောင်တင်တဲ့ဆေးလေးတစ်ခုပါ..
အလှအပကိုသိပ်ဦးစားမပေးတဲ့ သူမကို အလှကုန်ပစည်းလေးပေးခဲ့တဲ့ သူ့ ကိုကြည့်ပြီး
ဒါလျော်ကြေးလား... မေးပြီးသူမတစ်ချက်ပြုံးလိုက်သည်။ခနဲ့ ပြုံးလေးတစ်ခုပါ....။
"အရာရာအတွက်ကိုယ်စိတ်မကောင်းပါဘူး.. ကိုယ်တောင်းပန်ပါတယ်..မေ.."
"တောင်းပန်ဖို့ မလိုပါဘူး.. "
"မေလဲအချိန်ခဏလေးအတွင်းမှာဒဏ်ရာတွေသက်သာသွားမှာပါ..."
"အဟား..သိပ်သေချာတာပေါ့.. အရင်ကလဲဒီလိုအဖြစ်မျိုးကြုံခဲ့ဖူးတယ်..
ဒါပေမယ့်တစ်ရက်ထဲပဲခံစားလိုက်ရတယ်.."
သူမခပ်ဟဟလေးပြုံးပြီးပြန်ပြောလိုက်သည်။
"မေ.. ကိုယ်နောက်ဆုံးအနေနဲ့ မေ့လက်လေးကိုကိုင်ချင်တယ်..ခွင့်ပြုမလားဟင်.."
ဒါကတော့သိပ်ကိုတရားလွန်တဲ့ တောင်းဆိုမှုတစ်ခုပါ.. နောက်ဆုံးအချိန်မှာတောင်
အတ္တဆန်ဆန်စကားဆိုလာတဲ့ သူ့ ကိုသူမ ဘာစကားမှမတုံ့ ပြန်ခဲ့ဘူး...။သူမခေါင်းကို
ငုံ့ ထားလိုက်တယ်.. "ရှင်မလိုချင်တော့လို့ စွန့် ပစ်မယ့်ပန်းတစ်ပွင့်ကို နှမြောသလိုနဲ့ 
နမ်းရှုတ်ဖို့ မလိုပါဘူး.".. လို့ လဲစိတ်ထဲကပြောနေမိတယ်...။
သူမ မဖိတ်ခေါ်ပဲ.. သူမဘ၀ထဲကိုသူ့ သဘောနဲ့ သူဝင်လာခဲ့ပြီး.. အခုတော့သူမ
မနှင်ပဲသူ ထွက်သွားခဲ့ပါပြီ...။
သူမသိပ်မြတ်နိုးတဲ့ ရင်ခွင်တစ်ခုဒီနေ့ ကစပြီးသူမနဲ့ မသက်ဆိုင်တော့ဘူး....ဆိုတဲ့ 
အသိ.. အဲ့ဒီအသိတွေကနှိပ်စက်နေခဲ့တာ... အရင်းအနှီးကများနေခဲ့လို့ ဆုံးရှုံးမှုများ
တဲ့ ဒဏ်ကိုသူမ မခံနိုင်တာ ဆန်းတော့မဆန်းပါဘူး..
ထားလိုက်ပါလေ.. ပြီးခဲ့ပါပြီ.. အားလုံးပြီးဆုံးသွားပြီ..အိပ်မက်တစ်ခုဟာအိပ်မက်
တစ်ခုပါပဲလား... အစတည်းကအလွဲတွေနဲ့ ရှေ့ ဆက်ဖို့ မသင့်တော့လို့ အားလုံးအတွက်
အကောင်းဆုံးဖြစ်အောင်တို့ နှစ်ယောက်စောစောစီးစီးလမ်းခွဲတာပဲကောင်းပါတယ်လေ..
နာနာကျင်ကျင်အတွေးတစ်ခုနဲ့ သူမခပ်ထေ့ထေ့လေးပြုံးလိုက်ပြီး.. စိတ်ထဲကလဲ
"ထွက်သွားပြီးပြီဆိုမှတော့ ပြန်မလာချင်ပါနဲ့ တော့..". လို လဲသူ့ ကိုသတိပေးစကား
ဆန်ဆန်ပြောနေမိတယ်....။
ရှင်သိထားဖို့ က.. ယောက်ျားတယောက်လမ်းခွဲစကားအပြောခံရလို့ ကျရှုံးသွား
မယ့်မိန်းမထဲမှာ မေဆိုတဲ့ ကျွန်မ မပါဘူး.. အလေးအနက်မရှိခဲ့လို့ တော့မဟုတ်ဘူး..
အားလုံးထက်ပိုပြီးလေးနက်ခဲ့တယ်.. ဒါပေမယ့် ပေးလိုက်ရတာနဲ့ ပြန်ရတာနဲ့ မညီမျှတဲ့ 
အခါ.. ကျွန်မနှလုံးသားလေးမာကျောသွားခဲ့တာ မဆန်းပါဘူး..
ပြောပြီးတဲ့ စကားကိုလဲ ပြန်မရုတ်သိမ်းချင်နဲ့ တော့.. ကျောခိုင်းပြီးပြီဆိုမှတော့လှည့်
မကြည့်ချင်ပါနဲ့ တော့.. ထွက်သွားပြီဆိုမှတော့ပြန်မလာချင်ပါနဲ့ တော့.... ကိုယ့်သဘောနဲ့ 
ကိုယ်လက်လွှတ်လိုက်တဲ့ အရာတစ်ခုကို နှမြောသလိုနဲ့ မကြည့်ချင်ပါနဲ့ တော့...
တချို့ တချို့ လူတွေလိုပြောတဲ့ စကားနဲ့ အလုပ်နဲ့ မကိုက်တဲ့ မိန်းမတယောက်တော့
မဟုတ်ဘူး.. ပြောရင်ပြောသလိုလုပ်တယ်ဆိုတာ ၆လကျော်ကျော်လောက်တွဲခဲ့တဲ့ ရှင်ပို
သိမှာပါ..စောင့်နေမှာမဟုတ်ဘူးလို့ ပြောပြီး ပြန်လာနိုးနိုးစောင့်နေတဲ့မိန်းမထဲမှာ ကျွန်မ
မပါဘူး.. မတောင့်တတော့ဘူးလို့ ပြောပြီး တောင့်တနေတတ်တဲ့ လူတွေထဲမှာလဲ ကျွန်မ
မပါဘူး.. စွန့် လွှတ်ပြီးမှ နှမြောသလိုစကားဆိုတတ်တဲ့ လူတွေထဲမှာလဲကျွန်မ မပါဘူး...
သနားအောင်မျက်ရည်ခံထိုးတတ်တဲ့ လူတွေထဲမှာလဲ ကျွန်မ မပါဘူး...
မာနကိုကိုးကွယ်တဲ့ မိန်းမတယောက်မဟုတ်ခဲ့ဘူး.. နေရာတိုင်းမှာ မာနမထားတတ်ပေမယ့်
လိုအပ်တဲ့ အချိန်မှာ ကျွန်မကိုယိုင်နဲ့ မသွားအောင်.. လဲကျမသွားအောင်ကယ်တင်ခဲ့တဲ့
ကျွန်မရဲ့ မာနလေးကို အခုချိန်မှာတော့ကျေးဇူးတင်လို့ မဆုံးတာအမှန်ပဲ..
လွမ်းစရာတွေများခဲ့သလို နာစရာတွေလဲ ရှိနေခဲ့လို့ ..ကျွန်မရဲ့ လွမ်းစရာတွေကိုနာစရာနဲ့ 
ဖြေသိမ့်ရင်း.. မကြာတော့တဲ့ နေ့ ရက်လေးတွေမှာ ရှင့်ကိုမေ့သွားနိုင်မှာပါ...။
သနားတဲ့ အကြည့်တွေနဲ့ မကြည့်စမ်းပါနဲ့ .. ရှင်ပတ်သတ်ခဲ့ဖူးတဲ့ ..ရှင်လမ်းခွဲစကားပြောတိုင်း
လဲကျသွားတဲ့ မိန်းမတွေလိုခပ်ညံ့ညံ့မိန်းမတယောက်တော့ မဟုတ်ခဲ့ဘူး...။
ကျွန်မအတွက် နှုတ်ခမ်းဖျားလေးနဲ့ ချစ်တတ်တဲ့ ယောက်ျားတယောက်မလိုဘူး..
နှလုံးသားအစစ်နဲ့ မြတ်မြတ်နိုးနိုးချစ်မယ့်လူတယောက်ပဲလိုတယ်...။
သူနဲ့ ပတ်သတ်ခဲ့တဲ့ အတိတ်ကအကြောင်းတွေကို ဒိုင်ယာရီထဲကစာမျက်နှာပေါင်းများစွာလို
စုတ်ဖြဲပစ်လိုက်ပြီ...။
အရာရာမှာအနိုင်မယူခဲ့သလို အရှုံးလဲ မပေးနိုင်တာ အမှန်ပဲ..
်လမ်းခွဲပြီးထွက်သွားပေမယ့် အရှုံးတွေတပွေ့ တပိုက်နဲ့ တော့ကျွန်မ ကျန်ခဲ့မှာမဟုတ်ဘူး..
ဘယ်အချိန်ပြန်လာမလဲလို့ လဲ မျှော်တလင့်လင့်နဲ့ စောင့်နေမှာလဲမဟုတ်ဘူး..
ပြန်လာအောင်စကားလှလှလေးတွေဆင်ပြီးကဗျာလေးတွေလဲရေးနေမှာမဟုတ်ဘူး...
သူများအစားအစာကိုလဲသားရေကျနေမှာမဟုတ်ဘူး...
သွားစမ်းပါ.. ကျွန်မရဲ့ ကမ္ဘာမှာ သူရှိနေဖို့ လဲမလိုတော့ပါဘူး..
နောင်တစ်ချိန်မှာအလှည့်စားခံရဦးမယ့်သူ့မိန်းကလေးတွေနဲ့ သူ့ အတွက်တွေးပြီး
လေပူတစ်ချက်တော့မှုတ်ထုတ်မိလိုက်တယ်...။
ထားလိုက်ပါလေ.. ကိုယ့်လမ်းကိုယ်ဖေါက်.. ကိုယ့်လမ်းကိုယ်လျှောက်ကြတာအကောင်း
ဆုံးပါ..။
လသာသာညတစ်ညမှာ ဂစ်တာတစ်လက်ရယ်.. သီချင်းတစ်ပုဒ်ရယ်..
ကော်ဖီတစ်ခွက်ရယ်.. ကဗျာတစ်ပုဒ်ရယ်.. ရှိနေရင် ကျန်တာဘာဆိုဘာမှမလိုအပ်တော့ဘူး..
သ်ူဆိုတာလဲကျွန်မအတွက်မလိုအပ်တော့ဘူး...ထွက်သွားလိုက်ပါ...
ဆုတောင်းတိုင်းသာပြည့်ခဲ့မယ်ဆိုရင် နောက်နောင်ဘယ်တော့မှသူ့ လိုအလေးအနက်
မရှိတဲ့ သူနဲ့ မတွေ့ ပါရစေနဲ့ တော့လို့ ကျွန်မရင်ထဲကကျိတ်ပြီးဆုတောင်းလိုက်မိပါတော့တယ်....။
Sunday, 4 October 2009
Subscribe to:
Post Comments (Atom)
6 comments:
တစ်နေရာ မှာဇာတ်သိမ်းခန်း ဖြစ်သွားပေမယ့်....
နောက်နေရာ တစ်ခုအတွက်တော့...
ရောင်နီ စပျိုးတာပါ......
ဇာတ်ဝင်ခန်းကိုဖတ်ဖို့စောင့်နေမယ်.....
လမ်းခွဲဖို့ တာဆူနေတဲ့သူကို လာပါ ဒီလမ်းကိုပဲ လျှောက်ပါလို့ သွားပြောလဲ ရှေ့ ဆက် အကျိုးထူးမလာနိုင်တော့တဲ့ အတွက် လမ်းကိုခွဲပစ်လိုက်
ဖတ်လို့ ကောင်းတယ်ဗျာ
IF YOU LOSE LOVE, IT DOESNT MEAN THAT YOU HAVE FAILED IN LOVE. CRY IF YOU HAVE TO, BUT MAKE SURE THAT TEARS WASH AWAY THE HURT AND THE BITTERNESS THAT THE PAST LEFT YOU WITH. Let go of yesterday and love will find its way back to you. And when it does, pray that it maybe the love that will stay and last a lifetime.
ညီမလေးချင်း ..
ဆုံးရှုံးတာဟာ အောင်မြင်မှုရဲ့ အစလို့ သိရပါတယ်. .
ဒါပေမယ့်
ခဏခဏ ရှုံးနိမ့်သူအတွက်
ကောက်ရိုးမျှင်လေးလည်းပဲ သူ့အတွက်အင်အား ဖြစ်စေ ပါတယ်။ ဒါကိုပဲ ကျေနပ်မနေစေချင်ပါဘူး ..
အရှုံးတွေ အဆုံးသတ်လို့
အောင်မြင်မှုတွေ မနှေးရောက်နိုင်စေဖို့
ဆုမွန်ကောင်း တောင်းပေးလိုက်တယ်နော် ..
အမှန်ပဲ အရှုံးတွေ ဇာတ်သိမ်းစေချင်ပါတယ် ..
ပျော်ရွှင်ပါစေ
ခံစားချက်တွေက တိုက်ဆိုင်နေသလိုဘဲ.. အရေးအသားကောင်းတယ်နော်.. အားပေးပါတယ်..
ခံစားချက်တွေကနေ ပြောင်မြောက်တဲ့ ၀တ္ထု ကောင်းတွေ ထွက်လာနိုင်ပါစေလို့
ခင်တဲ့
ချော
အားပေးတယ်.အ၇မ်းကောင်းတယ်..လမ်းခွဲတာအကောင်းဆုံးပဲ။
Post a Comment