Friday 14 August 2009

အချစ်နောက်ကွယ်...


သိပ်ချစ်လွန်းလို့ 

အရာရာမှာသူ့ အလိုလိုက်

သူ့ အကြိုက်ဆောင်ခဲ့တာတွေဟာ

နောက်ဆုံးတော့အပေါစားအချစ်ဖြစ်ခဲ့ရတယ်

အချစ်ဆိုတဲ့သီအိုရီကြီး

သူနဲ့ ကျမအကြားပြောင်းပြန်လည်ခဲ့ရတယ်.

သူစိတ်ကောက်တိုင်းပြန်ချော့ခဲ့ရတဲ့ ကျွန်မ

သူငြိုငြင်မှာကြောက်နေရတဲ့ကျွန်မ

သူထားခဲ့တိုင်းနေခဲ့ရတဲ့ကျွန်မ

ချစ်သူ...

သိပ်ချစ်လို့ သာအနွံတာခံတာ

ကျွန်မအချစ်ကပေါ့ပျက်ပျက်တော့မဟုတ်ခဲ့ဘူးနော်.

အရာရာမှာအတိုင်းအတာနဲ့ .

သူ့ ဘောင်ကျော်ရင်ပြောင်းပြန်မှ

အတည့်ကိုပြောင်းသွားတတ်တာမို့ ..

ချစ်တတ်လွန်းတဲ့ ကျွန်မ

ရက်စက်တတ်တာကိုတော့

မေ့မထားနဲ့ ပေါ့ချစ်သူရာ......။

5 comments:

Angel Shaper said...

Lawm Damdam maw?
Mang cih tak mang,
nang bel ki broken heart sak se se maw....
hehe.......

Angel Shaper said...

ကဲ အသဲကွဲနေသော ချင်းမလေးရဲ့ကဗျာလေးကို ချစ်စရာကောင်းတဲ့ ချင်းမလေးတစ်ယောက် လာခံစားပါတယ်လို့  ဟိဟိ
ပျော်ရွှင်ပါစေကွာ။

ရွှေပြည်သူ (ShwePyiThu) said...

အနွံတာခံနေတဲ့ကြားက သိပ်စိတ်ညစ်အောင်လုပ်တဲ့ ချစ်သူကို ကြာလာတော့ နာကျည်းလာမိတာဟာ ကောင်မလေးအတွက်တော့ လွတ်မြောက်ခြင်းပါပဲ။

အစစ အဆင်ပြေပျော်ရွှင်ပါစေ ညီမငယ်လေး...

နွေဆူးလင်္ကာ said...

ခေါင်းစဉ်ကို ရာဇသံလို့ပေးလိုက်ပါလား ဟီးဟီး။

Anonymous said...

ယောကျာင်္းကြီးတန်မဲ့ စိတ်ကေက်တတ်တဲ့လူ ဒီတခါပဲ တွေ့ဖူးသေးတယ်။ ညီးမို့အေ... ချစ်စရာရှားလို့....။ ဟိ