Sunday, 13 September 2009

ဆုံနိုင်ခွင့်

~~~ဘယ်အချိန်ထိကိုယ့်အတွက်ရှိနေမလဲ ~~~မင်းစကားများအထပ်ထပ်ကြားမိဆဲ~~~
ကြယ်စင်ကြွေချိန်မှာတိုင်တည်ပြီးချစ်ခဲ့လဲ ~~~ ပေါင်းစပ်မယ့်အချစ်တို့ နှစ်ယောက်ဆီမှာ~~~

လေထဲမှာလွင့်ပျံလာတဲ့သီချင်းသံနှင့်အတူကျွန်မခေါင်းထဲမှာစဉ်းစားစရာလေးတွေရှိလာခဲ့ပြန်တယ်လေ...
သူနှင့်ကျွန်မကြားမှာအချစ်ဆိုတဲ့အရာတစ်ခုတည်းပဲရှိတယ်...သူ့ အသိုင်းအ၀ိုင်း..ကျွန်မအသိုင်းအ၀ိုင်း
ဘယ်လိုမှပေါင်းစပ်ဖို့ မလွယ်ကူမှန်းသိရက်နဲ့ ကျွန်မသူ့ ကိုချစ်ခဲ့မိတယ်...။
အချစ်ဆိုတဲ့အရာတစ်ခုတည်းနဲ့ ပဲဘ၀တစ်ခုတည်ဆောက်လို့ ရပါ့မလား..
ကျွန်မကကောဘယ်အချိန်ထိများသူ့ နှလုံးသားကိုလွှမ်းမိုးထားနိုင်မလဲ..
အရာရာမှာဆန့် ကျင်ဘက်ဖြစ်နေတဲ့ကျွန်မတို့ နှစ်ယောက်..အချစ်တွေကကော
ဘယ်အချိန်ထိများခိုင်ခံ့နိုင်မှာလဲ...
တွဲလက်တွေမဖြုတ်တမ်းဘ၀ခရီးကိုတလှမ်းချင်းအတူလှမ်းနိုင်ပါ့မလား...
မတူညီတဲ့ဘာသာစကားနဲ့ မတူညီတဲ့ယုံကြည်မှု၊အဲ့လိုမတူညီမှုတွေကြားမှာ
ဘယ်လောက်ကြာကြာများတင်းခံထားနိုင်ကြမှာလဲ...
အဲ့ဒီအရာတွေကိုတွေးမိတိုင်းသူ့ ကိုဆုပ်ကိုင်ထားတဲ့ကျွန်မရဲ့ လက်တွေလျော့ရဲလာခဲ့တယ်..
ကျွန်မရဲ့ အပြုံးတွေမပီပြင်ချင်တော့ဘူး...။
နှလုံးသားလေးကတဆစ်ဆစ်နဲ့ နာကျင်လာခဲ့တယ်...
ယောက်ျားတယောက်ကြောင့်မျက်ရည်ဘယ်တော့မှမကျစေရဘူးလို့ ဟစ်ကြွေးခဲ့တဲ့
ကျွန်မ... မျက်ရည်တွေရေစီးကမ်းပြိုခဲ့ရတယ်...။
သူ့ ဆီတစ်လှမ်းချင်းလှမ်းနေတဲ့ကျွန်မရဲ့ ခြေလှမ်းတွေတုံ့ နှေးလာခဲ့တယ်..။
တစ်နေ့ သူနဲ့ လက်ထပ်ပြီးဘ၀တစ်ခုတည်ဆောက်မယ်လို့ မျှော်လင့်ခဲ့သမျှတွေ
တဖြေးဖြေးနဲ့ အရောင်မှိန်ချင်လာခဲ့တယ်...။
အဲ့ဒီစိတ်နဲ့ ပဲအိပ်ပျက်၊စားပျက်ခဲ့ရပေါင်းမနဲတော့ပြီ..။
၆လတာဆိုတဲ့ကာလတစ်ခုမှာကျွန်မဘယ်နှစ်ကြိမ်လောက်သူ့ ကြောင့်ငိုကြွေးခဲ့ရလဲဆိုတာ
ရေတွက်လို့ တောင်မရနိုင်အောင်ပါပဲ...။
အရာရာကိုလေးလေးနက်နက်တွေးတတ်ခဲ့တဲ့ကျွန်မရင်ဘတ်တစ်ခုမှာဒဏ်ရာတွေဗရပွနဲ့ 
ရှင်သန်မှုတွေဟာလဲအဓိပါယ်မဲ့ချင်သလိုလိုဖြစ်လာခဲ့တယ်..။
ဒီနေ့ မှာမသေချာမှုတွေနဲ့ ကျွန်မရဲ့ မနက်ဖြန်တွေဟာလဲေ၀၀ါးလာခဲ့တယ်လေ...
ဒီလိုနဲ့ ကျွန်မရဲ့ ကမ္ဘာအကြိမ်ကြိမ်ပြိုလဲခဲ့ရတယ်...ကျွန်မရဲ့ စိတ်တွေယိုင်နဲ့ လာခဲ့ရတယ်..။
မွန်းကျပ်တဲ့အတွေးတွေကြားမှာကျွန်မရဲ့ အသက်ရှူသံတွေဟန်ချက်မညီချင်တော့ဘူး...။
ဘာကြောင့်လဲ... ဘာအတွက်လဲ...
ကံကြမ္မာကိုပဲအပြစ်တင်ရတော့မှာလား..ဒါမှမဟုတ်ချစ်တတ်တဲ့နှလုံးသားလေးကိုပဲ
အပြစ်ပုံချလိုက်ရတော့မလား...ဘာကြောင့်များသူနဲ့ ကျွန်မကြားမှာဘာသာတရားနှင့်လူမျိုးဆိုတဲ့
အရာနှစ်ခုကတံတိုင်းကြီးတစ်ခုလိုခြားထားရတာလဲ...
အဲ့ဒီအတားအဆီးတွေသာမရှိခဲ့ရင်..... ဘယ်လောက်များကောင်းလိမ့်မလဲဆိုတဲ့အတွေးကြောင့်
ကျွန်မရဲ့ မနက်ဖြန်ပေါင်းများစွာမျက်ရည်နဲ့ နိုးထခဲ့ရပေါင်းများခဲ့ပြီပဲ.....။
ညစဉ်ညတိုင်းပေါင်းစပ်ခွင့်ဆိုတဲ့ အရာလေးတစ်ခုကိုမျှော်လင့်ရင်းကြယ်လေးတွေနဲ့ စကားပြော
နေမိတယ်.. ကြယ်တစ်ပွင့်ကြွေတိုင်းသူနဲ့ ပေါင်းစပ်ခွင့်ရပါစေလို့ ဆုတောင်းခဲ့ရတဲ့ ညတွေလဲများခဲ့ပါပြီ..။
ဒီလိုနဲ့ ..ဒီလိုနဲ့ ...
ကျွန်မတို့ နှစ်ယောက်ရဲ့ ပေါင်းစပ်ခွင့်ကိုမျှော်လင့်ရင်းယောင်ဝါးဝါးနဲ့ ကျွန်မရဲ့ မနက်ဖြန်တွေကို
လျှောက်လှမ်းရဦးမယ်.. ချစ်သူ့ လက်ကိုခိုင်မြဲစွာတွဲထားရင်းနဲ့ ပေါ့...........။

5 comments:

စိုင်းစိုင်းလားရှိုး said...

ဘာသာမတူလို့ ခံယူချက်ခြင်း မတိုက်ဆိုင်လို့ နားလည်မှုလွဲလို့ ဒီလို လားပေါင်းများစွာက ညှိယူလိုက်ပေါ့
ခံစားနေရတာ နားလည်ပေးပါ၏

ဗညားရှိန် said...

မွန်းကျပ်တဲ့အတွေးတွေကြားမှာကျွန်မရဲ့ အသက်ရှူသံတွေဟန်ချက်မညီချင်တော့ဘူး...။
ဘာကြောင့်လဲ... ဘာအတွက်လဲ...
ကံကြမ္မာကိုပဲအပြစ်တင်ရတော့မှာလား..ဒါမှမဟုတ်ချစ်တတ်တဲ့နှလုံးသားလေးကိုပဲ
အပြစ်ပုံချလိုက်ရတော့မလား...ဘာကြောင့်များသူနဲ့ ကျွန်မကြားမှာဘာသာတရားနှင့်လူမျိုးဆိုတဲ့
အရာနှစ်ခုကတံတိုင်းကြီးတစ်ခုလိုခြားထားရတာလဲ...

အေ၇းအသား ကောင်းပါပေတယ် . . . . ခံစားချက်လေးတွေကို အပြည့်အ၀ ခံစားနားလည်မိပါတယ် မျှော်လင့်ခြင်းတွေ ပြည့်ဝပါစေဗျာ

မိုးစက်ပွင့်လေး said...

မျှော်လင့်ချက်လေးတွေ ပြည့်ဝပြီး ပျော်ရွှင်သောဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေနော်..

လင်းကြယ်ဖြူ said...

လမ်းခရီးဖြေင့်ဖြူးသာယာပါစေနော်
ပျော်ပါစေ

ရွှေပြည်သူ said...

ညီမငယ်လေး... ချစ်သူနဲ့ ထာဝရ လက်တွဲပြီး ဘဝတိုက်ပွဲကို အနိုင်ယူနိုင်ပါစေ...