ကျွန်မခေါင်းထဲမှာမေးခွန်းတွေ....မေးခွန်းတွေ..တသီကြီး...
ဘာကြောင့်များလဲ.....
အရင်လိုနူးညံ့သိမ်မွေ့ ခြင်းတွေပျောက်ဆုံးနေခဲ့တာဘာကြောင့်
လဲ......
အားလုံးအပေါ်အညင်သာဆုံးဆက်ဆံတတ်တဲ့ သူက ကျွန်မနဲ့ ကျမှ
ဘာကြောင့်ပြောင်းလဲသွားတာလဲ....
ကျွန်မကပဲသိပ်ညံ့နေခဲ့တာလား.....
လျစ်လျူုရှုမှုတွေ.....ခနဲ့ သဲ့သဲ့စကားတွေ.....
"မင်းထင်ချင်သလိုထင်" တဲ့ လား.....
ဘယ်သူ့ အပေါ်မှာမလုပ်ဖူးတဲ့ အချိုးတွေကျွန်မနဲ့ ကျမှလာချိုးနေတာ
ဘာကြောင့်များလဲ......
ဒါဟာ............
အိပ်မက်တစ်ခုဆိုရင်ကျွန်မအိပ်ရာကချက်ချင်းထခဲ့မိမှာပဲ...
ပုံပြင်တစ်ပုဒ်ဆိုရင်စာအုပ်ကိုချက်ခြင်းဆုတ်ဖြဲမိမှာပဲ....
ဇာတ်လမ်းတစ်ပုဒ်ဆိုရင်TV ကိုချက်ခြင်းထပိတ်မိမှာပဲ....
ဒါပေမယ့်...ဒါပေမယ့်
ဒါဟာအိပ်မက်တစ်ခုမဟုတ်ခဲ့ဘူး
ပုံပြင်တစ်ပုဒ်လဲမဟုတ်ခဲ့သလို
ဇာတ်လမ်းတစ်ပုဒ်လဲမဟုတ်ခဲ့ပြန်ဘူးလေ....
ဒါ.........
အဖြစ်အပျက်တစ်ခု
"တကယ့်အဖြစ်အပျက်တစ်ခု"
အတွင်းကနာကျင်မှုကြောင့်ကျလာတဲ့ မျက်ရည်ကိုကြည့်ရင်း
ကျွန်မ...
တစ်ချက်လေးပဲပြုံးလိုက်မိတယ်...
ဒါဟာခနဲ့ ပြုံးလား.....
မဲ့ ပြုံးလား...
နာကြည်းတဲ့ အပြုံးလားဆိုတာ
ကျွန်မ မဝေဖန်တတ်ခဲ့ဘူး.....
သေချာတာတစ်ခုကတော့
နှစ်လိုဖွယ်အပြုံးတစ်ခုမဟုတ်ဘူးဆိုတာပါပဲ.......................။
11 comments:
ဘယ်လိုပဲ ဖြစ်ဖြစ် ပြုံးနေနိုင်တာ အကောင်းဆုံးပါ
စိတ်မညစ်ပါနဲ့.. ကဗျာလေးနဲ့အတူ.. ချင်းမလေး ဖက်ကနေ.. နားလည်း ခံစား မိပါတယ်.. သူငယ် ခင်းလေး ပျော်ရွင် နိုင်ပါစေ..
တကယ့်အဖြစ်အပျက်တဲ့လားဟင်...
ဒါဟာ............
အိပ်မက်တစ်ခုဆိုရင်ကျွန်မအိပ်ရာကချက်ချင်းထခဲ့မိမှာပဲ...
ပုံပြင်တစ်ပုဒ်ဆိုရင်စာအုပ်ကိုချက်ခြင်းဆုတ်ဖြဲမိမှာပဲ....
ဇာတ်လမ်းတစ်ပုဒ်ဆိုရင်TV ကိုချက်ခြင်းထပိတ်မိမှာပဲ.
ဒီစာသားလေးကို အကြိုက်ဆုံးပဲ
မမရေ... မီးငယ်ဆိုရင်တော့ ပြုံးနေနိုင်မယ်မထင်ဘူး..ဟီး
စိတ်ညစ်မနေပါနဲ.ဗျာ.....
အဆင်ပြေ ပျော်ရွှင်ပါစေချင်မလေးရေ ...
အပြုံးမပျက်ဘဲ နေနိုင်တာအကောင်းဆုံးပါ
မျက်ရည်ကျတာ ဝေဒနာတစ်ဝက် သက်သာသွားတယ်လို့
ထင်တယ် ..
ဝေဒနာ ဒုက္ခတွေမှ ကင်းဝေးပါစေလို့ဆုတောင်းပါတယ်
ကဗျာလေးတွေ ကို လာဖတ်ရင်း မသိလို့ မေးတာကို ပြန်ဖြေပေးခဲ့ ပါတယ်ဗျာ။
မိုးသွေးငယ် က ငွန်ငယ် ရဲ့ အကိုပါဗျာ။ ငွန်ငယ်မိုး ဆိုတာက ငွန်ငယ်နဲ့ မိုးသွေးငယ် ၂ယောက်ပေါင်း လုပ်ထားတဲ့ ဘလောက် နာမည်ပါ။ ငွန်ငယ်က ခု အလုပ်ကနေ အွန်လိုင်းတက်ဖို့ အခက်အခဲ ရှိလို့ တခါတလေ ပဲ ဘလောက် ကို ဝင်ပါတယ်။
လောလောဆယ် မရေးတာ ကြာပါပြီး။ မိုးသွေးငယ် က ဆက်ရေးနေ ပါတယ်။ဒီလောက်ဆို ရပြီနော်။ ကဗျာလေးတွေ ဒီထက်မက ခံစားမှု များစွာဖြင့် ရေးဖွဲ့နိုင်ပါစေဗျာ။
ခင်မင်မှုဖြင့်
အားလုံးကို ပျော်စေချင်တဲ့
ပျော်ရွှင်ပါစေ သယ်ရင်းရေ... အားတင်းထား...
ရေးထားတာလေးက အသက်ဝင်ပြီး ကောင်းတယ် ညီမလေးရေ။ ဒါပေမယ့် ခေါင်းစဉ်လို တကယ့်အဖြစ်အပျက်တော့ မဖြစ်စေချင်ဘူး။ နာကျင်ရမှာစိုးလို့။ ပျော်ရွှင်ပါစေ ညီမလေး...
ဘယ်ုလိပဲ ပြုံးပြုံး ..၊ ပြုံးနေရင်ပြီးတာပဲ။
Post a Comment