Sunday 14 June 2009

တကယ့်အဖြစ်အပျက်တဲ့ လား

သူ.....ဘာလို့ များကျွန်မအပေါ်ဒီလိုတွေဆက်ဆံနေပါလိမ့်......
ကျွန်မခေါင်းထဲမှာမေးခွန်းတွေ....မေးခွန်းတွေ..တသီကြီး...
ဘာကြောင့်များလဲ.....
အရင်လိုနူးညံ့သိမ်မွေ့ ခြင်းတွေပျောက်ဆုံးနေခဲ့တာဘာကြောင့်
လဲ......
အားလုံးအပေါ်အညင်သာဆုံးဆက်ဆံတတ်တဲ့ သူက ကျွန်မနဲ့ ကျမှ
ဘာကြောင့်ပြောင်းလဲသွားတာလဲ....
ကျွန်မကပဲသိပ်ညံ့နေခဲ့တာလား.....
လျစ်လျူုရှုမှုတွေ.....ခနဲ့ သဲ့သဲ့စကားတွေ.....
"မင်းထင်ချင်သလိုထင်" တဲ့ လား.....
ဘယ်သူ့ အပေါ်မှာမလုပ်ဖူးတဲ့ အချိုးတွေကျွန်မနဲ့ ကျမှလာချိုးနေတာ
ဘာကြောင့်များလဲ......
ဒါဟာ............
အိပ်မက်တစ်ခုဆိုရင်ကျွန်မအိပ်ရာကချက်ချင်းထခဲ့မိမှာပဲ...
ပုံပြင်တစ်ပုဒ်ဆိုရင်စာအုပ်ကိုချက်ခြင်းဆုတ်ဖြဲမိမှာပဲ....
ဇာတ်လမ်းတစ်ပုဒ်ဆိုရင်TV ကိုချက်ခြင်းထပိတ်မိမှာပဲ....
ဒါပေမယ့်...ဒါပေမယ့်
ဒါဟာအိပ်မက်တစ်ခုမဟုတ်ခဲ့ဘူး
ပုံပြင်တစ်ပုဒ်လဲမဟုတ်ခဲ့သလို
ဇာတ်လမ်းတစ်ပုဒ်လဲမဟုတ်ခဲ့ပြန်ဘူးလေ....
ဒါ.........

အဖြစ်အပျက်တစ်ခု

"တကယ့်အဖြစ်အပျက်တစ်ခု"

အတွင်းကနာကျင်မှုကြောင့်ကျလာတဲ့ မျက်ရည်ကိုကြည့်ရင်း
ကျွန်မ...
တစ်ချက်လေးပဲပြုံးလိုက်မိတယ်...
ဒါဟာခနဲ့ ပြုံးလား.....
မဲ့ ပြုံးလား...
နာကြည်းတဲ့ အပြုံးလားဆိုတာ
ကျွန်မ မဝေဖန်တတ်ခဲ့ဘူး.....
သေချာတာတစ်ခုကတော့
နှစ်လိုဖွယ်အပြုံးတစ်ခုမဟုတ်ဘူးဆိုတာပါပဲ.......................။

11 comments:

ကောင်းကင်ပြာ said...

ဘယ်လိုပဲ ဖြစ်ဖြစ် ပြုံးနေနိုင်တာ အကောင်းဆုံးပါ

chitloonthu said...

စိတ်မညစ်ပါနဲ့.. ကဗျာလေးနဲ့အတူ.. ချင်းမလေး ဖက်ကနေ.. နားလည်း ခံစား မိပါတယ်.. သူငယ် ခင်းလေး ပျော်ရွင် နိုင်ပါစေ..

ရောင်ပြန် said...

တကယ့်အဖြစ်အပျက်တဲ့လားဟင်...
ဒါဟာ............
အိပ်မက်တစ်ခုဆိုရင်ကျွန်မအိပ်ရာကချက်ချင်းထခဲ့မိမှာပဲ...
ပုံပြင်တစ်ပုဒ်ဆိုရင်စာအုပ်ကိုချက်ခြင်းဆုတ်ဖြဲမိမှာပဲ....
ဇာတ်လမ်းတစ်ပုဒ်ဆိုရင်TV ကိုချက်ခြင်းထပိတ်မိမှာပဲ.
ဒီစာသားလေးကို အကြိုက်ဆုံးပဲ

မီးငယ် said...

မမရေ... မီးငယ်ဆိုရင်တော့ ပြုံးနေနိုင်မယ်မထင်ဘူး..ဟီး

တေလေ said...

စိတ်ညစ်မနေပါနဲ.ဗျာ.....

မိုးခါး said...

အဆင်ပြေ ပျော်ရွှင်ပါစေချင်မလေးရေ ...

မီးတောက် said...

အပြုံးမပျက်ဘဲ နေနိုင်တာအကောင်းဆုံးပါ
မျက်ရည်ကျတာ ဝေဒနာတစ်ဝက် သက်သာသွားတယ်လို့
ထင်တယ် ..
ဝေဒနာ ဒုက္ခတွေမှ ကင်းဝေးပါစေလို့ဆုတောင်းပါတယ်

MoeThwayNge said...

ကဗျာလေးတွေ ကို လာဖတ်ရင်း မသိလို့ မေးတာကို ပြန်ဖြေပေးခဲ့ ပါတယ်ဗျာ။
မိုးသွေးငယ် က ငွန်ငယ် ရဲ့ အကိုပါဗျာ။ ငွန်ငယ်မိုး ဆိုတာက ငွန်ငယ်နဲ့ မိုးသွေးငယ် ၂ယောက်ပေါင်း လုပ်ထားတဲ့ ဘလောက် နာမည်ပါ။ ငွန်ငယ်က ခု အလုပ်ကနေ အွန်လိုင်းတက်ဖို့ အခက်အခဲ ရှိလို့ တခါတလေ ပဲ ဘလောက် ကို ဝင်ပါတယ်။
လောလောဆယ် မရေးတာ ကြာပါပြီး။ မိုးသွေးငယ် က ဆက်ရေးနေ ပါတယ်။ဒီလောက်ဆို ရပြီနော်။ ကဗျာလေးတွေ ဒီထက်မက ခံစားမှု များစွာဖြင့် ရေးဖွဲ့နိုင်ပါစေဗျာ။

ခင်မင်မှုဖြင့်
အားလုံးကို ပျော်စေချင်တဲ့

lovelessguiter said...

ပျော်ရွှင်ပါစေ သယ်ရင်းရေ... အားတင်းထား...

ရွှေပြည်သူ (ShwePyiThu) said...

ရေးထားတာလေးက အသက်ဝင်ပြီး ကောင်းတယ် ညီမလေးရေ။ ဒါပေမယ့် ခေါင်းစဉ်လို တကယ့်အဖြစ်အပျက်တော့ မဖြစ်စေချင်ဘူး။ နာကျင်ရမှာစိုးလို့။ ပျော်ရွှင်ပါစေ ညီမလေး...

Anonymous said...

ဘယ်ုလိပဲ ပြုံးပြုံး ..၊ ပြုံးနေရင်ပြီးတာပဲ။