Friday, 22 May 2009

ဒဏ်ရာနဲ့ လူ

ဇာတ်လမ်းလေးပြီးဆုံးသွားတော့
အဖတ်တင်ကျန်ခဲ့တာက
ပဲ့ထွက်ကျန်ခဲ့တဲ့နှလုံးသားလေးတစ်စုံရယ်ပါ...။

အကြောင်းပြချက်တစ်စုံတရာမှမပေး
ကိုယ်တို့ လမ်းခွဲကြရအောင်လို့ ပြောပြီး
ကျောခိုင်းနှုတ်ဆက်သွားတဲ့ မင်းကို
ဘယ်လိုစွဲချက်တင်ပြီး
စွပ်စွဲရမှန်းမသိအောင်
ငါကတော့ ဇဝေဇ၀ါနဲ့ ပေါ့...။

ခံစားချက်တွေဝေးပြီး
လွမ်းတတ်အောင်သင်ပေးခဲ့တဲ့ 
မင်းကတော့
အခုနေချိန်ဆို
ဘ၀ခရီးသစ်ကိုဆက်လို့ 
ပျော်နေရောပေါ့...။

မင်းပေးတဲ့ ဝေဒနာတွေကို
ရင်နဲ့ မဆံ့အောင်ခံနေရတဲ့ ငါကတော့
ဒဏ်ရာတွေပျောက်ကင်းသွားမယ့်
အချိန်ကိုစောင့်ရင်း
မင်းထားခဲ့တဲ့ နေရာလေးမှာ

ခရီးတစ်ထောက် အနားယူနေတုန်း...။

8 comments:

thawzin said...

အဲဒီခရီးတစ်ထောက်နေရာမှာ ရေအိုးစင်လေးနဲ့ အရိပ်ကောင်းကောင်းလေး ရှိနေပါစေဗျာ

ကောင်းကင်ပြာ said...

ဒဏ်ရာတွေများရနေလားဟင်၊ စိတ်ပူ၏

mr said...

Something Lagging,Right?

Welcome said...

ချင်းချင်း ရေ..
လူတိုင်း ဒဏ်ရာနဲ့ မကင်းပေမယ့်
အမြန်အနာကျက်စေဖို့ ဆုတောင်းပေးပါတယ်

ပျော်ရွှင်အဆင်ပြေပါစေ

နွေးနွေးသဲမွန် said...

ကောင်းလိုက်တဲ့ ကဗျာလေး...

အိမ် said...

အချိန်ဆိုတဲ့ သမားတော်ကကုစားသွားမှပါ။
အချိန်ဆိုတာ တရုတ်ဆရာဝန်ကြီးမဟုတ်ဘူးနော် time လို့
ခေါ်တဲ့အချိန်ကိုပြောတာ.. မှားနေမှာစိုးလို့ ပြောပြတာ.. ဟိ

ဂျပန်ကောင်လေး said...

ချင်းမလေးကတော့ ခံစားနေဆဲပါလား..

mgnge said...

ဘီလိုဖြစ်...။
ခံစားချက် လား ရင်ဖွင့်ချက်လား...။

ဆင်ဆင်ပြေ ပါစ