Wednesday, 11 March 2009

ရည်းစားထားခြင်း

ရင်ခုန်မိသူရဲ့
ရည်းစားထားခြင်းကို
ငါ-ဘာသာမပြန်တတ်ခဲ့ဘူး။
အထင်တစ်ခုကို
အမြင်နဲ့ ပေါင်းပြီး
လှတယ် ဆိုတိုင်းငါချစ်လိုက်တာ
ရင်ဘက်ထဲကနှလုံးတွေ
စုတ်ပြတ်သတ်ကုန်မှပဲ
အချစ်ကို ငါနားလည်ခဲ့တယ်။
ဘယ်ရောက်နေမှန်းမသိတဲ့
အချစ်ဦးကို .........
တိုင်တည်ပြီးပြောချင်ခဲ့တာက
ငါ-အချစ်ဆူးခဲ့တယ်ဆိုတာပါ။
နှင်းဆီရဲ့ဆူးတွေကို
ကဗျာဆရာတစ်ယောက်လို
ငါ-မတင်စားနိုင်တာက
ငါ့နှလုံးသားလိပ်ပြာမင်းရှေ့ မှာ
ဒူးထောက်ခဲ့လို့ ပါပဲ။ ။


သောင်ပြင်တွေ့တိုင်း...
လွမ်းမိတယ်.
ကော်ဖီသောက်တိုင်း...
သတိရတယ်.
ကြယ်ကြွေမြင်တိုင်း...
တမ်းတတယ်.
အခုည..
ငါ့အနား
မင်းရှိခဲ့ရင်..
သောင်ပြင်ကျယ်မှာ
ကော်ဖီအတူတူသောက်ရင်း
ကြယ်ကြွေတာကို
ထိုင်ကြည့်ချင်တယ်...

သယ်ရင်းတယောက်ပေးပို့ သည်။

6 comments:

ဇက် said...

ရည်းစားထားခြင်းဆိုလို့ ချင်းမလေးကော ရည်းစားထားဖူးလို့လား?

မီးတောက် said...

ကဗျာကောင်းလေးကို ခံစားသွားပါတယ်
ဆက်လက်ရေးသားနိုင်ပါစေ

Unknown said...

ကဗျာလေးကိုသိပ်သဘောကျပါတယ်ခင်ဗျာ...
တိုက်ဆိုင်တာလဲပါတာပေါ့  အားပေးနေမယ်နော်........

lovelessguiter said...

လွမ်းစရာလေးတွေပါပဲ... တခါတရံ ကော်ဖီသောက်ရင်း ချစ်သူနဲ့ ကြယ်တွေ ကြည့်ချင်စမ်းပါဘိ... သို့ပေမယ့်ကွယ်..
ချစ်သူက မရှိတယ်..ဟိ ဘယ်မှာလိုက်ရှာရပါ့..ဟာဟ

Anonymous said...

chinmalayayankaungtalsaenatfoe

mgnge said...

အဟားး။။
ဒါလေး လည်း ထိသွားတယ်..။ တိုက်ဆိုင်မှုရှိ လို့ လား မသိ
ဘူးနော်.........။

ဟူးးးးးးးးးးးးးး
အလွမ်းတွေသောင်ထပ် ဘောင်ခပ်တဲ့ ငါ့ဘ၀ထဲ
အချစ်တစ်ခုလောက် ကောက်ရချင်မိတယ်..။
လှတာမြင်လေတိုင်း မချစ်တတ်ခဲ့ပေမယ့်
ချစ်မိသူတိုင်းလည်း လှနေတတ်တာ ပဲ

ဘာလည်း တော့မသိဘူး..ဒီစာဖတ်ပြီး စိတ်ကူးထဲပေါ် လာတာ ချရေးသွားသည်........။
အဓိပ္ပါယ် မရှိက ခွင့်လွှတ်