
နင်သိပ်ချစ်တဲ့ အပြုအမူ
ငါမလုပ်တတ်ခဲ့ဘူး
နင်စွဲလန်းတဲ့ မဲ့ပြုံး
ငါမပြုံးတတ်ခဲ့ ဘူး
နင်နှစ်သက်တဲ့ ဘာမထီအကြည့်
ငါမကြည့်တတ်ခဲ့ဘူး
နင်ရူးသွပ်တဲ့ မာနတရား.
ငါမထားတတ်ခဲ့ဘူး
နင့်ရင်ထဲကစံပြတစ်ယောက်
ငါမဖြစ်နိုင်ခဲ့ဘူး
နင်သိပ်မုန်းတဲ့ ပျော့ဖတ်ဖတ်လူတစ်ယောက်သာ
ငါဖြစ်ခဲ့ တယ်လေ..
ချစ်သူရေ....
နင့်စိတ်ကူးထဲကချစ်သူပုံရိပ်
ငါမဖြစ်နိုင်ခဲ့လို့ 
အသည်းနှင့်အောင်
ချစ်ခဲ့ ပေမယ့်
ငါ့အချစ်တွေကို
့နင်တစ်ယောက်သိအောင်
ထုတ်မပြတော့ပဲ
ရေငုံနှုတ်ပိတ်လို့ 
လောကကြီးရဲ့ ထောင့်တစ်နေရာမှာ
တိတ်တိတ်လေးကြေကွဲနေမယ်...