Friday 25 January 2013

ပြောပြချင်တယ်...

ဆက်ရန်မရှိတဲ့ ဇာတ်..
ငါ အထပ်ထပ်မမက်ချင်တော့ဖူး...
နွမ်းနေပြီဖြစ်တဲ့ ပန်း..
ခဏခဏ မနမ်းချင်တော့ဘူး..
ကာရံမဲ့ တဲ့ ကဗျာတစ်ပုဒ်
ငါ မကြာခဏထုတ်ထုတ်မကြည့်ချင်တော့ဘူး..
သံဇဉ်မဲ့ တေးသွားတစ်ပုဒ်..
ထုတ်ထုတ်ပြီး မညည်းချင်တော့ဘူး...
ကြိုးလျော့နေတဲ့  ဂစ်တာတစ်လက်..
အဆက်မပြတ် မတီးချင်တော့ဘူး..
ခါးသက်သက်ကော်ဖီတစ်ခွက်..
တရှိုက်မက်မက် မသောက်ချင်တော့ဘူး..
ဝိုးတိုးဝါးတား အိပ်မက်ထဲ..
တ၀ဲလည်လည် မရစ်မူးချင်တော့ဘူး..
စာနာမှုကင်း...
ညှာတာမှု အရှင်းနဲ့ ..
ရက်ရက်စက်စက်ထားပစ်သူ..
ငါ.. မိုးတိုးမတ်တပ် မျှော်ခဲ့ဖူးပေမယ့်..
တစ်ချက်တစ်လေ တောင် စောင်းငဲ့ မကြည့်သူအတွက်..
ငါ့အချစ်တွေ...
ပိုးစိုးပက်စက် အေးခဲသွားပြီဖြစ်ကြောင်း..
ဟက်ဟက်ပက်ပက် ရယ်မောရင်း...
နင့်ကိုပြောပြချင်တယ်....။

(ဒီကဗျာလေးက ကျွန်မ ချင်းမလေးရဲ့ နောက်ဆုံးပို့ စ်တစ်ခုလဲ ဖြစ်လာနိုင်ပါတယ်..
လောလောဆယ် ဘာmood မှမရှိသေးလို့ ရေးထားတဲ့ ကဗျာလေးတွေတောင် အဆုံးမသတ်
နိုင်ဖစ်နေပါတယ်.. ဒါကြောင့် လောလောဆယ် Blogging ကိုနားထားပါတယ်.. သယ်ရင်းများဆီ
လာမလည်နိုင်ခဲ့ရင်လဲ အားလုံးပဲနားလည်ပေးစေချင်ပါတယ်..  :D )

8 comments:

Yoemyaykya said...

ကဗျာထဲကအတိုင်း ဘူး တစ်လုံးဆောင်တော့မယ်ပေါ့။ မရေးဘူး။ဘာဘူးညာဘူးနဲ့နော်။ စိတ်မကောင်းဘူးအစ်မ။ရင်ထဲတစ်မျိုးကြီးပဲ။

မိုးနတ်ကြယ်စင် said...

အမ် ဘာဖြစ်သွားရပြန်တာလဲ မရယ်..
ဘာလဲ မလဲ အသဲကွဲနေတာလား..ဟုတ်လား ?
ဘာပဲဖြစ်ဖြစ်ကွာ အင်း ဘာပဲဖြစ်ဖြစ်ဆိုပေမဲ့လဲ
ကိုယ်ကိုယ်တိုင်လဲ mood မလာရင် ဘာမှလုပ်လို့
မရဘူးဆိုတော့ သူများကိုလဲ အတင်းအကျပ်တော့
မပြောချင်ဘူးဗျာ..ဒါပေမဲ့ တခုတော့ မေးချင်တယ်
ဒါဘယ်သူ့ပယောဂလဲ :(((
ဟာ.. သိတော့ဘူးကွာ ဒါပဲနော်မ
မအိမ်လေးကိုတော့ အကြာကြီးပစ်မထားရဘူးးးးးးးးး
ပြီးရင် မိုးနတ်ကိုလဲ အကြာကြီးပစ်မထားရဘူးးးးးးးးးး
သိတယ်ဟုတ်...
ချစ်တဲ့....မိုးနတ်

ညီလင်းနိုင် said...

ဒီကဗျာလေးက ရင်ထဲရောက်ခဲ့တယ်။

ဘာရယ်တော့ မသိဘူး။

စံပယ်ချို said...

ကြိုးလျော့နေတဲ့  ဂစ်တာတစ်လက်..
အဆက်မပြတ် မတီးချင်တော့ဘူး..
ခါးသက်သက်ကော်ဖီတစ်ခွက်..
တရှိုက်မက်မက် မသောက်ချင်တော့ဘူး-------
ဂစ်တာကကြိုးလျော့နေလို့ ဆက်မတီးချင်တော့တာ
တူတယ်
ဒါပေမယ့်အမကတော့ ခါးသက်သက်ကော်ဖီကိုတော့
အမြဲသောက်ချင်နေမိတယ်

လွင်ပြင်လှိုင်းငယ် said...

နောက်ဆုံးပို့စ်တော့မလုပ်ပါနဲ့
နောက်ထပ်ရေးပါအုံး အမြဲအားပေးနေမှာပါ

အိပ်မက်ကောင်းကင် said...

ကဗျာလေးကခံစားလို့ကောင်းပေမဲ့ စိတ်တော့မကောင်းဘူး မမချင်းလေးရေ
နောက်ဆုံးပိုစ့်လေးတော့ မလုပ်လိုက်ပါနဲ့လား
နောက်ပိုစ့်အသစ်တွေကိုမျှော်နေမယ်နော်
ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိပ်မက်ကောင်းကင်)

အင်းတော်ရှမ်း said...

ကဗျာကိုချစ်တဲ့ ချင်းမလေး ကိုယ်ချစ်တဲ့ကဗျာလေးတွေနဲ့
အချိန်ကြာကြာခွဲမနေဘူးလို့ မျှော်လင့်မိပါတယ်...။

Unknown said...
This comment has been removed by the author.