Friday 16 November 2012

စံ အလွဲအမှား...

အမှားကိုအမှန်လုပ်..
အမည်းကိုအဖြူသုတ်..
အရှုပ်ကိုအဟုတ်လို့ မှတ်..
အမှတ်မရှိပဲ အဆက်အဆံလုပ်မိခဲ့တာအတွက်..
အခုတော့ ငါ အပျက်ပျက်နဲ့ 
နှာခေါင်းသွေးထွက်ရပြီ...။

ငါ.. အဆိပ်ပင်ရေလောင်းနေမိတာလား..
ကျွဲအပါးဆောင်းသွားတီးမိနေသလား...
ဆာလောင်နေတဲ့ ကျားအနား..
သွားကစားမိတာလား..
အစားခံရမှ တအားနာပြမိနေတယ်..။

အမှားတရန်ကို အမှန်တရားလုပ်
အရှုပ်ထုတ်ကိုပါကင်ထုတ်..
ထုံးသုတ်ထားတဲ့ အုတ်ဂူအောက်က
အပုပ်ကောင်ကို ငါ့အတွက်
စံပြသရုပ်ဆောင်အဖြစ်ငါ သတ်မှတ်နေမိသလား...။

ငါကမြွေအလပယ်ဆရာဖြစ်ချင်ခဲ့တာပါ..
ဒါပေမယ့် သူ့ အထာကိုမညက်သေးတော့
ချော့ချင်ခဲ့ပေမယ့် ဆော့တယ်အမှတ်နဲ့ 
ငါ့ကိုပေါက်... အခုဆို
ငါအဆိပ်သင့်နေခဲ့ရပြီ...။

သုံးထားတဲ့ ခွင့်လွှတ်ခြင်း
ဆုံးသွားတဲ့ မေတ္တာတွေအတွက်..
အခုဆို...
ငါ့စိတ်တွေလဲကုန်လှပါပြီ..
သုည သာသာကျန်တော့တဲ့ ငါ့ဘ၀မှာ
သူ့ အပြစ်တွေကို ဖုံးလွှမ်းပေးမယ့်
စေတနာတွေလဲ ဆိတ်သုဉ်းခဲ့ရပြီ....။

6 comments:

Yoemyaykya said...

အင်းပေါက်ကွဲသံတွေကဆက်တိုက်ဆိုသလိုပဲ။ဒါပေမယ့်ဖတ်လို့ကောင်းတယ်။ ဖြစ်နိုင်ရင် bobby soxer ကိုဆိုခိုင်းချင်တာ။

စံပယ်ချို said...

ပေါက်ကွဲတာလေးကလဲကောင်းနေပါတယ်
(အမှားကိုအမှန်လုပ်..
အမည်းကိုအဖြူသုတ်..
အရှုပ်ကိုအဟုတ်လို့ မှတ်..
အမှတ်မရှိပဲ အဆက်အဆံလုပ်မိခဲ့တာအတွက်..
အခုတော့ ငါ အပျက်ပျက်နဲ့ 
နှာခေါင်းသွေးထွက်ရပြီ)
....ချစ်တဲ့ sis jasmine

ညီလင်းနိုင် said...

ခေါင်းစဉ်နဲ့ အသားတကျရှိနေတဲ့ ကဗျာကောင်းလေးပါ ။

ဝေဒနာကို လက်ထိုးအန်လိုက်တိုင်း

ကဗျာတွေသာ ပန်းလို ပွင့်နိုင်ပါစေဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ညီမလေးရေ.....

မိုးနတ်ကြယ်စင် said...

မမရေ..ကဗျာလေးကို ကြိုက်လိုက်တာ....
အသံတွေဆူညံနေပေမဲ့....သံစဉ်တွေလို
စည်းချက်က ကျနေတော့..ခံစားလို့ကောင်းသရှင်..
မကဗျာလေးတွေက တပုဒ်ထက်တပုဒ်ပိုကောင်းလာ
သလိုပဲ...၀မ်းသာကြည်နူးမိတယ်မ..
ကဗျာကောင်းလေးတွေ ဆက်လက်ဖန်တီးထုဆစ်
နိုင်ပါစေ...ဆုမွန်ခြွေခဲ့ပါ၏.....
ချစ်တဲ့....ညလေးမိုးနတ်

လွင်ပြင်လှိုင်းငယ် said...

ငါကမြွေအလပယ်ဆရာဖြစ်ချင်ခဲ့တာပါ..
ဒါပေမယ့် သူ့ အထာကိုမညက်သေးတော့
ချော့ချင်ခဲ့ပေမယ့် ဆော့တယ်အမှတ်နဲ့ 
ငါ့ကိုပေါက်... အခုဆို
ငါအဆိပ်သင့်နေခဲ့ရပြီ...။
ကဗျာလေးတကယ်ကောင်း

Maung Zo Phay said...

i love this poem..i can see ur feeling...on this rhyme ..