Thursday 8 November 2012

သက်ဆိုင်သူသို့ ...

ကျိန်တယ်ဆိုတာ...
အလိမ်အညာတမျိုးမှန်း
ကြိမ်ဖန်များစွာ
အလိမ်ခံရပြီးမှ..
ငါ.. သဘောပေါက်တော့တယ်..။

သစ္စာတရားဆိုတာ...
မေတ္တာတရားကိုအလွဲသုံးစားလုပ်သူအတွက်..
ရစ်ပတ်ချည်နှောင်တဲ့ ကြိုးလေးတချောင်းသာ...

ယုံပေးဖို့ လဲငါ့စိတ်တွေကုန်ပြီ..
ခံစားချက်တွေလဲထုံကျဉ်လို့ ..
မှုန်တုန်တုန်နဲ့ ကြုံလာသမျှကိုလဲ
ရေစုန်မျောလိုက်ချင်ပြီ....

အားလုံးကို တစ် ကပြန်စလို့ ရရင်..
ခံစားချက်အသစ်တစ်ခုနဲ့ ..
နှစ်နှစ်ကာကာချစ်ခဲ့ဖူးတဲ့ နင့်ကို
အပြစ်တစ်ခုလို့ သတ်မှတ်ကာ..
ဒီဇာတ်ဝင်ခန်းတစ်ခု..
ငါ ဆင်ဆာဖြတ်ပစ်လိုက်မှာပါ....။

နင်ထိန်ချန်ထားတာတွေအတွက်..
ကျိန်စာမသင့်ရအောင်..
နှလုံးသားအတိမ်အနက်ကိုချင့်ချိန်..
ဒီလောက်နဲ့ ပဲတင်းတိမ်ရင်း..
ပြင်းပြင်းထန်ထန်ဒဏ်ရာမရခင်..
ခင်းထားတဲ့ ဇာတ် ရပ်နားကြစို့ လား....။

8 comments:

Yoemyaykya said...

မှုန်တုန်တုန်နဲ့ ရေစုန်မျောချင်နေပြီ။
တကယ်ကိုရေစုန်မျောလိုက်ချင်ပါပြီ။
ဒီဇာတ်ဝင်ခန်းကိုလဲ ဆင်ဆာဖြတ်ပစ်မယ်။
ဒီဇာတ်လမ်းကိုလဲ သိမ်းလိုက်တော့မယ်။

ညီလင်းနိုင် said...

ကဗျာလန်းလန်းလေးကို

မျှဝေခံစားခဲ့ပါတယ်ဗျာ .....

အပြစ်ကင်းတဲ့ ချစ်ခြင်းဖွဲ့ကဗျာတွေ

အများကြီး ဆက်လက်ထုဆစ်နိုင်ပါစေ ။

မြတ်နိုးသူ said...

နင်ထိန်ချန်ထားတာတွေအတွက်..
ကျိန်စာမသင့်ရအောင်..
နှလုံးသားအတိမ်အနက်ကိုချင့်ချိန်..
ဒီလောက်နဲ့ ပဲတင်းတိမ်ရင်း..
ပြင်းပြင်းထန်ထန်ဒဏ်ရာမရခင်..
ခင်းထားတဲ့ ဇာတ် ရပ်နားကြစို့ လား
ကဗျာလေးခံစားသွားပါတယ်

မိုးနတ်ကြယ်စင် said...

နင်ထိန်ချန်ထားတာတွေအတွက်..
ကျိန်စာမသင့်ရအောင်..
နှလုံးသားအတိမ်အနက်ကိုချင့်ချိန်..
ဒီလောက်နဲ့ ပဲတင်းတိမ်ရင်း..
ပြင်းပြင်းထန်ထန်ဒဏ်ရာမရခင်..
ခင်းထားတဲ့ ဇာတ် ရပ်နားကြစို့ လား...

very good..!!!
ကြိုက်တယ်မ..
ကဗျာလေးတွေက ကောင်းသထက်ကောင်းလာတယ်
လို့ခံစားရတယ်..ဆက်လက်ထုဆစ်နိုင်ပါစေမရေ.
ချစ်တဲ့..ညလေးမိုးနတ်

စံပယ်ချို said...

ချင်းမလေးရေ လူကိုစိတ်ပူစေတယ်နော် ဆိုဒ်လေးဖွင့်မရဘူးဆိုလို့လေ ဟိုနေ့ကလဲ လာကြည့်ပါတယ်ရတယ်လေ
နင်ထိန်ချန်ထားတာတွေအတွက်..
ကျိန်စာမသင့်ရအောင်..
နှလုံးသားအတိမ်အနက်ကိုချင့်ချိန်..
ဒီလောက်နဲ့ ပဲတင်းတိမ်ရင်း..
ပြင်းပြင်းထန်ထန်ဒဏ်ရာမရခင်..
ခင်းထားတဲ့ ဇာတ် ရပ်နားကြစို့ လား.....
အရေးအသားတွေလန်းနေတယ်
ချစ်တဲ့ sis jasmine

Unknown said...

ချင်မလေး
သက်ဆိုင်သူသို.ကဗျာလေး
ဖတ်ရှု.အားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

အင်းတော်ရှမ်း said...

ဒီနေရာလေးမှာ ကဗျာတွေ အများဆုံးဖတ်ဖြစ်လိုက်တယ်။

htvrxgiji said...

သစ္စာတရားဆိုတာ...
မေတ္တာတရားကိုအလွဲသုံးစားလုပ်သူအတွက်..
ရစ်ပတ်ချည်နှောင်တဲ့ ကြိုးလေးတချောင်းသာ...