Wednesday 6 June 2012

ချစ်သောမိုး....

မိုး.........
ငယ်ငယ်တုန်းက ငါနင့်ကိုအရမ်းသဘောကျခဲ့တာပေါ့...။နင်တစ်ခါရွာချတိုင်းငါတစ်ခါပျော်ခဲ့ရတယ်..။
ကျောင်းအဆင်းမိုးရွာတဲ့ နေ့ ဆို ထီးမဆောင်းပဲ အိမ်ကို အပြေးလေးပြန်ခဲ့ဖူးတယ်..။
~~~မိုးရွာရင်မိုးရေချိုးမယ်~~~ သီချင်းဆိုရင်းငါတို့ အိမ်ပေါ်က လသာဆောင်မှာ မိုးရေချိုးခဲ့ဖူးတယ်။
မိုး...........နင့်ကြောင့်ငါမကြာမကြာဖျားတတ်ပေမယ့် နင့်ကိုသဘောကျဆဲပါပဲ....။

အရွယ်လေးရောက်ပြီးချစ်သူရလာတော့မိုး..... ငါနင့်ကိုအရင်ကလောက် သဘောမကျနိုင်တော့ဘူး။
နင့်ကြောင့်ငါ့ချစ်သူနဲ့ မတွေ့ ရဘူး.။နင့်ကြောင့်လျှောက်မလည်ရဘူး။နင့်ကြောင့်ငါနှစ်သက်တဲ့ ကန်ဘောင်မှာ
မထိုင်ရတော့ဘူး...။နင့်ကြောင့်ညနေဆည်းဆာအလှကိုမခံစားရတော့ဘူး..။ဒါပေမယ့် ငါနင့်ကိုမမုန်းပါဘူး။
အရင်လောက်သဘောမကျတော့တာပဲရှိတာပါ...။

ဒါပေမယ့်မိုးရယ်......
တစ်နေ့ မှာပေါ့....။နင်သည်းသည်းမည်းမည်းရွာချတဲ့ နေ့ ...အဲ့ဒီနေ့ မှာငါအရမ်းချစ်တဲ့ ချစ်သူကတခြား
ကောင်မလေးတယောက်နဲ့ တွဲသွားတာငါတွေ့ လိုက်ရတယ်.။အဲ့ဒီနေ့ ကစလို့ မိုး.... နင်ဟာငါ့ကိုဒဏ်ရာတွေ
ပေးတဲ့ သူလို့ ငါသတ်မှတ်ခဲ့တာ.... ။ငါချစ်တဲ့ မိုးရယ်.......အဲ့ဒီနေ့ ကစလို့ ငါနင့်ကိုမချစ်တော့ဘူး။ငါမုန်းတယ်။
မိုးရေထဲမှာ ထီးတစ်ချောင်းနဲ့ ငါသွားတိုင်း ထီးတစ်ချောင်းကိုအတူဆောင်းပြီးလျှောက်လာတဲ့ စုံတွဲတွေကိုမြင်ရင်
သူ့ ကိုလွမ်းတဲ့ စိတ်နဲ့ ငါ... နင့်ကို နာကြည်းမိတယ်...မိုးရယ်....။
............................................................................
............................................................................

သေချာပြန်စဉ်းစားကြည့်ရင် နင့်အပြစ်ကြီးပဲ တော့မဟုတ်ပါဘူး။အကြောင်းတိုက်ဆိုင်သွားတာပါလို့ အခုတော့
ငါဖြေသိမ့်တတ်နေပါပြီ။ဆယ့်နှစ်ရာသီရဲ့ နှစ်ဝက် ဇွန်လ မိုးဖွဲဖွဲကျချိန်မှာ ငါ့ကိုလောကကြီးထဲ အေးအေးချမ်းချမ်း
မွေးထုတ်ပေးခဲ့တယ်။မိုးနဲ့ အတူ မွေးဖွားလာတဲ့ ငါဟာ နင့်ကို ကြာကြာမမုန်းနိုင်ပါဘူး။

နင်ဟာငါ့ကိုစိတ်နာအောင်လုပ်ခဲ့မိပေမယ့် ငါဝမ်းနည်းတိုင်းငါ့နားမှာအတူရှိနေပေးခဲ့တာပဲ..။လူတွေရှေ့ မှာမငိုရဲ
တဲ့ငါက ငိုချင်လာတိုင်းနင့်ဆီပြေးလာနေကျပဲ။ငါ့မျက်ရည်တွေကို လူတွေသတိမထားမိအောင် နင်ရွာချပေးခဲ့တယ်။
ငါ့ရင်ထဲကအပူမီးတွေ နင်ငြိမ်းသတ်ပေးခဲ့တယ်။ငါနင့်ကိုမုန်းတယ်လို့  နာနာကြည်းကြည်းအော်ငိုတိုင်း နင်မိုးခြိမ်းသံ
နဲ့ ငါ့ကိုတုံ့ ပြန်ခဲ့တယ်။ ငါမိုးခြိမ်းသံကိုကြောက်တယ်.။ငါ့ကိုအဲ့လို မအော်ဟောက်ပါနဲ့ ။နင့်ရဲ့ လျှပ်စီးလက်တဲ့ မျက်လုံး
တွေနဲ့ ငါ့ကိုမကြည့်ပါနဲ့ .။

ငါမှားပါတယ်။ငါ့အပေါ်ကောင်းခဲ့တဲ့ နင့်ကို ငါမမုန်းရက်တော့ပါဘူး။ငါငိုရင် လိုက်ငိုတတ်တဲ့ နင့်ကို ငါမနာကြည်းရက်
တော့ပါဘူး။ငယ်ငယ်တည်းက ငါချစ်ခဲ့တဲ့ မိုး၊ ငါ့အပေါ်ကောင်းခဲ့တဲ့ မိုး၊ ....ငါ့ဘ၀အစမှာ အေးချမ်းမှုတွေနဲ့ အစပျိုးစေ
ခဲ့တဲ့ မိုး......
ခဏတာ မုန်းမိခဲ့တဲ့  ငါ့ကိုယ်ငါ ဒဏ်ခတ်ရင်း ငါနင့်ကိုတသက်လုံး ဆက်ချစ်သွားမှာပါ... မိုးရယ်........။

(မိုးအကြောင်းတွေးမိပြီး စိတ်ထဲရှိတဲ့ အတိုင်းလျှောက်ရေးထားပါသည်။အမှားရှိခဲ့လျှင်(သို့ )ခံယူချက်မတူခဲ့လျှင်
သည်းခံပြီးဖတ်ပေးစေချင်ပါသည်.။ ကျေးဇူးတင်ပါသည်။း)


3 comments:

စံပယ်ချို said...

ဂျက်ရဲ့ချစ်ရသူ လင်တော်မောင်က
မိုးခြိမ်းသံ ကိုကြောက်တတ်တယ်လေ
ခံစားလို့ရတဲ့ပိုစ့်လေးပါချင်းမလေးရေ
မိုးတွေကရင်ကိုအေးစေတယ်

လွင်ပြင်လှိုင်းငယ် said...

အပေါ်ကတစ်ယောက် ဘာတွေဖော်ကောင်လုပ်နေတာလဲ ဟိ။
ခံစားလို့ ကောင်းတဲ့ ပို့ကောင်းလေးပါ။လင့်လေးယူသွားပါရစေနော်

အိပ်မက်ကောင်းကင် said...

မိုးအကြောင်းကိုရေးထားတာ ဖတ်လို့အရမ်းကောင်းပါတယ်
စာသားတွေကလည်း ရိုးရိုးလေးနဲ့ ခံစားလို့ကောင်းပါတယ်
^_^ ^_^ ^_^