Friday 17 July 2009

အချစ်လို့ မထင်တဲ့ အချစ်

အရာရာဟာပြီးဆုံးသွားပြီလား...
မသေချာမရေရာတဲ့ မေးခွန်းကြီးတစ်ခုကျွန်မခေါင်းထဲ
ဝင်လာမိတယ်...။
အရင်ကသူမရှိလဲဖြစ်တယ်လို့ ထင်နေခဲ့တဲ့ ကျွန်မ
အခုချိန်မှာတော့ သူဟာကျွန်မအတွက်မရှိမဖြစ်လိုအပ်တဲ့ 
လူမှန်းသိသွားတဲ့ အချိန်ဟာ အားလုံးပြီးဆုံးသွားတဲ့ အချိန်များ
ဖြစ်နေပြီလား.....။
သူ့ အကြောင်းတွေးနေရင်းနဲ့ ရင်ဘတ်ကစူးခနဲနာကျင်သွား
တတ်ခဲ့တာ ကျွန်မ သူ့ ကိုသိပ်ချစ်နေလို့ ဆိုတာ
သေချာနေခဲ့ပြီပဲလေ။
ကုန်ခမ်းသွားပြီလို့ ထင်နေခဲ့တဲ့ မျက်ရည်တွေ
ကျွန်မရဲ့ မျက်ခမ်းသားကနေပြန်ပြီးကျလာခဲ့တာတွေကရော
ကျွန်မသူ့ ကိုချစ်တယ်ဆိုတာကိုပြဖို့ သက်သေကောင်းတစ်ခု
ပဲမဟုတ်လား။
ရည်းစားနဲ့ ချစ်သူဆိုတဲ့ အခေါ်အဝေါ်နှစ်ခုကြားမှာခေါင်းရှုပ်ခဲ့
တဲ့ သူနဲ့ ကျွန်မ...
ရည်းစားဆိုတာဘာလဲ..ချစ်သူဆိုတာကကောဘာလဲ...
ကျွန်မကကောသူ့ အတွက်ရည်းစားလား..ချစ်သူလား...
သယ်ရင်းတယောက်ပြောဖူးတယ်..ရည်းစားကိုချစ်သူလို့ ထင်နေ
ကြတဲ့ ကောင်မလေးတွေကတော်တော်သနားဖို့ ကောင်းတယ်တဲ့ ..
ကျွန်မကကောအဲံ့ဒီသနားစရာလူတွေထဲမှာပါမှန်းမသိပါနေခဲ့ပြီလား..
ဘယ်အချိန်ထိများချစ်ခွင့်ရှိနိုင်မလဲ....။
မသေချာမရေရာမှုတွေကြားမှာနေထိုင်ရင်း
တွေးတောနေမိတယ်..
ငါ မ..........ခဲ့ရင်ကောင်းသားလို့ ...။
သူနဲ့ ကျွန်မကြားမှာအချစ်ဆိုတာသတ်ပုံမှားနေခဲ့ပြီလား....။

11 comments:

လင်းကြယ်ဖြူ said...

ကဗျာကောင်းတစ်ပုဒ်ပါပဲ....

Apprenticeship said...

ငါတော့ သတ်ပုံမှားပီး စာမေးပွဲပါကျတယ် :(

ခြေလှမ်းသစ် said...

အချစ်သံဝေဂ ကဗျာလေးလို့ ထင်မိပါတယ်.. ဖတ်ကောင်းတဲ့ ကဗျာလေးပါ

ခွပ်ဒေါင်းမြေ said...

သတ်ပုံမှားရင် ... သတ်ပုံကျမ်းစာအုပ်ရှိတယ်...
အင်း... သတ်ပုံမှားလဲ မှားမှာပေါ့လို့... ကျောင်းမှ မှန်မှန် မတတ်တာ...

အနော်လဲ မှားပြီး ပေါင်းမိတယ်လေ... ဟိဟိ

MoeThwayNge said...

အော် ......နင်အဖြစ်ကလည်းဟာ..နာ ထက်တောင် ဆိုး နေပါလား။အေးလေ တို့ ဘလောက်ဂါ တွေက အကုန်အကွဲ အပြဲတွေကြီးနော် (အဲ ..အသည်းကွဲတာ ပြောတာနော်..အဟတ်)။အေးပါ နင်က ဖွင့်ချပြတော့ လည်းစိတ်မကောင်းခြင်း ကိုယ်ချင်းစာခြင်း တွေနဲ့ ခံစားသွားပါတယ်ဟာ။
အဆင်ပြေ မြန်မြန် ......ပါစေနော်။

ခင်မင်မှုဖြင့်
အားလုံးကိုပျော်စေချင်တဲ့

လူတယောက် said...

နင်တို့ အဆင်ပြေတာကို ပဲမြင်ချင်ပါတယ်.. သူငယ်ချင်းရယ်....
အဆင်ပြေ ပါစေလို့ ဆုတောင်းရင်း

မီးတောက် said...

ခံစားချက်တွေနဲ့ ရေးထားတဲ့ ကဗျာလေးကို မှတ်သားသွားပါတယ် ခင်ဗျာ
အရာရာ ပြည်စုံပါစေလို့ ဆုတောင်းပါတယ်

Angel Shaper said...

အင်း ချင်းမလေးကလဲ သတ်ပုံမှားပါဘူး။ အဓိပ္ပာယ်လွဲနေတာပါ..ဟဲဟဲ
ပျောက်နေတယ်နော်။
ပြန်လာခဲ့...မျှော်နေတယ်။

Angel Shaper said...

Ka Pi, Dam dam maw?
Mang cih tak mang.
Bang hih hih na hia?
Lai gelh kik oo maw?
Topa' thupha!

Hong Phawk
Dim

ပန်းခင်းလေး said...

ကဗျာကောင်းကောင်းလေးကိုဖတ်သွားတယ်နော် အဆင်ပြေပါစေညီမလေးရေ

ပန်းခင်းလေး

Anonymous said...

အင်... ရည်းစားနဲ့ ချစ်သူ မတူဘူးလား တခါမှ အဲလို မတွေးမိဘူး..။