Wednesday 10 June 2009

ကျွန်မရဲ့ ဝါသနာ

ကျွန်မအခုတလော ပို့ စ်မတင်ဖြစ်တာကြာနေပြီ..မအားတာ
တစ်ကြောင်း၊စိတ်ညစ်နေတာတစ်ကြောင်း၊ပျင်းတာတစ်ကြောင်း၊
အကြောင်းတွေစုပြီးဘာမှကိုမလုပ်ဖြစ်တာ....။
ဒီနေ့အွန်လိုင်းတက်ဖြစ်တော့ အမ နှင်းဆီနက်က တက်ဂ်ထားတယ်
တဲ့.. ပြောသွားတယ်လေ..အဲ့ဒါနဲ့ ပဲ ဘာအကြောင်းအရာနဲ့ တက်ဂ်ထား
ပါလိမ့်ဆိုပြီးသူ့ ဆီအပြေးတပိုင်းနဲ့ သွားကြည့်ရသေးတယ်..
ဘာတဲ့ .. ၀ါသနာ... တဲ့ လေ..
အင်း...လူဖြစ်လာရင်တော့ဝါသနာကိုယ.်စီရှိကြရတာပဲလေ..
ကျွန်မလဲလူထဲကလူဆိုတော့.. ၀ါသနာတော့ရှိတာပေါ့နော်..
ဒါပေမယ့်ကျွန်မရဲ့ ဝါသနာက သူများဝါသနာလိုသိပ်စိတ်ဝင်စားဖို့ တော့
မကောင်းလှဘူး...။
ကျွန်မ ငယ်ငယ်တည်းက သီချင်းဆိုတာဝါသနာပါခဲ့တယ်..
ဘုရားကျောင်းမှာလဲ သီချင်းတွေဆိုဖြစ်တယ်.. ငယ်ငယ်ကဆို ကလေးသီချင်း
ဆိုတာ တော်တော်ရှားတယ်လေ..အဲ့ဒီတော့ကျွန်မသီချင်းဆိုရင်အားလုံးကချီး
ကျူးကြတယ်.. ကလေးဖြစ်ပြီးတော်လိုက်တာပေါ့နော်..အဲ့လိုမျိုးပေါ့..ဟီး.. :P
ကြီးလာတော့နဲနဲရှက်တတ်လာတယ်.. တခါတလေမှပဲဆိုဖြစ်တော့တယ်..
မဆိုတာတောင်တော်တော်ကြာနေပြီ.. ဟီး.. ကိုယ့်အကြောင်းကိုယ်သိလို့ .. :P
ကျွန်မသီချင်းဆိုရင် အပြင်လူတွေက ကောင်းတယ်လို့ ပြောကြပေမယ့်..
အိမ်ကလူတွေကတော့ "နင်ဆိုတာ ဘယ်လိုကြီးလဲံ.. ဘယ်နေရာမှာဘာလိုတယ်..
ဟိုနေရာကိုဟိုလိုဆိုလိုက်ရင်ပိုကောင်းမယ"်ဆိုပြီး ဝေဖန်လိုက်ကြတာပျစ်ပျစ်နှစ်နှစ်ပဲ..
အိမ်ကလူတွေရှေ့မှာသီချင်းတောင်မဆိုရဲလောက်အောင်ပဲ.. အဲ့လောက်တောင်ချီးကျူး
ကြတာ....ဟဲဟဲ..
အခုနောက်ပိုင်း..တစ်နှစ်လောက်တော့ရှိပြီ..ကျွန်မ ကဗျာရေးတာဝါသနာပါလာတယ်..
အစကတော့စာအုပ်ပေါ်မှာခဲတံနဲ့ ရေးချတယ်..ပြီးရင်ပြန်ဖတ်တယ်..မကြိုက်ရင်ပြင်တယ်..
ကြိုက်ရင်တော့ဘလော့ဂ်ပေါ်တင်တော့တာပဲ..သူများကြိုက်မကြိုက်မသိဘူးး..ကိုယ်
ကြိုက်နေရင်ရပြီ..အဲ့လိုမျိုး..........................။
ကျွန်မလိုအေးဆေးပြီးစကားများများမပြောတတ်တဲ့ သူအဖို့ တော့ခံစားချက်လေးတွေ
ကိုကဗျာအဖြစ်ပြောင်းပြီး..ဘလော့ဂ်မှာတင်နေ၇တာနဲ့ တင်ကျွန်မကျေနပ်နေတတ်ခဲ့
တယ်လေ......။
ကဲ..အမနှင်းဆီနက်ရေ....အမတက်ဂ်တဲ့ ပို့ စ်လေးရေးလို့ ပြီးသွားပြီနော်..
ချင်းချင်းရဲ့ ဝါသနာကတော့သိပ်စိတ်ဝင်စားဖို့ မကောင်းဘုးနော်..ဟီး
အားတောင်နာတယ်....
သူများတွေကိုတော့လိုက်ပြီးမတက်ဂ်တော့ပါဘူး....။
မမနှင်းဆီနက်ကျေနပ်နိုင်ပါစေ................................။

8 comments:

နှင်းဆီနက် said...

ရေးပြီးသွားပြီပေါ့လေ ကျေနပ်ပါတယ်ညီမငယ်ရေ သီချင်းတွေဆိုပြီးကဗျာတွေဆက်ရေးနိုင်ပါစေလို့
ခင်မင်စွာဖြင့်
နှင်းဆီနက်

ကောင်းကင်ပြာ said...

ကဗျာဆရာမလေးရဲ့ ၀ါသနာကို လာဖတ်တယ်

thawzin said...

ပို့စ် အသစ်မရေးတော့ မရောက်ဖြစ်တာကြာပါပြီးဗျာ... အခုတော့ရောက်ပါပြီး ဘုရားကျောင်းမှာသီချင်းဆိုတယ်ဆိုတော့ ဗုဒ္ဓဘာသာဝင် ဟုတ်ဘူးပေါ့.....,
သီချင်းတွေလဲ ဆိုနိုင်ပါစေ
ကဗျာတွေလဲရေးနိုင်ပါစေဗျာ ..
မှတ်ချက်။ ။(တွံတေးသိန်းတန် လေသံဖြင့်)

တောင်ပေါ်သား said...

ဝါသနာ ၀ါသနာတွေ ဖတ်သွားတယ်ဗျ


လေးစားလျက်
တောင်ပေါ်သား

Angel Shaper said...

ချင်းမလေးရေ....ဘာချင်းလေးလဲဟင်၊ ပြောပြပါလား..
တို့ လည်းချစ်စရာကောင်းတဲ့တီးတိန်ချင်းလေးပါ...
လာလည်သွားတယ်...
တို့ နှစ်ယောက်ဝါသနာတူတယ်ဟေး...
တို့ လည်းငယ်ငယ်ကတည်းက ဘုရားကျောင်းမှာ
သီချင်းတွေဆိုဖြစ်တယ်။ အခုထိအော်တုန်း ဟဲတုန်းပါ၊
ဆက်လုပ်သူငယ်ချင်း...ဘာချင်းလဲသိမှ ချင်းလိုရေးမယ်နော်...
အရမ်းကောင်းတဲ့ဘလော့လေးပါ...

mgnge said...

Oops!
ဒါလေးပဲလား....
တစ်ခုကျန်သေးတယ်လေ..
ငါဖွလိုက်ရမလား ဟီးးဟီးး

Anonymous said...

သီချင်းလဲ ဆိုတတ်တယ်ပေါ့.. ငှားမယ် သိလား ရော့ ဒီမှာ ၁သိန်း... နောက်ဘယ်တော့မှ အသံမထွက်နဲ့ ထွက်တာနဲ့နာပြီသာမှတ်.. ဟိ

A said...

ငါကတော့ ကလေကပါ ချင်းဆိုအမျိုးတောင်တော်နေမလားပဲ အားလုံးကိုသဘောကျတယ်