Tuesday 24 February 2009

အနွမ်းပန်း

အားလုံးကိုပုံအောပြီးတော့
မင်းကိုငါချစ်ခဲ့လဲ
ငါ့အချစ်က
မင်းအတွက်တော့
ညိုးနွမ်းနေတဲ့
ပန်းလေးတစ်ပွင့်လို
ဖြစ်နေခဲ့တော့
မင်းတန်ဖိုးမထားတဲ့ငါ့အချစ်
ညိုးနွမ်းလွန်းတဲ
ပန်းလေးတစ်ပွင့်လို
လွင့်ပစ်နင်းခြေပစ်ပါ
တော့
ချစ်သူရယ်....

7 comments:

ကောင်းကင်ပြာ said...

တန်ဖိုးထားတဲ့ ချစ်သူလေးနဲ့တွေ့ပါစေ အနွမ်းပန်းလေးရေ

စိုင်းစိုင်းလားရှိုး said...

အဲဒီပန်းလေးကို ကောက်ပြီး ဗူးထဲ ထည့်ထားမယ်။

မီးတောက် said...

မနင်းခြေ ပါရစေနဲ့ .........
နွမ်းနေပေမယ့် အလှ သိမ်းထားပါရစေ .....
ဟိ
ဆက်လက်ရေးသားနိုင်ပါစေ ......

Welcome said...

မေတ္တာစစ်မယ်
အချစ်မှန်မယ်ဆိုရင်
ပင်မြင့်ပန်းကို
အချွေဦးသူအတွက်
နွမ်းပေမယ့်
ရနံ့ပြယ်မယ် မထင်ရပါဘူး။

ခင်မင်လျက်
ဝင်းဇော်

lovelessguiter said...

အားတင်းထားပန်းလေးရေ... နေရောင်ကွယ်ရင် လရောင်တလှည့် ရောက်လာဦးမှာပါ...

ဒေါင်းမင်း said...

အဲဒီလိုတော့မရေးပါနဲ့....သူတန်ဖိုးမထားပေမယ့်
တန်ဖိုးထားသူတစ်ယောက်ပေါ်မှာပါ

မသက်ဇင် said...

မင်းတန်ဖိုးမထားတဲ့ငါ့အချစ်
ညိုးနွမ်းလွန်းတဲ
ပန်းလေးတစ်ပွင့်လို
လွင့်ပစ်နင်းခြေပစ်ပါ
တော့
ချစ်သူရယ်....

တဲ့ လားကွယ်---
ရိုးရိုးလေးနဲ့လှတယ်---