Saturday 31 January 2009

ဆန္ဒ မဲ့နှုတ်ဆက်ခြင်း

မထင်မှတ်တဲ့ အချိန်
မထင်မှတ်တဲ့ နေရာက
ဝင်လာပြီး
မထင်မှတ်တဲ့ အရာတွေပေးသွားလို့
မထင်မှတ်လိုက်တဲ့ အချိန်မှာ
ပြန်ထွက်သွားတဲ့ အရာ
အဲ့ဒါ....အချစ်တဲ့ လား...
ငါ့ရင်တွေပူ
ငါ့နှလုံးခုန်သံတွေဗြောင်းဆန်
ငါ့ဝင်သက်ထွက်သက်တွေ
မှားစေလောက်တဲ့ 
ရင်ခုန်သံပိုင်ရှင်လေး
ချစ်မိမှ
ဟိုးးးးးအဝေးဆုံးတနေရာ
ရှောင်ပြေးသွားပြီလား....
ကောင်လေးရေ...
ငါ့ရင်ထဲကဝေဒနာ
မင်းလေးသိနိုင်ပါ့မလား.
ချစ်ခဲ့တယ်ဆိုပေမယ့်လေ
မဖြစ်နိုင်တဲ့ ပတ်ဝန်းကျင်ကြောင့်
သိပ်ချစ်တယ်ဆိုတဲ့ စကား
ပါးစပ်ကပြောမထွက်နိုင်တာ
မင်းလေးနားလည်ပေးရင်း
သိပ်ချစ်ခဲ့တယ်ဆိုတာလေးလဲ
အမှတ်ရပေးပါ..
တနေ့ နေ့ ......
အချစ်စစ်ခဲ့ရင်
ပြန်ဆုံကြဖို့ 
မျှော်လင့်ရင်းနဲ့ 
မင်းလေးကို
ဒီနေရာလေးကနှုတ်ဆက်ခဲ့တယ်
သိပ်ချစ်ရတဲ့ ကောင်လေးရယ်.......

9 comments:

Unknown said...

ပေးမနှုတ်ဆက်ပါဘူး...
ပေးမနှုတ်ဆက်ပါဘူး...
ပေးမနှုတ်ဆက်ပါဘူး...
ပေးမနှုတ်ဆက်ပါဘူး...
ပေးမနှုတ်ဆက်ပါဘူး...
ပေးမနှုတ်ဆက်ပါဘူး...
အိုကေ?

အရုပ်ကလေး said...

ဒီနေရာလေးက နှုတ်ဆက်ခဲ့တယ် ဆိုတာ ...
ဘလော့ခ် အိမ်လေးတွေကိုတော့ ခွဲမသွားနဲ့ ညီမရေ ..။
ဘာတွေ ခံစားနေလဲ ..။ ကဗျာလေးက ကောင်းပေမယ့်
ခံစားချက်တွေက ကြေကွဲနေတယ် ..။

အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် ..။
ဦးနှောက် အသိထက် နှလုံးသား အသိလေးကို
ဒီအခြေအနေမှာ ပိုဦးစားပေးစေချင်ပါတယ် ..။။

ခင်မင်တဲ့ အစ်ကိုတော် ..။

My Diary said...

အမှတ်တမဲ့တွေကနေ အမှတ်တရအဖြစ်ပြောင်းသွားတာထင်တယ်။

စိုင်းစိုင်းလားရှိုး said...

နှုတ်မဆက်နဲ့ ငါ့ကို နင်လေ ပစ်သွားရက်ပါရင် လွမ်းလည်းမလွမ်းချင်ဘူး အမှတ်တမဲ့ နင်လေထွက်သွားပါ။ ကဗျာကောင်းလေး ခံစားသွားပါတယ်။

Anonymous said...

မထင်မှတ်တဲ့ အချိန်
မထင်မှတ်တဲ့ နေရာက
ဝင်လာပြီး
မထင်မှတ်တဲ့ အရာတွေပေးသွားပြီး
မင်းလေး ခံစားနေရတာကိုမကြည့်ရက်လို့
မထင်မှတ်ပဲ ပြန်ရောက်လာပြီနော်
ဝေဒနာတွေ အလွမ်းတွေကို အဆုံးသတ်လိုက်
ပါတော့နော်။

ပန်းခင်းလေး said...

ကောင်မလေး
ဘာတွေခံစားနေရလဲ
အဲ့ လောက်အများကြီးမခံစားပါနဲ့ 
ကိုယ်ပဲ စိတ်ညစ်ရမယ်
သိပ်အများကြီးမတွေးနဲ့ နော်

ခင်မင်တဲ့ 

အစ်မတော်

ပန်းခင်းလေး

မီးတောက် said...

ငါ့ရင်တွေပူ
ငါ့နှလုံးခုန်သံတွေဗြောင်းဆန်
ငါ့ဝင်သက်ထွက်သက်တွေ
မှားစေလောက်တဲ့ 
ရင်ခုန်သံပိုင်ရှင်လေး
ချစ်မိမှ
ဟိုးးးးးအဝေးဆုံးတနေရာ
ရှောင်ပြေးသွားပြီလား....
ကောင်လေးရေ...
ငါ့ရင်ထဲကဝေဒနာ
မင်းလေးသိနိုင်ပါ့မလား.
ချစ်ခဲ့တယ်ဆိုပေမယ့်လေ
မဖြစ်နိုင်တဲ့ ပတ်ဝန်းကျင်ကြောင့်
သိပ်ချစ်တယ်ဆိုတဲ့ စကား
ပါးစပ်ကပြောမထွက်နိုင်တာ
မင်းလေးနားလည်ပေးရင်း
သိပ်ချစ်ခဲ့တယ်ဆိုတာလေးလဲ
အမှတ်ရပေးပါ..

ဘယ်တော့မှ ရှောင်ပြေးမှာမဟုတ်ပါဘူး .....
ပြောချင်ရင် ပြောလိုက်နော် ....
စိတ်ဆိုးတတ်ဘူးနော် ....
ကဗျာကောင်းလေး တစ်ပုဒ်ခံစားသွားပါတယ်
ဆက်လက်ရေးသားနိုင်ပါစေ

Welcome said...

ဆွေးဆွေးမြေ့မြေ့ကို ခံစားရမိပါတယ်။
ကဗျာကောင်းလေးတွေ မကြာမကြာ လာဖတ်ဖြစ်တယ်။ အားပေးလျက်ပါ

ဒေါင်းမင်း said...

မထင်မှတ်တဲနေရာတွေကမထင်မှတ်တာတွေဖြစ်ဖြစ်လာ
လွန်းလို့..စိတ်ညစ်ရပါလားကွယ်...