Friday 23 January 2009

အလွမ်းများနဲ့ လူ

လွမ်းလို့ သေသွားတဲ့ လူမရှိဘူးလို့ 
ဘယ်သူတွေပြောပြော
ကို ကတော့မင်းကိုလွမ်းရလွန်းလို့ 
သေတောင်သွားနိုင်တယ်
ကောင်လေးရယ်..
ဘယ်င်္ဆီကိုရောက်လို့ 
ဘယ်နေရာမှာမင်းလေးရောက်နေလဲ
မင်းလေးရှိမယ့်နေရာ
မှန်းဆတမ်းတလွမ်းနေရတယ်ဆိုတာ
မင်းလေးသိနိုင်ပါ့မလား...
နှုတ်ဆက်စကားတခွန်းမှမဆိုပဲ
ထွက်သွားတဲ့ မင်းကို
အပြစ်မတင်ရက်တာအမှန်ပါ..
သိပ်ချစ်တယ်ချစ်သူရယ်....
ဘယ်အချိန်မှာများ
ပေးလိုက်တဲ့ အချစ်တွေ
ရောင်ပြန်လာမယ်ဆိုတာ
မသိပေမယ့်
မျှော်လင့်နေမိတာတော့
အမှန်ပါ...
မင်းရဲ့ စကားလုံးလှလှလေးတွေအောက်မှာ
ဘယ်တုန်းတည်းကအရည်ပျော်ခဲ့လဲတောင်
ကိုယ.့်ကိုယ်ကိုမသိနိုင်အောင်
ကိုယ့်အပေါ်လွမ်းမိုးလွန်းတဲ့ 
ကောင်လေး မင်းပါကွာ......
ချစ်တယ်ဆိုတဲ့ စကားထက်
ပိုပြည့်စုံမယ့်စကားရှိရင်
ကိုယ့်ကိုသင်ပေးလှည့်ပါ..
ချစ်သူရယ်....
ခါးသီးတဲ့ အချိန်တွေကို
ကျိတ်မှိတ်မျိုသိပ်ရင်း
ကိုယ့်အချစ်တွေ
မင်းလေးနား လည်လာတဲ့ တစ်နေ့ 
ကိုစောင့်မျှော်နေမယ်နော်..

9 comments:

အရုပ်ကလေး said...

ကဗျာကောင်းလေးပါ ...
ချစ်သူအတွက် ရင်ခတ်သံလေး ကြိုက်တယ် ..
ဆက်လက် ရေးဖွဲ့နိုင်ပါစေ ..။

ပန်းခင်းလေး said...

ဟိတ်ကောင်မလေး ဘယ်ကောင်လေးကိုလွမ်းနေတာလဲ
:P
ကဗျာကောင်းလေးတစ်ပုဒ်ပါ
နောင်လဲများများရေးနော်


ပန်းခင်းလေး

မီးတောက် said...

ကဗျာလေးက ခံစားရတယ်နော် ........
ဆက်လက်ရေးသားနိုင်ပါစေ .....

RePublic said...

လွမ်းတတ် လိုက်တာဗျာ ၊၊
လာလည်သွားပါတယ်၊၊ နေကောင်းတယ်ဟုတ် ညီမ ချင်းမလေး ၊၊

Apprenticeship said...

အလွမ်းမလေး အလွမ်းတွေကယ်တင်မဲ့ သခင်လေးအမြင်ပေါ်လာပါစေနော်...

စိုင်းစိုင်းလားရှိုး said...

အလွမ်းမလေး မလွမ်းပို ကောင်လေးကို စောင့်လို့ ငိုနေပါတယ် မလွမ်းပို မငိုပါနဲ့ကွယ် ကောင်လေးရယ် ပြန်လာတော့ကွယ်

Anonymous said...

ခုတော့ ဘယ်လောက်ချစ်နေမှန်းဆိုတာ အရမ်းကိုနားလည်သွားပြီသိလား။ ရောက်ရာအရပ်က အချိန်မဆိုင်းပဲ ရောက်ရာ
အရပ်ကလှည့်ပြန်လာခဲ့မယ်။လာမည် ကြာမည်
မျှော်.........................
ကဗျာလေးကို ခံစားသွားပါတယ်ဗျာ။ သိပ်ခံစား
နေရပြီနဲ့ တူတယ်နော်

My Diary said...

ကောင်းလိုက်တဲ့ ခံစားချက်
တိတ်တိတ်တိတ်(ငိုနဲ့တော့နော်)
သူ့ကို သွားခေါ်လာခဲ့မယ်
တော်2 လမ်းသလားနေပုံပဲ
အ ဟီးး

Welcome said...

မိန်းကလေးကြိုက်တော့ စိုက်စိုက်မျှော်
ဆိုတဲ့စကားပုံက ဒီကဗျာမှာ ပိုပေါ်လွင်စေတယ်။
အချစ်များ သူ့ဆီမှာ ဆိုတဲ့
သီချင်းစာသားလေးအတိုင်း
သူ့ဆီက အချစ်ကို မျှော်လင့်ရင်းနဲ့
ပျိုပျိုကြီးဖြစ်သွားအုန်းမယ် .. ..

မျှော်ရွှင်နိုင်ပါစေ (ပျော်)