Wednesday 14 January 2009

ကျေးဇူြး့ပုပြီး

ရှုပ်ထွေးလှတဲ့ 
လူ့ လောကမှာ
ဘ၀ဆိုတာနေတတ်ရင်
ကျေနပ်စရာကြီးပါတဲ့ 
ကျမကတော့
မနေတတ်လို့ ပဲလား
ကျေနပ်စရာမကောင်းခဲ့ဘူး
ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ မှုတွေ
ဆွေမျိုးတွေရဲ့ ရှုတ်ချမှုတွေ
သယ်ရင်းတွေရဲ့ ပစ်ပယ်မှုတွေ
ချစ်သူရဲ့ စွန့် ပစ် ခြင်းတွေ
လူတွေရဲ့ တံထွေးခွက်ထဲ
ကျမဘ၀လဲရေစုန်မျောလို့ 
ဒီနေ့ အတွက်တွေးပူရင်း
မနက်ဖြန်များစွာကို
တွေးကြောက်တတ်လာခဲ့ပြီ
ကံကိုလဲမပုံချရဲ
လူတွေရဲ့ မျက်လုံးပေါင်းတစ်ထောင်
စကားလုံးပေါင်းများစွာဟာ
သွေးစုပ်ဖုတ်ကောင်အလား
ကျမရဲ့ စိတ်တွေ
တစ်စထက်တစ်စအားပျက်
ယုတ်လျော့စေခဲ့ပြီ
အဝေးဆုံးကိုထွက်သွားချင်ပြီ
လူတွေရဲ့ ရှုတ်ချမှုတွေနဲ့ 
အဝေးဆုံးတစ်နေရာ
ကျေးဇူးပြုပြီး
ကျမကိုခေါ်ဆောင်သွားပေးကြပါ.........။

9 comments:

Demon(ဖိုးသား) said...

ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ မှုတွေ
ဆွေမျိုးတွေရဲ့ ရှုတ်ချမှုတွေ
သယ်ရင်းတွေရဲ့ ပစ်ပယ်မှုတွေ
ချစ်သူရဲ့ စွန့် ပစ် ခြင်းတွေ
လူတွေရဲ့ တံထွေးခွက်ထဲ
ကျမဘ၀လဲရေစုန်မျောလို့ 
ဒီနေ့ အတွက်တွေးပူရင်း
မနက်ဖြန်များစွာကို
တွေးကြောက်တတ်လာခဲ့ပြီ

ဘဝတူတွေပါဗျာ...။

စိုင်းစိုင်းလားရှိုး said...

ဘယ်သူတွေဘယ်လိုပဲ ပြောပြော နောက်ဆုံးတော့ ကိုယ့်ဘ၀ဟာ ကိုယ့်လက်ထဲမှာပဲ ဘယ်မှမသွားနဲ့သိလား? ကမ္ဘာကြီး စီးပွားရေးကျဆင်းနေတယ်။

Unknown said...

ကိုယ့်အပေါ်ကောင်းသူမှတပါး
ဘယ်သူ့ကိုမှဂရုမစိုက်နှင့်

Anonymous said...

စိတ်ညစ်နေသလား ညစ်ပါနဲ့ဗျာ ဘ၀ဆိုတာဒီလိုပဲ နိမ့်လိုက်မြင့်လိုက်နဲ့ ခံနိုင်ရည်
ရှိဖို့ အဓိကပါပဲ

Apprenticeship said...

လိုက်ခဲ့နော်.. ခေါ်သွားပြီး။ :P

ပျံသန်းခြင်းရပ်ဝန်း said...

တောင့်ထားချင်းမလေးရေ...
လူတိုင်းဒီလိုနဲ့ဖြတ်သန်းနေကြရတာပါ..။
ပြီးတော့လည်းပြီးသွားမှာပါပဲ...။

lovelessguiter said...

ဘ၀ ဘ၀ ဘဝ
ရဲရင့်မှ ဖြစ်မယ် ချင်းမလေးရေ...

MisteR said...

ဘဝမှာ ကိုယ်က ချစ်ရတဲ့သူတွေရှိပြီး
ကိုယ့်ကို ချစ်နေတဲ့သူတွေရှိနေလို့
နေပျော်စရာကောင်းတယ်တဲ့..

အဆင်ပြေပါစေဗျာ

Welcome said...

လူမှုဆက်ဆံရေးနယ်ပယ်မှာ
ပတ်ဝန်းကျင်ဆိုတာ ရှိတယ်လေ..
ဒါပေမယ့် အဲဒီပတ်ဝန်းကျင်က
ချီးမွှမ်း ၇ ရက်
ကဲ့ရဲ့ ၇ ရက်မို့
သိပ်ပြီး အလေးမထားစေချင်ပါဘူး
ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ဘူး
ဆိုတဲ့ ခံယူချက်နဲ့
ကိုယ့်လမ်းမှန်ကို ကိုယ်လျှောက်ပါ
အဆင်ပြေတဲ့နေ့လေးတွေ ကြိုဆိုနေမှာပါ
(နှလုံးသားရေးရာနဲ့ ပတ်သက်ပြီးတော့
အကျန်ပေးရန် မရှိပါ၊ အဆင်ပြေအောင်တော့ ကိုယ့်ဖာသာ ကျင့်ကြံယူပါနော်)

ခင်မင်လျက်နဲ့ .. ..