Thursday 1 January 2009

ချစ်လွန်းလို့ ပါ

မောင်ကရေလှိုင်းလေးဆို
ကျွန်မကကမ်းစပ်လေးပေါ့..
မောင်ကလမ်းကလေးဆို
ကျွန်မကပလက်ဖေါင်းလေးပေါ့..
မောင်ကကြောင်နက်လေးဆို
ကျွန်မကကြောင်လေးရွှေဝါပေါ့..
မောင်ကလမင်းလေးဆို
ကျွန်မကကြယ်စင်လေးပေါ့...
မောင်ဘယ်သွားသွား
အနောက်ကတကောက်ကောက်လိုက်လို့ 
အရာရာဟာမောင့်သဘောအတိုင်းဖြစ်ခဲ့တာဟာ
မောင့်ကိုချစ်လွန်းလို့ ပါ...

7 comments:

စိုင်းစိုင်းလားရှိုး said...

မောင်က ၀ီစကီဆို ကျမက ဆိုဒါပေါ့

တောင်ပေါ်သား said...

ဦးရှင်ကြီး လျှောက်နောက်နေပြီး ချင်းမလေးကို တကယ်က ဆိုဒါ ဟုတ်ဘူး မောင်က အရက်ဆို ကျမက ရေပေါ့ဗျာ ဟဲဟဲ ချင်းမလေး စတာနော် စိတ်ဆိုးနဲ့

Anonymous said...

ဒါရှိုရင် မှောင်က ကမုတ်ခွက်(အိမ်သာ)ရှိုရင်
ကော ကျမက အင်အင်းလားဟင်..............
ဟီးဟီးဟီး
ခင်လို့စတာစိတ်မဆိုးရဘူး ပြီးတော့နှစ်သစ်မှာ
စိတ်ဆိုးရင် တနှစ်ပတ်လုံး ဒုက္ခတွေ့တတ်တယ်
လို့......................................................
ကျနော်ပြောတယ် ဟိဟိဟိ
ကဗျာကောင်းပါတယ်ဗျာ

မီးတောက် said...

ကဗျာလေးက တိုပင်မယ့် မိုက်တယ် ......
ကာရံလေးတွေကလည်း စပ်စပ်မူရှိတယ် ....
ဘာလည်း မောင့်ကို ချစ်လွန်းလို့ပါတဲ့..........
ဆက်လက်ရေးသားနိုင်ပါစေ ......

ပျံသန်းခြင်းရပ်ဝန်း said...

ချစ်နိုင်သူများချစ်ကြပါဗျာ...

Anonymous said...

မောင်ကလမင်းလေးဆို ဟီးဟီး

ကဗျာလေး လာဖတ်သွားတယ်..

ချင်းမလေးမရောက်တာကြာလို့ 

မနည်းရှာပီးလိုက်လာတာ

အဆင်ပြေပါစေ

တုတ်ကြီး said...

မောင့်ဘ၀ ချီးတုံးလေးပါ..မင်းဘ၀ ရေလှိုင်းထဲ
မှာ မျောရင်း မျောရင်း..မသမာသူ ငါးစင်ရိုင်းတစ်စုကြောင့် မောင့်ဘဝ
ငရုတ်သီးပဲ ကျန်တော့တယ်ကွယ်