Tuesday 21 October 2008

GoOd bYe(၃ ပတ်စာ :P )

ကျမရင်တွေအရမ်းခုန်နေတယ်...အဲ..ရင်ခုန်တယ်ပြောလို့ တညိုးမထင်
ကြနဲ့ နော်..စာမေးပွဲနီးနေလို့ ရှင့်..ဟီး...
မသေခင်၁၀ရက်ထက်တောင်ပိုကြောက်ရတဲ့...မဖြေခင်၁၀ရက်တောင်
မဟုတ်ဘူးရှင့်....မဖြေခင်၉ရက်..အဲဒါ...
စိတ်တွေကယောင်ချောက်ချားဖြစ်နေတယ်...အခုချိန်လာမမိတ်ဆက်နဲ့ ..
ချင်းမလေးရေ..ကျတော်ကတော့ဘယ်သူ..ကျမကတော့ဘယ်သူဆိုပြီး..
တိဝူး..တိဝူ..သွား...ဒူ့ ကိုမှတိဝူး...(ဘယ်သူမှလဲမမိတ်ဆက်ဖဲနဲ့ နော့..ဟီး :P)
အခုချိန်မှာကိုယ့်ကိုယ်ကိုတောင်မမှတ်မိချင်တော့တာ.......:P :D
ချင်းမလေးဆိုတာခေါင်းအရမ်းမာတဲ့ ကောင်မလေး....လုပ်ချင်တာကိုလာမတားနဲ့ ..
မရဘူး..ရအောင်ကိုလုပ်တယ်..အဲလောက်တောင်ခေါင်းမာတာ(မယုံရင်တူနဲ့လာထုကြည့် :P)
လုပ်ချင်တာလုပ်ရဖို့ ဆိုရင်ဘယ်သူ့ ကိုမှဂရုမစိုက်ဘူး..ကြောက်လဲကြောက်ဘူး..
အဲ..စာ....မေး....ပွဲ.....ဆိုတာကြီးကိုတော့သူသိပ်ကြောက်တယ်...ဟီးဟီး..
သူ့ ကိုချောက်ချင်ရင်စာမေးပွဲနဲ့ ချောက်လိုက်...တုန်နေအောင်ကြောက်တာ.. :P
ဒီလောက်နိဒါန်းပျိုးလာတာကကျမ ၃ပတ်လောက်ဘလော့ဂ်ကိုလာမကြည့်နိုင်ဘူးဆိုတာ
ဘလော့ဂ်ကအကို၊အမ၊မောင်လေး၊ညီမလေးနဲ့ သယ်ရင်းများအားလုံးကအသိပေးလိုက်တာပါ..
ကျမtag ထားတဲ့သူများလဲရေးပေးကြပါဦးနော်..မရေးရသေးသူများ...
ပြန်လာရင်အကြွေးလာတောင်းမှာ.. :D
၃ပတ်လောက်ပျောက်မှာကိုရေးနေလိုက်တာအရှည်ကြီးပဲနော်..ဟီး..သီးခံ..သီးခံ..
အားလုံးကိုဒီနေရာမှနှုတ်ဆက်ခဲ့ပါတယ်....
ခင်မင်လျှက်
ချင်းမချောချောလေး၊
ဂယ်ပြောတာ..ချောလွန်းလို့ ကိုင်လို့ တောင်မရဘူး..(င်္ဆီသုတ်ထားတာ :P)
ကဲပါ..တကယ်နှုတ်ဆက်ခဲ့ပါတယ်နော်..
ပြန်လာတဲ့အခါအားလုံးဆီပြန်လာလည်မယ်နော်..
အားလုံးပဲပျော်ရွှင်စွာနဲ့blogging နိုင်ကြပါစေရှင်.....
တာ့တာ.............။

6 comments:

RePublic said...

ဟုတ်ကဲ့ ၊၊ စာမေးပွဲကောင်းစွာဖြေနိုင်ပါစေ ၊၊ မကြောက်ပါနဲ့ ၊၊ အဆင်ပြေအောင်မြင်မှာပါ ၊၊ ဆုတောင်းပေးပါတယ် ၊၊ အကြွေးကိုတော့ ဖြည်းဖြည်းမှဆပ်ပါရစေ ၊၊ အဆင်မပြေ မချောင်လည် သေးလို့ပါ ၊၊ဟီး
ပျော်ရွှင်ပါစေဗျာ ၊၊

ပျံသန်းခြင်းရပ်ဝန်း said...

စာမေးပွဲကိုအာင်မြင်စွာကျော်ဖြတ်နိုင်ပါစေ...

စိုင်းစိုင်းလားရှိုး said...

ပြန်လာခဲ့ပါ နေရာဟောင်းဆီ မျှော်နေဆဲပဲ ချင်းမလေး၊ စာတွေ မှန်မှန်ကျက်၊ ဖြေနိုင်ပါစေ တောင်းဆုချွေ၊

Dr Phyo Wai Kyaw said...

အဆွေချင်းမလေး
ဆေးဝါးနောက်ဆုံးနှစ်ဆိုတာ
ဘဇာ ဆေးဝါးနည်း..
တိကျစွာထုတ်ဖော်ပြောဆိုလော့
အကျွန်ုပ် နားမရှင်း..ဆေးဝါးကျွမ်းကျင်ကို
ဆိုလိုသလော..အဲသဟာဆို စာတွေခက်၏။
စာမေးပွဲဖြေခါနည်း လာလည်တဲ့ သင့်ကို
မည်သည့်အပြစ်ပေးမည်လည်းစဉ်းစားနေသည်
စာမေးပွဲပြီးရင်
အပြစ်လာနာခံလော့။
:P

Anonymous said...

ကောင်းကောင်းမွန်မွန်နဲ့ မဖြေနိုင် ဟာ......
မှားလို့ပါနော် ဖြေနိုင်ပါစေဗျား ကံကောင်းမှာပါ
ဘုရားသခင်ဆောင်မကြည့်ရှုမှာပါ

Apprenticeship said...

အဆင်ပြေပါစေ ချင်းမလေး