Tuesday 21 October 2008

မျိုသိပ်ချစ်

မျိုသိပ်ချစ်ဟာ သိုဝှက်စွာ
မျက်ဝန်းလေးတွေထဲမှာ ပေါက်ကွဲတတ်တယ်တဲ့
ငါ့မှာတော့ မျက်ဝန်းလေးတွေထဲမှာတောင်
အချစ်ကို မထင်ဟပ်ရဲဘူး
မင်းစိမ်းသွားမှာဆိုလို့ပါ

သီချင်းလေးထဲမှာက
မတွေ့မိအောင် ကွေ့လို့ရှောင်တာက
တွေ့ချင်လွန်းလို့
မချစ်မိအောင်ကြိုးစားတာကလဲ
ချစ်လွန်လွန်းလို့တဲ့။

အဲဒီလိုပါပဲ
အချစ်ကို မဖွင့်ဟမိအောင် မျိုသိပ့်ရတာလည်း
ဖွင့်ဟပြောပြချင်လို့ပါ။
မင်းသာနားထောင်မယ်ဆိုရင်
သိပ်ချစ်တယ်ဆိုတာထက်လေးနက်တဲ့
စကားလုံးတွေပြောပြချင်တယ်။

ကိုသူရိန်မြင့်မိုရ်ပေးပို့ တာပါ...
တင်ဖြစ်အောင်တင်ပေးပါဆိုလို့ (မမျိုသိပ်နိုင်တော့ဘူး တဲ့ :P :P)

2 comments:

Anonymous said...

ကောင်းပါ့ဗျား ရေးသားချက်လေးတွေ
အမြိုသိပ်နိုင်ရင် အန်ထုတ်လိုက်ပါ အန်ချရင်ဝေးဝေးသွားအန်နော်

kyawzawehan said...

ခခ
ခေါင်းစဉ်လေးကိုက
ကြေကွဲဖို့ ကောင်းတယ်
တကယ်တော့ မဟုတ်ပါစေနဲ့လို့
ဆုတောင်းလိုက်ပါတယ်