Thursday 16 October 2008

အွန်လိုင်းပေါ်ကဇတ်လမ်းလေး

"ကလေး၊ကိုဝန်ခံစရာရှိတယ်..ကိုဒီနေ့ ပဲကောင်မလေးတယောက်ကိုရီးစားစကားပြောခဲ့တယ်.."
"အဖြေရတာနဲ့ ကိုတို့ လက်ထပ်ကြတော့မှာ"..
သူမဘယ်တုန်းကမှမမျှော်လင့်ခဲ့တဲ့ စကားကိုကိုပြောနေပြီ..သူမနာကျင်စွာနားထောင်နေရပြီ.
ကို့ ကို့ ဆီကသူမကြားနေကျစကားက"ကလေးကိုကိုကိုသိပ်ချစ်တယ်..အရမ်းလွမ်းနေပြီကလေးလေး
ရယ်ဆိုတာတွေပါ.. "
ကိုကိုဟာစာရေးဆရာပီပီချစ်တဲ့ စကားလေးတွေကိုတနေ့ တမျိုးမရိုး၇အောင်သူမကိုပြောနေကျပါ.
ကိုကို့ ရဲ့ အပြောကောင်းမှု၊ကဗျာဆန်မှုလေးတွေကြောင့်ပဲသူမကိုကို့ ကိုစိတ်ဝင်စားခဲ့တာမဟုတ်လား.
သူမဆိုတာငယ်ငယ်လေးတည်းကအချစ်သတ်လာသူပီပီသူမကိုပထမဆု့းချစ်တယ်လို့ ပြောခဲ့တဲ့ ကိုကို့ ကို
သူမမငြင်းဆန်နိုင်ခဲ့ဘူး.....
သူမနဲ့ မင်းသူတို့ ဟာအပြင်မှာမတွေ့ ဖူးကြပေမယ့်အွန်လိုင်းကနေသိခဲ့ကြပြီးရီးစားတွေလိုပြောဆိုဆက်ဆံ
ကြသူတွေပါ....မင်းသူဟာကဗျာဆန်ပြီးအရမ်းစိတ်ကူးယဉ်တတ်တဲ့ သူတယောက်ပေါ့....မင်းသူနဲ့ သူမတို့ 
စကားပြောဖြစ်တိုင်းသူမဆီကိုလာခဲ့မည်ဖြစ်ကြောင်း၊သူမနဲ့ သွားမည့် နေရာလေးတွေပြောမည့်စကားလေးတွေ
ကိုပြောနေကျ........
"ကိုကိုကလေးဆီလာခဲ့မယ်၊ကိုတို့ ရုပ်ရှင်သွားကြည့်ကြမယ်၊ပြီးရင်ကန်ဘောင်သွားမယ်..ကလေးကိုဓါတ်ပုံရိုက်ပေး
မယ်လေ.."
"ပြီးရင်အဲဒီကအပြန်ကိုကို့ အိမ်ကိုခေါ်သွားမယ်..ကို့ မေမေနဲ့ ပေးတွေ့ မယ်လေ..ကလေးကို."
အဲလိုစကားလေးတွေကြောင့်ပဲသူမရင်ထဲတဖြေးဖြေးနဲ့ နေရာယူလာခဲ့တယ်ဆိုပါတော့.....
သူမဟာချစ်သူခင်သူနဲတဲ့အလျောက်မင်းသူကသူမကိုချစ်သည်ဆိုတာကိုလဲမယုံရဲခဲ့ပေ..သို့ သော်
အချိန်တွေကြာလာသည်နဲ့ အမျှသူမနှလုံးသားကိုမနှိပ်စက်ဝံ့တော့ပဲမျက်စိစုံမှိတ်ပြီးယုံခဲ့တော့သည်။
အဲဒီအချိန်ရောက်မှမင်းသူပြောလိုက်သည့်စကား.....
"သူမနားကြားမှားနေတာများလား၊ဟင့်အင်း..မဟုတ်ဘူး..ဒါကိုကိုစိတ်ပါပါနဲ့ ပြောခဲ့တာပါ၊"
တဒင်္ဂအတွင်းမိုးကြိုးပစ်ခံရသလိုသူမတောင့်တောင့်ကြီးဖြစ်သွားခဲ့သည်။သူမနားကိုသူမမယုံနိုင်ပါ.
သူမမသိလိုက်ခင်မှာပဲမျက်ဝန်းမှမျက်ရည်များအတားအဆီးမဲ့စီးဆင်းလာခဲ့သည်။သူမတချက်ရှိုက်လိုက်ရင်း
နာကျင်စွာပြုံးလျှက်.
"ဟုတ်လား...ကိုသူပျော်ရွှင်ပါစေလို့ သူမဆုတောင်းပေးလိုက်ပါတယ်.."
သူမစိတ်ထဲပြောနေမိတာကတော့
"ကိုကိုသိပ်ရက်စက်တယ်၊သူမကိုအချိန်ပေးသင့်တယ်..သူမပြင်ဆင်ချိန်မ၇လိုက်ခင်မှာပဲကိုကိုဟာသူမကိုပစ်ပြီး
တခြားတယောက်ဆီသွားရက်တယ်နော်."လို့ ပဲတဖွဖွပြောနေမိသည်။
မင်းသူဟာသူမထက်အသက်ပိုကြီးတာရယ်၊လူကြီးဆန်မှုတွေကြောင့်သူမဟာမင်းသူကိုလေးစားကြောက်ခဲ့သည်၊
မင်းသူ့ စကားကိုသူမမလွန်ဆန်ဝံ့ပေ။သူမဘ၀ဟာသုညသက်သက်သာဖြစ်ပြီးသူမဘ၀ထဲကိုမင်းသူဆိုတဲ့ ယောက်ျား
တယောက်ဝင်လာခဲ့ချိန်မှစပြီးအဓိပါယ်ရှိလာခဲ့သည်။အခုတော့သူမဘ၀ထဲကမင်းသူထွက်သွားခဲ့ပြီ..သူမဘ၀လဲ
မူရင်းသုညဘ၀သို့ ပြန်ရောက်သွားပြီဖြစ်သည်။
ဒီလိုနဲ့ မင်းသူနဲ့ သူမတို့ ဆုံဖြစ်ပေမယ့်စကားသိပ်မပြောဖြစ်တော့ပေ၊သူမလဲမေ့ပျောက်နိုင်အောင်ကြိုးစားခဲ့တာ
အခုဆိုသူမမင်းသူမရှိလဲနေနိုင်သွားပြီ.။
တစ်ရာက်မှာတော့မင်းသူကစကားစလာခဲ့သည်.။
"ကလေး၊ကိုရန်ကုန်ကိုလာခဲ့မယ်၊ကလေးနဲ့ လာတွေ့ မယ်၊ကို့ ကိုကလေးထွက်တွေ့ ရမယ်နော်"
သူမအရမ်းအံ့သြခဲ့ရသည်။သူမမေ့မေ့ပျောက်ပျောက်ဖြစ်နေသောကိုကိုကသူမကိုတွေ့ ချင်သည်တဲ့ လေ....
"သူမကိုဘာကိတ်စနဲ့ လာတွေ့ မှာလဲ"
"ကိုကလေးကိုပြောစရာတွေရှိတယ်၊ကို ယ့်မှာအရှုံးတွေကြီးပါကလေးရယ်....ကို့ ကodoိုနားလည်ပေးပါ."
"ကိုသူ့ ကိုသူမဘာတွေနားလည်ပေးရဦးမှာလဲ..သူမလာမတွေ့ ချင်ဘူး..ဘယ်သူနဲ့ မှမတွေ့ တော့ဘူးလို့ 
ဆုံးဖြတ်လိုက်ပြီ..သူမကိုခွင့်လွတ်ပါ.."
"ကလေးလာတွေ့ ရမယ်..."
"ကိုသူဟိုတယောက်နဲ့ အဆင်ပြေလား"
"ပြေပါတယ်ကလေးရယ်"
"ဟုတ်၊အဲလိုပဲကြားချင်ခဲ့တာပါကိုသူပျော်ရွှင်ပါစေနော်..."
"ကိုနားလည်ပါတယ်ကလေးရယ်၊ဒါပေမယ့်ကို့ ကိုလာတွေ့ ရမယ်နော်..တွေ့ ကိုတွေ့ ရမယ်.."
"ကိုသူ၊သူမကိုအဲလိုအနိုင်မကျင့်ပါနဲ့ ..သူမမတွေ့ ချင်ဘူး.."
သူမရင်ထဲမခံချင်စိတ်တွေထောင်းခနဲပေးလာသည်။တချိန်တုန်းကသူမရင်ထဲမှာနေရာယူခဲ့တဲ့ ကိုကို၊
သူမကိုအနိုင်ယူခဲ့တဲ့ ကိုကို၊အခုသက်ဆိုင်မှုမရှိတော့တာတောင်အနိုင်ယူချင်နေတုန်းပဲလား..
ပြီးတော့သူမနားမလည်တာကဘာလို့ သူမကိုတွေ့ ချင်နေရသလဲ၊ပြောစရာရှိတယ်ဆိုတာဘာပြောမလို့ လဲ
သူမသွားတွေ့ သင့်သလာူး၊မတွေ့ ပဲနေရင်ကောင်းမလား..သူမရင်ထဲမေးခွန်းတွေနဲ့ ပြည့်နှက်နေသည်။
ကိုကိုဟာသူမဘ၀ထဲကိုခွင့်ပြုချက်မတောင်းပဲဝင်လာခဲ့သည်၊သူမ၏ခံစားချက်ကိုမငဲ့ကွက်ဘဲသူမဘ၀ထဲက
ထွက်သွားခဲ့သည်၊အခုလဲသူ့ သဘောတိုင်းပဲသူမကိုလာတွေ့ ဦးမည်၊
သူမမြှုပ်နှံခဲ့တဲ့ နှလုံးသား၊နာကျင်မှုတွေကိုဘာကြောင့်များတူးဆွချင်နေရသလဲ၊သူ့ အလိုအတိုင်းလုပ်လို့ ရ
သည့်အရုပ်တရုပ်လိုများသူမကိုသဘောထားနေခဲ့တာလား..
ကိုကိုမသိလိုက်တာကတော့သူမဟာမင်းသူနဲ့ ချစ်နေတုန်းကလိုနူးညံ့သိမ်မွေ့ သည့် ကောင်မလေးတယောက်
မဟုတ်တော့ဘူးဆိုတာပဲ...ဒဏ်ရာရနေတဲ့ ကျားနာတကောင်လိုသူမဖြစ်နေခဲ့ပြီလေ...သူမအသဲမာနေခဲ့ပြီ...
သေချာတာကတော့သူမမင်းသူကိုမချစ်တော့သလိုသူမမှာအချစ်ဆိုတာလဲမရှိတော့ဘူးဆိုတာပါပဲ....
သူမကိုကို့ ကိုမချစ်တော့ပေမယ့်မုန်းတော့မမုန်းပါဘူး....
အဲလိုအတင်းအကျပ်မလုပ်ပါနဲ့ ..သူမမုန်းမိလိမ့်မယ်....သူမမမုန်းချင်ပါဘူး...
သူမတကိုယ်ထဲရေရွတ်နေမိတာတွေပါ...........။

ဘာရယ်မဟုတ်ပါဘူး..မရေးဖူးလို့ ရေးကြည့်တာ..ဟီးဟီး..ပထမဆုံးရေးတဲ့ ဇာတ်လမ်းတိုလေးပေါ့..
ဆုံးအောင်ဖတ်ပေးကြပါနော်..နော်.. :P :P

7 comments:

အရုပ်ကလေး said...

ပို့စ်လေးက ကောင်ပါတယ်..
ဇတ်လမ်းလေးကို စကားလုံးတွေနဲ့ ဖွဲ့နွဲ့ပြီး
ရေးရင် ဒီထက်ပိုကောင်းလာမယ်လို့ထင်ပါတယ်
စရေးခါစဖြစ်ပေမယ့် ခံစားဖတ်ရှု့လို့ ရတဲ့
ပို့စ်လေးပါပဲ
ဆက်လက် အောင်မြင်ပါစေ

Dr Phyo Wai Kyaw said...

ဇာတ်လမ်းက မပြီးသေးဘူးမဟုတ်လားဗျို့
ဆက်ရေးပါဦးဗျ
:D:D

Anonymous said...

ကိုယ်တွေ့ထင်တယ်.... ဟိဟိ ဆက်ရေးနော်
ဆောင့် အဲလေ စောင့်နေမယ်

Anonymous said...

တကယ်အဖြစ်လား။ တကယ်အဖြစ်ဆိုရင်.... အပျင်းမလေး အဲ ချင်းမလေး ထွက်တွေ့ရာမှာ ပျင်းလို့မဟုတ်လား :P

ပွကြီး said...

တောင်တန်းသူလေး
တန်းလန်းကြီး မထားနဲ့လေ။ ဇာတ်လမ်းက အခုမှ ကောင်းမလို့ ရင်ခုန်နေတုန်း ရင်ခုန်သံ ရပ်သွားသလိုမျိုး မလုပ်ကောင်းဘူး။ ဆက်သာရေးပါ။ မြန်မြန်ရေး။ ဖတ်ချင်လှပြီ။

kiim said...

ဇတ်လမ်းလေးကတော့ဒါပါပဲရှင်...ဟီးဟီး
ဘာဆက်ရေးရမလဲမသိလို့ ...
ဇတ်ကောင်"သူမ"ကလဲဘာမှပြန်လာမပြောဘူး..
သူတို့ တွေ့ ဖြစ်လား..မတွေ့ ဖြစ်ဘူးလား..
ကျမလဲမသိဘူးရှင့်..အဲဒါစာဖတ်သူတွေပဲဝင်ဆွေး
နွေးခဲ့ကြနော်..တွေ့ စေချင်ရင်ပေးတွေ့ လိုက်ပေါ့..
ဟီဟီး... :P :P

အိပ်မက်ကောင်းကင် said...

ဇာတ်လမ်းလေးကဖတ်လို့အရမ်းကောင်းပါတယ်
ဇာတ်လမ်းလေးကမပြီးသေးဘူးမဟုတ်လား
ဇာတ်လမ်းကောင်းတုန်းမီးပျက်သွားသလိုပဲ ^_^