Sunday 12 October 2008

ချင်းမလေးပြောတဲ့ အချစ်ဆိုသည်မှာ

အခုတလောတောင်ပေါ်သားပြောသလိုပါပဲ..တက်တဲ့ ရာသီလို့ တောင်ပြောလို့ 
ရတယ်..တယောက်ပြီးတယောက်တက်ဂ်နေကြတာ...ပျော်ဖို့ တော့ကောင်းပါတယ်..
အခုတခကြယ်ဇင်သွေးနဲ့ တောင်ပေါ်သားနှင့်မက်မက်ကလေးကတက်ဂ်လိုက်ပြန်ပါပြီ...
အခုတော့အရင်ကလိုမဟုတ်ဘူး..သူတို့ တက်ဂ်ကြတာက"အချစ်ဆိုသည်မှာ"တဲ့ လေ...
အရမ်းချစ်တတ်တဲ့ ကျမကိုမှလာတက်ဂ်တယ်ဆိုတော့လဲ...ဟီး..ရေးပေးရသေးတာပေါ့...
အချစ်ကိုအနက်အဓိပါယ်အရ၃မျိုးခွဲထားတယ်ကွဲ့ ....
အုန်းခြစ်...ရေခဲခြစ်....ကြောင်ခြစ်...ဆိုပြီးပေါ့...ဟီး...
ဘယ်ရောက်ကုန်ပြီလဲမသိတော့ပါဘူး....နောက်တာပါ....အတည်ပြောမယ်နော်...
အချစ်ဆိုတာ.......အင်း...အချစ်ဆိုတာဆိုတာထက်ကျမတွေ့ ဖူးတဲ့ အချစ်ဆိုတာ
ကပူလောင်လိုက်...အေးမြလိုက်....နွေးထွေးလိုက်....
ကြုံတုန်းပြောပြရဦးမယ်..ကျမမှာသိပ်ချစ်ခဲ့ရတဲ့ လူတယောက်ရှိခဲ့ဖူးတယ်....
သူ့ ကိုကျမအရမ်းချစ်ခဲ့တယ်...သူဘာလုပ်လုပ်သူ့ ကိုအဆိုးမမြင်တော့ဘူး..
အဲဒီတော့အချစ်ဆိုတာ" Love is blind" ပေါ့လေ....
မျက်စိမှိတ်ပြီးတော့ကိုချစ်ခဲ့တာ......သူကျမအပေါ်ပြန်မကောင်းခဲ့ပါဘူး..
သူ့ ကြောင့်ကျမငိုခဲ့ရတယ်....ပျော်ခဲ့ရတယ်...
ရင်ခုန်ကြည်နူးခဲ့ရတယ်....ပူဆွေးသောကရောက်ခဲ့ရတယ်...
အချစ်ဆိုတာဒီရေနဲ့ လဲတူတယ်..အတက်အကျရှိတယ်..
ဘယ်လောက်ပဲချစ်ချစ်အချိန်တိုင်းတော့ချစ်မနေနိုင်ဘူး...
တချိန်ချိန်မှာကျနိုင်သလိုပြန်ပြီးလဲတက်လာနိုင်တယ်...
အနေနီးခြင်းဝေးခြင်းနဲ့ လဲဆိုင်မယ်လို့ ထင်တယ်..ဘယ်လောက်ချစ်ချစ်
ဝေးနေရင်တော့အလိုလိုသွေးအေးသွားနိုင်ဖွယ်ရှိတယ်...
အဆင်ပြေရင်ပျော်လိုက်...အဆင်မပြေရင်ငိုလိုက်နဲ့ ..အချစ်ဆိုတဲ့အရာကကျမကို
အရမ်းအနိုင်ယူခဲ့တယ်ဆိုပါတော့လေ...
ကျမကအချစ်အပေါ်မှာအရမ်းကိုရူးသွပ်ခဲ့တာ....အမှန်အတိုင်းဝန်ခံရရင်ကျမအခုထိ
အချစ်ရဲ့ အဓိပါယ်မှန်ကိုမသိသေးပါဘူး...ဒါပေမယ့်ကျမသူ့ အပေါ်ထားတဲ့ အချစ်ဟာ
အစပိုင်းကတော့ရယူပိုင်ဆိုင်လိုခြင်းရမက်ကြီးတဲ့ အချစ်ဖြစ်ခဲ့တယ်...
နောက်ပိုင်းကျတော့လဲသူ့ ဆီကဘာမှမရလဲဘာမှမဖြစ်ဘူး...သူ့ ကိုချစ်နေရရင်ကျေနပ်
ပြီဆိုတဲ့ ပေးဆပ်ခြင်းနဲ့ ပဲချစ်ခဲ့မိပါတော့တယ်.....
ဒါနဲ့စကားမစပ်..မေတ္တာဆိုတာရောင်ပြန်ရှိတယ်..အသွားနဲ့ အပြန်ရှိတယ်လို့ ပြောကြပေမယ့်
ဘာလို့ များအချစ်ဆိုတဲ့ ၁၅၀၀ကတော့အသွားနဲ့ အပြန်မရှိရတာလဲနော်..အဲဒါလေး
အဟင့်အဟင့်.... :P နောက်တာပါ..ဟီးဟီး..
သူတို့ ပြောတဲ့ အချစ်ဆိုသည်မှာနဲ့ ကျမရေးလိုက်တဲ့ အချစ်ဆိုသည်မှာကတူမတူုတော့
မသိဘူး..ရေးတတ်သလိုရေးလိုက်တယ်...
ကဲ....ကြယ်ဇင်သွေးနဲတောင်ပေါ်သားနှင့်မက်မက်ကလေးတို့ ရေ..ကျေနပ်တော့နော်....
ဒီလောက်ပဲရေးတတ်တယ်...ရေးခိုင်းတာနဲ့ တို့ ရေးလိုက်တာနဲ့ မတိုက်ဆိုင်ရင်တော့
မရရအောင်တိုက်ဆိုင်အောင်ပြင်ဖတ်လိုက်ကြနော်....ဟီး.. :P :P
ကဲ..တက်ဂ်ဦးမယ်...ဟီး
လာထား....
အတွေးအရေးကောင်းတဲ့ republic
အချစ်ကိုလက်တွေ့ အသုံးချနေပြီဖြစ်တဲ့ မအိ( ဟီးဟီး :P)
ကျမကိုလာလာတက်ဂ်တဲ့အိမ်ကိုဂလဲ့စားပြန်ချေလိုက်ပြီ..ရေးတော့အိမ်ရေ...
ညမီးအိမ်
ကဗျာဆရာအဇ္ဈတ္တပြခန်း
ကရင်ကောင်လေးအဲလာ
ငွန်ငယ်မိုး
အမုန်းကိုအရမ်းကြောက်တယ်ဆိုတဲ့ ကိုလင်းလက်( :P :P )
ကိုzeRoTraSh
နွေသူရ
ရေးပေးကြပါနော်...မရေးပေးရင်ကို့ ကို ကိုသတ်သေလိုက်မှာနော်..ဟီး.. :P :P

11 comments:

JulyDream said...

ကိုယ့်ကိုယ်ကို သတ်သေလိုက်မယ် ဆိုပဲ... စိတ်ကြီးတယ်နော်။ ဟဟ...

တောင်ပေါ်သား said...

အမရေ ရေးပေးတဲ့အတွက် ကျေးဇူးပါဗျို့.. ဘာတဲ့ အချစ်ဆိုတာ ဒီရေလိုပဲတဲ့ မိုက်တယ်ဗျာ.. အတက်အကျတွေနဲ့ အင်း ဒီလိုပါပဲ အချစ်ဆိုတာ မှတ်သားရပြန်ပြီး နောက်တစ်ခု ဟီး.... သတ်တော့ မသေပါနဲ့ အမရယ်

ခေါင်ခေါင် said...

ဒီကောင်မလေး စိတ်တော်တော် ကြီးတယ်နော်..
မထင်ရဘူး...
သတ်သေမယ်ဆိုပဲ..

Dream said...

ဒါမှာ နာ့တီတီချင်းကွ.. လိမ္မာတယ်...
တီတီဂယဲ.. ကိုယ့်ကိုကိုယ် သတ်မသေလိုက်ပါနဲ့.. ဟိဟိ...
အာဝါးးးးးးး

RePublic said...

ဟုတ်ကဲ့ ၊၊ အချစ်အကြောင်း ကိုလာရောက် နားထောင်သွားပါတယ် ၊၊ တက်ထားတာကျေးဇူးပါဗျာ ၊၊ :D ရေးပေးပါ့မယ် ၊၊ဟီး ခဏတော့အချိန်ပေးပါ ၊၊အချစ်မရှိလို့ လေ့လာရအုံးမယ် ၊၊ ဟားဟား

ခင်မင်တဲ့

Anonymous said...

အပျင်းမလေးတို့ကတော့ အဲချင်းမလေးတော့ကတော့
မိုက်တယ်ကွာ။ အချစ်ဆိုတာဒီရေတဲ့.....
ဒါနဲ့မသိလို့မေးဦးမယ်။ ဘယ်နားကဒီရေလဲ... ဟိုရေမဟုတ် ဘူးလား? ? ? :P ရေးပေးတာကျေးဇူးပဲ....... လူကြီးကိုမရို မသေလုပ်သွားတယ်နော်။ ဟွန်းးးးးးးးးး စိတ်ဆိုးတယ်... ထိပ်ထိုးမယ်.... လိပ်ဂျပိုးရယ်... (ဘာမှလဲမဆိုင်ဘူး) :P
နောက်တာနော်.... စိတ်မဆိုးနဲ့... :P :P

Apprenticeship said...

မှတ်သားသွားတယ်ဗျို့ အချစ်ကျောင်းသူပါ.. အားးး မေ့လို့ ဘ၀ကျောင်းသူပါလို့ :P

စိုင်းစိုင်းလားရှိုး said...

အချစ်ဆိုသည်မှာ ကြည်နူးတဲ့ခိုက် လမင်းတစ်ရာ...
ဝမ်းနည်းတဲ့ အခိုက် နေမင်း အများကြီးတဲ့ ၀ူတယ် ၀ူတယ်

Dr Phyo Wai Kyaw said...

ကျနော်ကတော့
အချစ်ဆိုတာပူလိုက်အေးလိုက်ဆိုတာပဲ
မှတ်မိတယ်ခင်ဗျ
အော် အချစ်ဆိုတာဒီလိုကိုး
:D:D

Anonymous said...

အချစ်အကြောင်းကတော့ မစန္ဒီမိုးမြင့်ဘလော့
လေးမှာရေးထားသလို့ နာကျင်ကြေကွဲစရာပါဗျာ
လမင်းလဲဒီလို ပဲခံယူထားတယ်

Anonymous said...

ကိုယ့်ကိုကိုယ်သတ်သေမယ်ဟုတ်လား...?
ကောင်းတာပေါ့ မုန့်ဟင်းခါးမစားရတာကြာပြီ
အတော်ပဲပေါ့ဗျာ
ဟိဟိ ရေးပြီးတာကြာပြီ