Thursday 9 October 2008

ဖြစ်သလိုစားခြင်း

ဟိုနေ့ ကအိမ်ကတက်ဂ်ထားတာမအားတာနဲ့ တနင်္ဂနွေနေ့ မှရေးပေးမယ်ဆိုပြီး
နေလိုက်တာ..ဒီနေ့ ကျတော့စာကျက်နေရင်းဦးနှောက်ဆေးလိုက်ဦးမယ်ဆိုပြီး
ဘလော့ဂ်ကိုလာကြည့်လိုက်တောမအိကပါတက်ဂ်တယ်
လို့ လာပြောသွားတာနဲ့ ..အင်းလေ..မထူးတော့ပါဘူးဆိုပြီးရေးပေးလိုက်ပါတယ်..
ဘာတဲ့ ခေါင်းစဉ်ကဖြစ်သလိုစားခြင်းတဲ့ ..
ဒါကတော့ကျမအတွက်အထွေအထူးစဉ်းစားစရာမလိုတော့ပါဘူုး..
ဘာလို့ လဲဆိုတော့ကျမကအမြဲဖြစ်သလိုစားတတ်လို့ ပဲလေ..
ဟင်းဆိုလဲအသားငယ်ငယ်တည်းကမကြိုက်တတ်တာ..ယုံကြလား..ဟီး..ဂယ်ပြောနေတာနော်.
အသားဟင်းထက်လက်ဖက်သုတ်လေးနဲ့ ..စားလိုက်ရရင်ဗိုက်ပိုဝတတ်တဲ့ ကောင်မလေး...
လက်ဖက်သုတ်ကြိုက်တတ်လွန်းတဲ့ ကျမကိုအဖွားကနာမည်ပေးထားတာ cing zam သုတ်တဲ့ လေ..
ဟီးဟီး.. :P :P
ကျမကကျောင်းတက်နေရတုန်းဆိုတော့..မနက်စောစောသွားရတယ်လေ...မနက်ဆိုပျင်းလို့ ဘာမှကို
မစားဖြစ်တာ...လက်ဖက်ရည်တောင်ကို့ ဟာကိုဆိုမဖျော်တော့ဘူး..မုန့် ရှိရင်မုန့် ပဲစားသွားတာ...
တခါတလေအမေကထလာပြီးဖျော်တိုက်မှသောက်ဖြစ်တယ်...
ညနေကအပြန်ကျတော့လဲအဲလိုပဲ..အရင်ကဆိုထမင်းကျန်လေးကိုလက်ဖက်သုတ်ဝယ်ပြီး
စားဖြစ်တယ်...နောက်ပိုင်းတော့ခေါက်ဆွဲထုပ်လေးတွေဝယ်ပြီးစားဖြစ်တယ်..အခုနောက်ပိုင်း
မှပေါ်လာတဲ့ အုန်းနို့ ခေါက်ဆွဲထုပ်ကအရမ်းကောင်းတာ..မယုံရင်စားကြည့်... :P
ဒါကကျောင်းတက်တဲ့ နေ့ တွေပါ..ပိတ်ရက်တနင်္ဂနွေနေ့ ဆိုရင်တော့မနက်ကလက်ဖက်ရည်နဲ့ 
အီကြာကွေးစားပြီးဘုရားကျောင်းသွားလိုက်တာ...မနက်စာတောင်ပြန်မစားဖြစ်ဘူး..
အိမ်ပြန်ရင်အပြင်ပြန်ထွက်လို့ မရတော့လို့ ..ဟီး..ပြောရင်းနဲ့ ကို့ မကောင်းကြောင်းတွေပေါ်လာပြီ..
တနေ့ လုံးအပြင်မှာလျှောက်လည်နေတာ..မိုးချုပ်မှပြန်ရောက်တယ်..အဲဒီတော့မှအိမ်ကချက်ထားတာ
ကိုဘာဟင်းပဲချက်ချက်ပါ..အငမ်းမရ..မနက်စာကောညစာကောပေါင်းပြီးနှစ်နှပ်စာဝါးတီးဆွဲတော့တာ
ဗိုက်ကိုတင်းရောပဲ... :P :P
ကဲေ၇းလို ပြီးပါပြီ...မအိနဲ့ အိမ်တို့ ရေ..
ကဲပါ..တို့ လဲတက်ဂ်ချင်တယ်..တက်ဂ်လိုက်ဦးမယ်...ဒူ့ ကိုတက်ဂ်ရင်ကောင်းမလဲ...
ဟောတွေ့ ပါပြီ..များများမတက်ဂ်ပါဘူး....
ညမီးအိမ်
ကျော်လင်းထွန်း
အကိုidulize
အဇ္ဈတ္တပြခန်း
အညာသားလေး
ကောင်မလေး
နံနက်ခင်းကဗျာ
ကိုစော
ကဲရေးကြပေတော့..ရေးဖြစ်အောင်ရေးပေးကြနော်..မရေးပေးရင်ချိတ်ချိုးမှာနော်...

4 comments:

Anonymous said...

ဟိဟိဟိ လူသိကုန်ပြီ အပျင်းမလေးမှန်းနာမည်ပြောင်းပေးလိုက်ပြီ ချင်းမလေးမဟုတ်တော့ဘူး အပျင်းမလေး
ဟိဟိဟိ စိတ်ဆိုးနဲ့
တကယ်ပြောတာ

တောင်ပေါ်သား said...

ချင်းမလေးရဲ့ အပျင်းများ ဟဲယောင်လို့ ဖြစ်သလိုစားခြင်းများကို ဖတ်သွားပါတယ်။ လက်ဖက်သုပ်တော်တော်ကို ကြိုက်တယ်ပေါ့ ဒေါ်ရိတ်ကြီးမှာ လိုက်ကျွေးဦးမယ် အနော့်အိမ်ကို လာလည်ရင်တော့ ဥထမင်းကျွေးမယ် ဟဲဟဲ

Anonymous said...

ဟုတ်ပ အပျင်းမလေးရယ် အဲ ချင်းမလေးရယ်။ ဖြစ်သလိုစားတာရေးတာလား ပျင်းတာကိုရေးတာလားတောင် မနိုင်တော့အောင်ပါပဲကွယ်။ ဟီဟီ နောက်တာနော် စိတ်ဆိုးရဘူး

RePublic said...

ဟုတ်ကဲ့ပါ ၊၊ ခုလို ဖြစ်သလိုစားတဲ့ အတွက်ရော ၊ တော်ချက်တွေရော အတွက် လေးစားပါတယ် ၊၊ ဟီး

ခင်မင်စွာဖြင့်
ဦးလစ်