ရင်နှင့်အမျှ
ချစ်တယ်ဆိုတဲ့စကားတွေနဲ့ 
ပြည့်နေပေမယ့်
ငါအကြိမ်ကြိမ်မြိုသိပ်ခဲ့ရတယ်လေ
မင်းနဲ့ ငါ့အကြား
မဖြစ်နိုင်တဲ့
အနေအထားတွေကြောင့်
ခံစားချက်တွေကို
ဖုံးကွယ်ထားခဲ့ရတယ်လေ
နင့်မိဘအသိုင်းအ၀ိုင်းရဲ့ 
ထိုးနှက်မှုကြား
ငါမနေနိုင်ခဲ့လို့ 
နင့်ကိုနှုတ်ဆက်ထားခဲ့ရတယ်လေ
နင့်ရဲ့ တန်ဖိုးထားခြင်း
လိုချင်ခဲ့ပေမယ့်
နင့်ရဲ ဥပေက္ခာ
တွေပဲ
ရခဲ့လို့ 
ငါ..ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လေ
နင့်ဆီကအချစ်ကိုလိုချင်ခဲ့ပေမယ့်
သနားဂရုဏာတွေပဲရခဲ့လို့ 
ငါကြေကွဲခဲ့ရတယ်လေ
မဆွတ်ခင်တည်းက
ညွတ်နေသူမို့ 
နင်မပစ်ခင်
ထွက်သွားခဲ့ပါပြီ....
ယောဂကျင့်စဉ်နှင့် ကျန်းမာရေး
1 day ago
7 comments:
ချင်းချင်း .. ..
မဖတ်ရတာ ကြာပြီဖြစ်တဲ့
ရင်တွင်းဖြစ် ကဗျာလှလှလေးကို
ရင်နဲ့အမျှ ..
ခံစားသွားတယ်နော်။
အတွေးတွေ အတွက်
စဉ်းစားခန်းတွေ များခဲ့ရတယ်။
ချစ်သူအပေါ် ထားတဲ့ မုဒိတာစိတ်လေးကို
သူလည်း မြင်နိုင်ပါစေလို့ .....
ကြေကွဲခြင်းတွေဝေးပါစေလို့၊ခံစားချက်တွေ မျှယူသွားတယ်
ကဗျာကောင်းလေးကို ရင်နှင့်သမျှခံစားသွားပါတယ်
ခံစားချက်တွေ ပြင်းနေပါလား
ဟိ
ဂျင်းမလေးရေ
လာရောက်ခံစားသွားပါတယ်ဗျား။
သြော်
ဘ၀ဘဝ
တရားနဲ့
ဖြေရတော့မှဘဲ
အချစ်ကံခေလှပါပေါ့ကွယ်..
ကဗျာလေး ကောင်းတယ်
ကြေကွဲဖွယ်ကောင်းလှသည်
မဆွတ်ခင်တည်းက
ညွတ်နေသူမို့ 
နင်မပစ်ခင်
ထွက်သွားခဲ့ပါပြီ....
Post a Comment