Thursday 30 April 2009

သူသာလျှင်

ချစ်သူ့ ရင်ခွင်လေးမှာ
မှေးစက်ရတာလောက်
ကျွန်မအတွက်
အလုံခြုံဆုံးနေရာမရှိခဲ့ဘူး...။

ချစ်သူ့ အနမ်းတစ်ပွင့်လောက်
ကျွန်မအတွက်
ချိုမြိန်ဆုံးအရာမရှိခဲ့ဘူး...။

ချစ်သူ့ လက်ကိုဆုပ်ကိုင်ရတာလောက်
ကျွန်မအတွက်
ခွန်အားပြည့်စေတဲ့ အရာမရှိခဲ့ဘူး...။<3

ချစ်သူ့ အနားမှာနေရတာလောက်
ကျွန်မအတွက်
ပျော်စရာကောင်းတာမရှိခဲ့ဘူး...။

ချစ်သူပြောတဲ့ စကားသံလောက်
ကျွန်မအတွက်
သာယာနာပျော်ဖွယ်ကောင်းတာမရှိခဲ့ဘူး...။

ချစ်သူကြည့်တဲ့ အကြည့်လောက်
ကျွန်မအတွက်
စွဲမက်စရာကောင်းတာမရှိခဲ့ဘူး...။

Wednesday 29 April 2009

မုန်းတယ်

မင်းလိမ်နေတာသိရက်နဲ့ 
ယုံကြည်ချင်နေမိတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

ငါ့ကိုရင်ခွင်ထဲထားပြီး
တခြားတယောက်ကို
တမ်းတနေတာကိုသိရက်နဲ့ 
ခွင့်လွှတ်ချင်နေမိတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင်းပေးတဲ့ အရာတွေအားလုံး
အတုတွေမှန်းသိရက်နဲ့ 
အစစ်တွေလိုတန်ဖိုးထားချင်တဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင့်းအရင်တယောက်လောက်
ငါ့ကိုတန်ဖိုးမထားတာ
သိရက်နဲ့ 
မင်းအနားနေနေချင်သေးတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင်းရင်ထဲမှာ
ငါမရှိမှန်းသိရက်နဲ့ 
မင်းကိုအတိုင်းထက်အလွန်
ချစ်နေမိတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

Monday 27 April 2009

ကျွန်မ...မသိခြင်းများ

မင်းကိုအချစ်ဆုံးပါတဲ့ 
သူပြောခဲ့တဲ့ စကားလေးတစ်ခွန်း
ဒါဟာ ထောင်ချောက်တစ်ခုလား..
ပရိယာယ်တစ်ခုလား..
ကျွန်မ မသိခဲ့ဘူး...။

အရမ်းလွမ်းတယ်ကွာတဲ့ 
ဒါဟာ အလိမ်အညာတွေလား..
အစစ်အမှန်တွေလား...
ကျွန်မ မဝေခွဲတတ်ခဲ့ဘူး...။

မင်းနဲ့ ဘ၀တစ်ခုတည်ဆောက်ချင်တယ်တဲ့ 
ဒါဟာနှစ်သိမ့်စကားလား..
ရင်ထဲကလာတာလား...
ကျွန်မ မပိုင်းခြားတတ်ခဲ့ဘူး...။

မင်းကြောင့်ကိုယ် မျက်ရည်ကျခဲ့ရပြီတဲ့ 
ဒါဟာ လှည့်ကွက်တစ်ခုလား...
ပုံပြင်တစ်ပုဒ်လား...
ကျွန်မ မဝေဖန်ချင်ဘူး...။

မင်းလေးကြောင့် ကိုယ်အရာရာ
ကိုစွန့် လွှတ်ခဲ့တယ်တဲ့ 
ဒါဟာ အားနာမှုကြောင့်လား
ဖြစ်သင့်တာကိုလုပ်လိုက်တာလား...
တကယ်ချစ်ခဲ့လို့ လား...
ကျွန်မ မသိရဲခဲ့ဘူး...။

အချစ်ဆိုတာဘာလဲ
ကိုယ်သေသေချာချာမသိဘုးလို့ ပြောတဲ့ 
သူ့ နှလုံးသားထဲမှာ
ကျွန်မ အတွက်အချစ်တွေ
တကယ်ရောရှိနေခဲ့လားဆိုတာ
ကျွန်မ မတွေးရဲခဲ့ဘူး...။

ဒီလိုဒီလို မသိခြင်းတွေ
သံသယတွေကြားက
ကျွန်မ သူ့ ကိုချစ်မှန်းမသိ
ချစ်သွားခဲ့မိတယ်လေ...။

Saturday 25 April 2009

သော့ခတ်လိုက်ပြီ


ငါကပဲညံ့နေခဲ့တာလား
နင်ကပဲတော်နေခဲ့တာလား
နင်ရီနေတာကို
ငါရင်ထဲမှာငိုရင်း
ကြည့်နေခဲ့ရတယ်လေ..
နင်ပြုံးပြီးစကားပြောနေတာကို
ငါရင်နာနာနဲ့ နားထောင်နေခဲ့ရတယ်လေ..
နင်မပေးနိုင်တဲ့အရာမို့ 
သိပ်ချစ်ခဲ့ပေမယ့်
ငါ့အချစ်တွေကို
နင်မသိအောင်
ဟန်ဆောင်မျက်နှာဖုံးနဲ့ 
ဖုံးအုပ်လို့ 
ငါ့အချစ်တွေနင်မသိအောင်
ငါ့နှလုံးသားဘီရိုထဲ
သော့်ခတ်သိမ်းဆည်းထားတော့မယ်....

Wednesday 22 April 2009

တချက်ပြုံးရင်တရက်အသက်ရှည်တယ်

သူများတာဝန်ကို ဆက်ထမ်းနေရတယ
သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရှေ့ တွင် ယောက်ျားတစ်ယောက် ငိုယိုနေသည်။နှုတ်မှလည်းပြောသည်။" သူမသေသင့်ဘူး ၊ တကယ်တမ်း သူ မသေသင့်သေးဘူး၊ငါအင်မတန် ကံဆိုးပါလား " " ဒီဂူမှာ ခင်ဗျားရဲ့ အဖေ ဒါမှမဟုတ် သားကို မြုပ်ထားတာလားဗျာ "" ဟင့် အင်း၊ ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျား"

မိန်းမတွေရဲ့စကား ဘာသာပြန်အဘိဓာန်
မိန်းမအပြော - ကျုပ်တို့စကားပြောကြရအောင် ။ဆိုလိုရင်းအစစ် - ကျုပ်ရှင့်ကိုမကျေနပ်တာတွေရှိ တယ် ။မိန်းမအပြော - မီးဖိုချောင်ကက သိပ်အဆင်မပြောတာ့ဘူး ။ဆိုလိုရင်းအစစ် - အိမ်အသစ်လိုချင်တယ် ။မိန်းမအပြော - ရှင်ကျွှန်မကိုချစ်လားဟင် ။?ဆိုလိုရင်းအစစ် - ဈေးကြီးတာတွေဝယ်ခိုင်းချင်လို့

fwd mail မှပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်..
အားလုံးပဲပြုံးပျော်နိုင်ကြပါစေရှင်.. :)

Thursday 2 April 2009

တမ်းတဆဲပေါ့

နင်စခဲ့တဲ့ဇာတ်
နင်ပဲအဆုံးသတ်သွားခဲ့တာ
ကြားထဲကငါ့နှလုံးသားက
ဓါားစာခံပေါ့ချစ်သူ
နှလုံးသားမှာနင့်နာမည်
ဆေးမှင်ထိုးသလ
စွဲမြဲနေခဲ့ပြီလေ..
ပျော်ရွှင်ခဲ့ဖူးတဲ့နေ့ ရက်တွေ ကို
တမ်းတနေဆဲပေါ့ချစ်သူရယ်..
နင်အလွယ်လေးထားသွားပေမယ
ငါ့ရင်တွေနာကျင်လွန်းလို့ 
အခုထိအငိုမတိတ်သေးဘူး
ပြန်လာနိုးနိုးနဲ
နင့်ကိုမျှော်လင့်ခဲံ့သေးတယ်..
ချစ်တယ်လို့ ပြောခဲ့တာ
အလိမ်အညာတွေလား..
နင်ရေးခဲ့တဲ့ကဗျာတွေ
နင်ဆိုနေတဲ့သီချင်းတွေ
ငါ့အတွက်မှမဟုတ်တော့ပဲ..
ချစ်ခဲ့ကြတာကိုတော
မမေ့ပါနဲ့ ချစ်သူရယ်..
မပြောလိုက်ရတဲ့စကားတစ်ခွန်း
လေပြေလေးရယ
ကို့ ဆီသယ်ဆောင်သွားပေးပါကွယ်..
သိပ်ချစ်တယ်ချစ်သူရယ်....