Wednesday 14 August 2013

အမှတ်တရ August

ယုံကြည်မှုတွေ သူကိုယ်တိုင်တံတားထိုးလို့ 
နားလည်မှု ကို ကြမ်းခင်း
နင်းလျှောက်ခဲ့တဲ့ ငါတို့ ရဲ့ ချစ်ခရီးက
ရိုးမယောင်နဲ့ ဆန်းတယ်...။

တခါတခါ ငါက သူ့ ကိုအကဲစမ်းတယ်..
ဝန်တိုမှုတွေနဲ့ လွှင့်စင်လာတဲ့ မီးပွါးတွေကြား
ငါ ပွဲကြမ်းတိုင်း တိုးလျစွာ အလျှော့ပေးမြဲ..
ငါ့ဘက်ကို အနိုင်ပေးမြဲ သူ့ ရဲ့ ဆည်းလည်းသံချိုချိုကို
ငါ စွဲလန်းတယ်....။

ဝေးကွာခြင်းကို အန်တု၊
ခြားနားခြင်းအများအပြားကို ဒွန်တွဲ
အားယူပြီး တွဲခဲ့တဲ့ ငါတို့ လက်တွေ..
မြဲနေစေဖို့  သစ္စာတရားကို ရင်ထဲစွဲမြဲစွာ
သိမ်းဆည်းထားဖို့ တော့ လိုမယ် ချစ်သူ...။

တခါတခါ သံသယတွေနဲ့ ငါ့စိတ်တွေထွေပြား..
သူ့ အချစ်တွေေ၀၀ါးလာတယ်လို့ ငါထင်မှားလာတဲ့ အခါ..
ငါ့ရဲ့ ဇဝေဇ၀ါမှုတွေကို.. ယုံကြည်ပါဆိုတဲ့ 
တသက်စာ သူ့ ရဲ့ warranty ပေးမှုက..
ငါ့တွေဝေမှုတွေကို ဖြေဖျောက်ပေးတတ်စမြဲပဲ..။

အေးစက်စက်လေပြေတွေကြား...
ရင်ခုန်သံတွေအေးခဲမသွားအောင်...
ချစ်တယ်ဆိုတဲ့  ရှားရှားပါးပါးသူ့ နှုတ်ထွက်စကားပြန်ကြားယောင်၊
August လရဲ့ မိုးစက်တွေကြား...
ခါးသက်သက်အလွမ်းတွေ ငါဝါးမြိုနေရတာ..
အချစ်ကြီးတယ်လို့  ကိုယ့်ကိုယ်ကိုယ်ကြွေးကြော်တတ်တဲ့ကျွန်မချစ်သူ...
သူ... သိမှသိပါ့မလား.....။