Sunday, 14 June 2009

တကယ့်အဖြစ်အပျက်တဲ့ လား

သူ.....ဘာလို့ များကျွန်မအပေါ်ဒီလိုတွေဆက်ဆံနေပါလိမ့်......
ကျွန်မခေါင်းထဲမှာမေးခွန်းတွေ....မေးခွန်းတွေ..တသီကြီး...
ဘာကြောင့်များလဲ.....
အရင်လိုနူးညံ့သိမ်မွေ့ ခြင်းတွေပျောက်ဆုံးနေခဲ့တာဘာကြောင့်
လဲ......
အားလုံးအပေါ်အညင်သာဆုံးဆက်ဆံတတ်တဲ့ သူက ကျွန်မနဲ့ ကျမှ
ဘာကြောင့်ပြောင်းလဲသွားတာလဲ....
ကျွန်မကပဲသိပ်ညံ့နေခဲ့တာလား.....
လျစ်လျူုရှုမှုတွေ.....ခနဲ့ သဲ့သဲ့စကားတွေ.....
"မင်းထင်ချင်သလိုထင်" တဲ့ လား.....
ဘယ်သူ့ အပေါ်မှာမလုပ်ဖူးတဲ့ အချိုးတွေကျွန်မနဲ့ ကျမှလာချိုးနေတာ
ဘာကြောင့်များလဲ......
ဒါဟာ............
အိပ်မက်တစ်ခုဆိုရင်ကျွန်မအိပ်ရာကချက်ချင်းထခဲ့မိမှာပဲ...
ပုံပြင်တစ်ပုဒ်ဆိုရင်စာအုပ်ကိုချက်ခြင်းဆုတ်ဖြဲမိမှာပဲ....
ဇာတ်လမ်းတစ်ပုဒ်ဆိုရင်TV ကိုချက်ခြင်းထပိတ်မိမှာပဲ....
ဒါပေမယ့်...ဒါပေမယ့်
ဒါဟာအိပ်မက်တစ်ခုမဟုတ်ခဲ့ဘူး
ပုံပြင်တစ်ပုဒ်လဲမဟုတ်ခဲ့သလို
ဇာတ်လမ်းတစ်ပုဒ်လဲမဟုတ်ခဲ့ပြန်ဘူးလေ....
ဒါ.........

အဖြစ်အပျက်တစ်ခု

"တကယ့်အဖြစ်အပျက်တစ်ခု"

အတွင်းကနာကျင်မှုကြောင့်ကျလာတဲ့ မျက်ရည်ကိုကြည့်ရင်း
ကျွန်မ...
တစ်ချက်လေးပဲပြုံးလိုက်မိတယ်...
ဒါဟာခနဲ့ ပြုံးလား.....
မဲ့ ပြုံးလား...
နာကြည်းတဲ့ အပြုံးလားဆိုတာ
ကျွန်မ မဝေဖန်တတ်ခဲ့ဘူး.....
သေချာတာတစ်ခုကတော့
နှစ်လိုဖွယ်အပြုံးတစ်ခုမဟုတ်ဘူးဆိုတာပါပဲ.......................။

Wednesday, 10 June 2009

ကျွန်မရဲ့ ဝါသနာ

ကျွန်မအခုတလော ပို့ စ်မတင်ဖြစ်တာကြာနေပြီ..မအားတာ
တစ်ကြောင်း၊စိတ်ညစ်နေတာတစ်ကြောင်း၊ပျင်းတာတစ်ကြောင်း၊
အကြောင်းတွေစုပြီးဘာမှကိုမလုပ်ဖြစ်တာ....။
ဒီနေ့အွန်လိုင်းတက်ဖြစ်တော့ အမ နှင်းဆီနက်က တက်ဂ်ထားတယ်
တဲ့.. ပြောသွားတယ်လေ..အဲ့ဒါနဲ့ ပဲ ဘာအကြောင်းအရာနဲ့ တက်ဂ်ထား
ပါလိမ့်ဆိုပြီးသူ့ ဆီအပြေးတပိုင်းနဲ့ သွားကြည့်ရသေးတယ်..
ဘာတဲ့ .. ၀ါသနာ... တဲ့ လေ..
အင်း...လူဖြစ်လာရင်တော့ဝါသနာကိုယ.်စီရှိကြရတာပဲလေ..
ကျွန်မလဲလူထဲကလူဆိုတော့.. ၀ါသနာတော့ရှိတာပေါ့နော်..
ဒါပေမယ့်ကျွန်မရဲ့ ဝါသနာက သူများဝါသနာလိုသိပ်စိတ်ဝင်စားဖို့ တော့
မကောင်းလှဘူး...။
ကျွန်မ ငယ်ငယ်တည်းက သီချင်းဆိုတာဝါသနာပါခဲ့တယ်..
ဘုရားကျောင်းမှာလဲ သီချင်းတွေဆိုဖြစ်တယ်.. ငယ်ငယ်ကဆို ကလေးသီချင်း
ဆိုတာ တော်တော်ရှားတယ်လေ..အဲ့ဒီတော့ကျွန်မသီချင်းဆိုရင်အားလုံးကချီး
ကျူးကြတယ်.. ကလေးဖြစ်ပြီးတော်လိုက်တာပေါ့နော်..အဲ့လိုမျိုးပေါ့..ဟီး.. :P
ကြီးလာတော့နဲနဲရှက်တတ်လာတယ်.. တခါတလေမှပဲဆိုဖြစ်တော့တယ်..
မဆိုတာတောင်တော်တော်ကြာနေပြီ.. ဟီး.. ကိုယ့်အကြောင်းကိုယ်သိလို့ .. :P
ကျွန်မသီချင်းဆိုရင် အပြင်လူတွေက ကောင်းတယ်လို့ ပြောကြပေမယ့်..
အိမ်ကလူတွေကတော့ "နင်ဆိုတာ ဘယ်လိုကြီးလဲံ.. ဘယ်နေရာမှာဘာလိုတယ်..
ဟိုနေရာကိုဟိုလိုဆိုလိုက်ရင်ပိုကောင်းမယ"်ဆိုပြီး ဝေဖန်လိုက်ကြတာပျစ်ပျစ်နှစ်နှစ်ပဲ..
အိမ်ကလူတွေရှေ့မှာသီချင်းတောင်မဆိုရဲလောက်အောင်ပဲ.. အဲ့လောက်တောင်ချီးကျူး
ကြတာ....ဟဲဟဲ..
အခုနောက်ပိုင်း..တစ်နှစ်လောက်တော့ရှိပြီ..ကျွန်မ ကဗျာရေးတာဝါသနာပါလာတယ်..
အစကတော့စာအုပ်ပေါ်မှာခဲတံနဲ့ ရေးချတယ်..ပြီးရင်ပြန်ဖတ်တယ်..မကြိုက်ရင်ပြင်တယ်..
ကြိုက်ရင်တော့ဘလော့ဂ်ပေါ်တင်တော့တာပဲ..သူများကြိုက်မကြိုက်မသိဘူးး..ကိုယ်
ကြိုက်နေရင်ရပြီ..အဲ့လိုမျိုး..........................။
ကျွန်မလိုအေးဆေးပြီးစကားများများမပြောတတ်တဲ့ သူအဖို့ တော့ခံစားချက်လေးတွေ
ကိုကဗျာအဖြစ်ပြောင်းပြီး..ဘလော့ဂ်မှာတင်နေ၇တာနဲ့ တင်ကျွန်မကျေနပ်နေတတ်ခဲ့
တယ်လေ......။
ကဲ..အမနှင်းဆီနက်ရေ....အမတက်ဂ်တဲ့ ပို့ စ်လေးရေးလို့ ပြီးသွားပြီနော်..
ချင်းချင်းရဲ့ ဝါသနာကတော့သိပ်စိတ်ဝင်စားဖို့ မကောင်းဘုးနော်..ဟီး
အားတောင်နာတယ်....
သူများတွေကိုတော့လိုက်ပြီးမတက်ဂ်တော့ပါဘူး....။
မမနှင်းဆီနက်ကျေနပ်နိုင်ပါစေ................................။

Tuesday, 26 May 2009

မိုးရာသီချစ်သူ

မှတ်မိနေသေးတယ်..
မနှစ်ကဒီလိုအချိန်
မိုးဖွဲဖွဲကျနေချိန်မှာ
ထီးတစ်ချောင်းကို
နှစ်ယောက်အတူဆောင်းလို
့ကြည်နူးခဲ့ဖူးတာ
ဒီနှစ်မိုးရာသီမှာလဲ
ထီးလေးတစ်ချောင်းနဲ စုံတွဲလေး
ဘေးကကောင်မလေးဟာ
ငါမဖြစ်ခဲ့တာကလွဲရင်
်အားလုံးဟာမနှစ်ကအတိုင်း
ကြည်နူးခြင်းတွေနဲ့ ပဲပေါ့
အဲဒီနေ့ ကစလို
့မိုးရာသီကိုမုန်းသွားခဲ့တာ
ဟုတ်တယ်...
မိုးရာသီကိုမုန်းသွားခဲ့တာပါ
ဒါပေမယ့်
မိုးရာသီမှာချစ်ခဲ့တဲ့ကောင်လေး
မင်းကိုတော့ဆက်ချစ်နေတုန်းပဲ...။

Friday, 22 May 2009

ဒဏ်ရာနဲ့ လူ

ဇာတ်လမ်းလေးပြီးဆုံးသွားတော့
အဖတ်တင်ကျန်ခဲ့တာက
ပဲ့ထွက်ကျန်ခဲ့တဲ့နှလုံးသားလေးတစ်စုံရယ်ပါ...။

အကြောင်းပြချက်တစ်စုံတရာမှမပေး
ကိုယ်တို့ လမ်းခွဲကြရအောင်လို့ ပြောပြီး
ကျောခိုင်းနှုတ်ဆက်သွားတဲ့ မင်းကို
ဘယ်လိုစွဲချက်တင်ပြီး
စွပ်စွဲရမှန်းမသိအောင်
ငါကတော့ ဇဝေဇ၀ါနဲ့ ပေါ့...။

ခံစားချက်တွေဝေးပြီး
လွမ်းတတ်အောင်သင်ပေးခဲ့တဲ့ 
မင်းကတော့
အခုနေချိန်ဆို
ဘ၀ခရီးသစ်ကိုဆက်လို့ 
ပျော်နေရောပေါ့...။

မင်းပေးတဲ့ ဝေဒနာတွေကို
ရင်နဲ့ မဆံ့အောင်ခံနေရတဲ့ ငါကတော့
ဒဏ်ရာတွေပျောက်ကင်းသွားမယ့်
အချိန်ကိုစောင့်ရင်း
မင်းထားခဲ့တဲ့ နေရာလေးမှာ

ခရီးတစ်ထောက် အနားယူနေတုန်း...။

Wednesday, 13 May 2009

ပေါ့ပေါ့ပါးပါးပြုံး(၂)

ပျော်စရာမောင်နှံ
"အို...တို့ အိမ်ထောင်ကပျော်စရာကြီးကွ"
"ဆိုစမ်းပါဦး ပျော်စရာကောင်းပုံကို"
"ဒီလိုကွ..ငါ့မိန်းမက စိတ်ဆိုးပြီဆိုရင် ပန်းကန်ပြားတွေ၊ခွက်တွေ၊
ဘူးတွေနဲ့ ငါ့ကိုပေါက်တော့တာပဲ.."
"ဟ..အဲ့ဒါလင်မယားရန်ဖြစ်တာဟ ပျော်စရာမှတ်လို့ လား"
"မင်းမသိပါဘူးကွာ၊သူပစ်လိုက်လို့ ငါ့ကိုမှန်ရင် သူကအရမ်းပျော်သွား
တာကွ၊လွဲသွားပြန်ရင်တော့ ငါလည်းတအားပျော်ရတာပဲ၊ဒါကြောင့်
ပျော်စရာကြီးလို့ ..."

ယခင်နဲ့ ယခု
"ငါကွာ ရည်းစားဘ၀တုန်းက သူ့ လက်ကလေးတွေကိုဆုပ်ကိုင်ထားမိ
တာက အမြတ်တနိုး ချစ်လို့ "
"အခု လင်မယားဖြစ်တော့ရော"
"သူ့ လက်ကလေးတွေကို ဖမ်းကိုင်နေရတယ်၊ပါးရိုက်ခံရတာကာကွယ်ဖို့ "

Thursday, 30 April 2009

သူသာလျှင်

ချစ်သူ့ ရင်ခွင်လေးမှာ
မှေးစက်ရတာလောက်
ကျွန်မအတွက်
အလုံခြုံဆုံးနေရာမရှိခဲ့ဘူး...။

ချစ်သူ့ အနမ်းတစ်ပွင့်လောက်
ကျွန်မအတွက်
ချိုမြိန်ဆုံးအရာမရှိခဲ့ဘူး...။

ချစ်သူ့ လက်ကိုဆုပ်ကိုင်ရတာလောက်
ကျွန်မအတွက်
ခွန်အားပြည့်စေတဲ့ အရာမရှိခဲ့ဘူး...။<3

ချစ်သူ့ အနားမှာနေရတာလောက်
ကျွန်မအတွက်
ပျော်စရာကောင်းတာမရှိခဲ့ဘူး...။

ချစ်သူပြောတဲ့ စကားသံလောက်
ကျွန်မအတွက်
သာယာနာပျော်ဖွယ်ကောင်းတာမရှိခဲ့ဘူး...။

ချစ်သူကြည့်တဲ့ အကြည့်လောက်
ကျွန်မအတွက်
စွဲမက်စရာကောင်းတာမရှိခဲ့ဘူး...။

Wednesday, 29 April 2009

မုန်းတယ်

မင်းလိမ်နေတာသိရက်နဲ့ 
ယုံကြည်ချင်နေမိတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

ငါ့ကိုရင်ခွင်ထဲထားပြီး
တခြားတယောက်ကို
တမ်းတနေတာကိုသိရက်နဲ့ 
ခွင့်လွှတ်ချင်နေမိတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင်းပေးတဲ့ အရာတွေအားလုံး
အတုတွေမှန်းသိရက်နဲ့ 
အစစ်တွေလိုတန်ဖိုးထားချင်တဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင့်းအရင်တယောက်လောက်
ငါ့ကိုတန်ဖိုးမထားတာ
သိရက်နဲ့ 
မင်းအနားနေနေချင်သေးတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင်းရင်ထဲမှာ
ငါမရှိမှန်းသိရက်နဲ့ 
မင်းကိုအတိုင်းထက်အလွန်
ချစ်နေမိတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။