Sunday 27 September 2009

ကျွန်မအကြောင်းတစေ့တစောင်း

မျိုးကျော့မြိုင်လို ကျွန်မနာမည်ချင်းမလေးပါ.. ရန်ကုန်မှာနေပါတယ်လို့ စရမလိုဖြစ်နေပြီ..
တကယ်တော့ကျွန်မအကြောင်းဆိုပေမယ့်..ကျွန်မရဲ့ မကောင်းတဲ့ အကျင့်လေးတွေကို
ပြောပြမှာပါ.. အင်းပေါ့လေ..ကောင်းကြောင်းပြောစရာမှမရှိတာနော်.. :P
ကျွန်မနာမည်က ကင်မ်ကင်မ်ပါ..နာမည်အရှည်ကိုတော့ပြောပြတော့ဘူး..သိချင်
ရင် two body tiger လာမေးကြ.. :P
ကျွန်မဆိုတာ..စကားများများပြောလေ့မရှိတဲ့ ကောင်မလေး...
ခံစားချက်တွေကိုလဲထုတ်ပြောပြလေ့မရှိဘူး..ရင်ထဲမှာပဲအမြဲမျိုသိပ်ထားတတ်တယ်..
ခေါင်းတော့နဲနဲမာတယ်..(မယုံရင်တူနဲ့ လာထုကြည့်) :D
တခါတလေလောကကြီးကိုခပ်စောင်းစောင်းကြည့်တတ်သေးတယ်.. (မြင်ယောင်
ကြည့်ပေါ့..ခေါင်းလေးကိုစောင်းပြီးကြည့်နေတဲ့ ပုံလေး.. ဟိ)
ကျွန်မဘ၀မှာလိုချင်တာတွေကိုလိုချင်တဲ့ အချိန်မှာမရတာများလာတော့ အရွဲ့ တိုက်
တတ်လာခဲ့တယ်.. လောကကြီးကိုအရွဲ့ တိုက်တယ်.. မိဘတွေကိုအရွဲ့ တိုက်တယ်..
ချစ်သူကိုအရွဲ့ တိုက်တယ်.. ကိုယ့်ကိုယ်ကိုတောင်အရွဲ့ တိုက်တတ်သေးတယ်...
တချိန်တုန်းကမိဘရင်ခွင်မှာပဲနေပြီး.. မိဘပြောစကားကိုတသွေမတိမ်းနားထောင်ခဲ့
တဲ့ကျွန်မကိုအရင်ချစ်သူက (အမေ့ရင်ခွင်လို့ )နာမည်ပေးခဲ့ဖူးတယ်...။
လူတွေရဲ့ အမြင်မှာလဲကျွန်မဟာဗိုင်းကောင်းကျောက်ဖိလေးပေါ့..
အသက်တွေကြီးလာလေ.. လိုအပ်ချက်တွေများလေ.. လောကကြီးအကြောင်း
ကိုပိုသိလေ.. ပိုစိတ်ညစ်စရာတွေများလာလေနဲ့ ..
အရင်ကလိမ်မာတဲ့ကျွန်မဟာအခုတော့ဂျစ်ကန်ကန်ကောင်မလေးတယောက်ဖြစ်
လာခဲ့ပြီလေ..
ကျွန်မဘယ်အချိန်ကစပြီးအဲ့လိုခေါင်းမာတတ်လာလဲကျွန်မကိုယ်ကျွန်မတောင်မ
သိဘူး.. မိဘကဒါမလုပ်နဲ့ ဆိုလုပ်တယ်.. မသွားနဲ့ ဆိုသွားဖြစ်အောင်သွားတယ်..
အဲ့လိုခေါင်းမာမာနဲ့ မိဘစကားကိုနားမထောင်ခဲ့လို့ ကျွန်မကိုငယ်ငယ်ကအမေရိုက်ဖူးတယ်
အရမ်းကိုနာနာကျင်ကျင်ခံစားရပေမယ့်ကျွန်မမျက်ရည်တစ်စက်မှမကျခဲ့ဘူး..
ကျွန်မရဲ့ စိတ်တွေတင်းမာနေခဲ့တယ်..ကျွန်မကိုဘယ်လောက်ဆူဆူ ဘယ်လောက်ရိုက်
ရိုက်..ကျွန်မဘယ်တော့မှမျက်ရည်မကျစေရဘူးလို့ ကျွန်မဆုံးဖြတ်ခဲ့တာ...
လူတွေရှေ့ မှာ(ဘယ်သူ့ ရှေ့ မှာမဆို)မျက်ရည်ကျရမှာကျွန်မသိပ်ရှက်တယ်..
အထူးသဖြင့်ကျွန်မနဲ့ တိုက်ရိုက်ပတ်သတ်နေတဲ့သူ(ဥပမာ ကျွန်မချစ်သူကြောင့်ခံစား
နေရတယ်ဆိုရင်တောင်သူ့ ရှေ့ မှာမျက်ရည်မကျစေရဘူး)အဲ့လိုမျိုး..။
အဲ့ဒါကိုမာနလို့ သတ်မှတ်တယ်ဆိုရင်တော့ကျွန်မဟာတော်တော်မာနကြီးတဲ့မိန်းမတ
ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။
သယ်ရင်းတယောက်ရှေ့ မှာတော့ကျွန်မရှိုက်ကြီးတငင်ငိုခဲ့ဖူးတယ်..သယ်ရင်းကြောင့်
ငိုတာတော့မဟုတ်ဘူးပေါ့..တခြားတယောက်ကြောင့်...။
ကျွန်မသယ်ရင်းလေးနိုင်ငံခြားသွားမယ့်နေ့ မတိုင်ခင်တစ်ရက်ကသူ့ ကိုနှုတ်ဆက်တဲ့ 
အနေနဲ့ သွားတွေ့ တုန်းကပေါ့..လမ်းတလျှောက်မှာကျွန်မငိုပြီးလာခဲ့တာ..သူ့ ဆီင်္လဲ
ရောက်ရောကျွန်မမျက်ရည်တွေခမ်းသွားရော....။
အဲ့လိုတိုက်ရိုက်ဆက်နွယ်နေတဲ့တယောက်ရှေ့ မှာငိုဖို့ ရန်ဝန်လေးတဲ့ကျွန်မကိုကျွန်မရဲ့ 
ချစ်သူ(အရင်ကချစ်သူ)ကအသည်းမာတဲ့မိန်းမလို့ စွပ်စွဲခဲ့ဖူးတယ်..။
သူ့ ရှေ့ မှာစိတ်ညစ်လိုက်တာ..ငိုချင်တယ်လို့ ပြောမိရင်.. နင်လားငိုမှာ..
နင်ဘယ်တုန်းကငိုဖူးလို့ လဲတဲ့..နင်မျက်ရည်ကျတာငါတစ်ခါမှမမြင်ဖူးဘူးလို့ တောင်ပြော
ဖူးတယ်..(အဲ့ဒါကျွန်မနဲ့ လေးနှစ်ကျော်လောက်တွဲခဲ့တဲ့ချစ်သူနော်)
ကျွန်မဟာမိန်းမတွေထဲကမိန်းမတယောက်ဖြစ်ပေမယ့်မိန်းမ မဆန်တဲ့မိန်းမလဲဖြစ်နေပြန်
တယ်..ကျွန်မအလုပ်ကသယ်ရင်းကပြောတယ်.. မိန်းမကြမ်းကြီးတဲ့..ဟီး..
တခါတလေစိတ်ညစ်လို့ သူတို့ ဆီမှာ စိတ်ညစ်လိုက်တာဆိုပြီးညောင်နာနာအသံလေး
နဲ့ ပြောတိုင်းကျွန်မကို “မကင“်ရာ မိန်းကလေးလိုနေတတ်တာလဲမဟုတ်ပဲနဲ့ နွဲ့ နွဲ့ ပြီးမပြောပါ
နဲ့ တဲ့..ကဲ..ကောင်းရော... :P
အော်..ပြောရဦးမယ်..ကျွန်မတို့ မိသားစုက ငါးယောက်..အဖေအမေအကို၊ကျွန်မရယ်
ညီမလေးရယ်ပေါ့..အားလုံးအသားဖြူကြတယ်..ကျွန်မတယောက်ထဲမဲနေတာ..
အဲ့ဒါကိုအလုပ်ကသယ်ရင်းက မညှာမတာကျွန်မကို “အဖေကတရုတ်၊အမေကတရုတ်
သမီးကျမှဘာလို့ ကုလားဖြစ်သွားတာလဲ“တဲ့..အဟင့်..ငိုရခက်..ရီရခက်နဲ့..
ကျွန်မမှာသယ်ရင်းမရှိဘူး.. စကားနည်းပြီးသီးသန့် ဆန်ဆန်နေတတ်တဲ့ကျွန်မမှာ
သယ်ရင်းမရှိတာဆန်းတော့မဆန်းပါဘူး..ကျွန်မ
လူတွေနဲ့ လဲမနေတတ်ဘူး..တယောက်တည်းနေရတာကိုအရမ်းသဘောကျတယ်..
တခါတလေလွမ်းလွမ်းဆွေးဆွေးပုံစံလေးနဲ့ နေရတာကိုကျွန်မပိုနှစ်သက်နေတတ်တယ်..
မောင်နှမထဲမှာလဲအလတ်ဖြစ်နေခဲ့တဲ့ကျွန်မကိုမိဘတွေကလဲသိပ်မချစ်ဘူးလို့ ခံစားရ
တယ်.. အကြီးကိုအကြီးမို့ ချစ်ကြတယ်..အငယ်ကိုအငယ်မို့ ချစ်ကြတယ်..(အလတ်ကို
အလတ်မို့ ချစ်ကြတယ်ဆိုတာတော့မကြားဖူးဘူး..) အလတ်တွေကလစ်လပ်နေတတ်
တယ်ဆိုတာမျိုးပေါ့..
ငယ်ငယ်တည်းကလူတွေနဲ့ ခပ်ရောရောမနေတတဲ့်ခဲ့တဲ့ကျွန်မကို ဦးလေးတွေအဒေါ်
တွေကလဲကျွန်မရဲ့အကိုနဲ့ ညီမလေးလောက်မချစ်ကြတာဆန်းတော့မဆန်းပါဘူး...။
ဒါပေမယ့်ဆန်းနေတာတခုက လူတွေနဲ့ ခပ်ကင်းကင်းနေတတ်တဲ့ကျွန်မမှာ
လူတွေနဲ့ အမြဲဆက်ဆံနေရတဲ့ ချစ်သူတယောက်ရှိနေတာနဲနဲတော့ဆန်းနေသလိုလို
ပဲလေ..။
ကျွန်မစိတ်ညစ်တဲ့အချိန်ဆိုရင်အမြဲရီနေတတ်တယ်.. တခုခုပြောပြီးရီစရာမဟုတ်လဲ
ရီနေတတ်တယ်လေ.. ဒါကိုသိနေတဲ့ကျွန်မရဲ့ အရင်ကချစ်သူက
ကျွန်မရီပြီဆိုရင်(ရီစရာမဟုတ်ပဲရီတာကိုပြောတာနော်)စိတ်ညစ်နေတာလားလို့ အမြဲ
မေးတတ်တယ်..ဘာလို့ လဲ..ရီနေတာလေလို့ ပြောရင်..နင်ကစိတ်ညစ်ရင်အမြဲရီနေတာ
ပဲလေတဲ့.. ဟုတ်တယ်..ကျွန်မမှာစိတ်ညစ်စရာတွေရှိလာရင်လူတွေရှေ့ မှာမငိုတတ်တဲ့
ကျွန်မက ဆန့် ကျင်ဖက်အနေနဲ့ အရီအပြုံးနဲ့ စိတ်ညစ်စရာတွေကိုဖေါ်ပြတတ်တဲ့အကျင့်
ဖြစ်လာခဲ့တယ်လေ....။
ကဲကဲ..တော်ပြီ.. ကျွန်မအကြောင်းဒီလောက်နဲ့ ပဲအဆုံးသတ်လိုက်ဦးမယ်..။
တာ့တာ..တီးတီ..တူးတူ.. :P

Sunday 13 September 2009

ဆုံနိုင်ခွင့်

~~~ဘယ်အချိန်ထိကိုယ့်အတွက်ရှိနေမလဲ ~~~မင်းစကားများအထပ်ထပ်ကြားမိဆဲ~~~
ကြယ်စင်ကြွေချိန်မှာတိုင်တည်ပြီးချစ်ခဲ့လဲ ~~~ ပေါင်းစပ်မယ့်အချစ်တို့ နှစ်ယောက်ဆီမှာ~~~

လေထဲမှာလွင့်ပျံလာတဲ့သီချင်းသံနှင့်အတူကျွန်မခေါင်းထဲမှာစဉ်းစားစရာလေးတွေရှိလာခဲ့ပြန်တယ်လေ...
သူနှင့်ကျွန်မကြားမှာအချစ်ဆိုတဲ့အရာတစ်ခုတည်းပဲရှိတယ်...သူ့ အသိုင်းအ၀ိုင်း..ကျွန်မအသိုင်းအ၀ိုင်း
ဘယ်လိုမှပေါင်းစပ်ဖို့ မလွယ်ကူမှန်းသိရက်နဲ့ ကျွန်မသူ့ ကိုချစ်ခဲ့မိတယ်...။
အချစ်ဆိုတဲ့အရာတစ်ခုတည်းနဲ့ ပဲဘ၀တစ်ခုတည်ဆောက်လို့ ရပါ့မလား..
ကျွန်မကကောဘယ်အချိန်ထိများသူ့ နှလုံးသားကိုလွှမ်းမိုးထားနိုင်မလဲ..
အရာရာမှာဆန့် ကျင်ဘက်ဖြစ်နေတဲ့ကျွန်မတို့ နှစ်ယောက်..အချစ်တွေကကော
ဘယ်အချိန်ထိများခိုင်ခံ့နိုင်မှာလဲ...
တွဲလက်တွေမဖြုတ်တမ်းဘ၀ခရီးကိုတလှမ်းချင်းအတူလှမ်းနိုင်ပါ့မလား...
မတူညီတဲ့ဘာသာစကားနဲ့ မတူညီတဲ့ယုံကြည်မှု၊အဲ့လိုမတူညီမှုတွေကြားမှာ
ဘယ်လောက်ကြာကြာများတင်းခံထားနိုင်ကြမှာလဲ...
အဲ့ဒီအရာတွေကိုတွေးမိတိုင်းသူ့ ကိုဆုပ်ကိုင်ထားတဲ့ကျွန်မရဲ့ လက်တွေလျော့ရဲလာခဲ့တယ်..
ကျွန်မရဲ့ အပြုံးတွေမပီပြင်ချင်တော့ဘူး...။
နှလုံးသားလေးကတဆစ်ဆစ်နဲ့ နာကျင်လာခဲ့တယ်...
ယောက်ျားတယောက်ကြောင့်မျက်ရည်ဘယ်တော့မှမကျစေရဘူးလို့ ဟစ်ကြွေးခဲ့တဲ့
ကျွန်မ... မျက်ရည်တွေရေစီးကမ်းပြိုခဲ့ရတယ်...။
သူ့ ဆီတစ်လှမ်းချင်းလှမ်းနေတဲ့ကျွန်မရဲ့ ခြေလှမ်းတွေတုံ့ နှေးလာခဲ့တယ်..။
တစ်နေ့ သူနဲ့ လက်ထပ်ပြီးဘ၀တစ်ခုတည်ဆောက်မယ်လို့ မျှော်လင့်ခဲ့သမျှတွေ
တဖြေးဖြေးနဲ့ အရောင်မှိန်ချင်လာခဲ့တယ်...။
အဲ့ဒီစိတ်နဲ့ ပဲအိပ်ပျက်၊စားပျက်ခဲ့ရပေါင်းမနဲတော့ပြီ..။
၆လတာဆိုတဲ့ကာလတစ်ခုမှာကျွန်မဘယ်နှစ်ကြိမ်လောက်သူ့ ကြောင့်ငိုကြွေးခဲ့ရလဲဆိုတာ
ရေတွက်လို့ တောင်မရနိုင်အောင်ပါပဲ...။
အရာရာကိုလေးလေးနက်နက်တွေးတတ်ခဲ့တဲ့ကျွန်မရင်ဘတ်တစ်ခုမှာဒဏ်ရာတွေဗရပွနဲ့ 
ရှင်သန်မှုတွေဟာလဲအဓိပါယ်မဲ့ချင်သလိုလိုဖြစ်လာခဲ့တယ်..။
ဒီနေ့ မှာမသေချာမှုတွေနဲ့ ကျွန်မရဲ့ မနက်ဖြန်တွေဟာလဲေ၀၀ါးလာခဲ့တယ်လေ...
ဒီလိုနဲ့ ကျွန်မရဲ့ ကမ္ဘာအကြိမ်ကြိမ်ပြိုလဲခဲ့ရတယ်...ကျွန်မရဲ့ စိတ်တွေယိုင်နဲ့ လာခဲ့ရတယ်..။
မွန်းကျပ်တဲ့အတွေးတွေကြားမှာကျွန်မရဲ့ အသက်ရှူသံတွေဟန်ချက်မညီချင်တော့ဘူး...။
ဘာကြောင့်လဲ... ဘာအတွက်လဲ...
ကံကြမ္မာကိုပဲအပြစ်တင်ရတော့မှာလား..ဒါမှမဟုတ်ချစ်တတ်တဲ့နှလုံးသားလေးကိုပဲ
အပြစ်ပုံချလိုက်ရတော့မလား...ဘာကြောင့်များသူနဲ့ ကျွန်မကြားမှာဘာသာတရားနှင့်လူမျိုးဆိုတဲ့
အရာနှစ်ခုကတံတိုင်းကြီးတစ်ခုလိုခြားထားရတာလဲ...
အဲ့ဒီအတားအဆီးတွေသာမရှိခဲ့ရင်..... ဘယ်လောက်များကောင်းလိမ့်မလဲဆိုတဲ့အတွေးကြောင့်
ကျွန်မရဲ့ မနက်ဖြန်ပေါင်းများစွာမျက်ရည်နဲ့ နိုးထခဲ့ရပေါင်းများခဲ့ပြီပဲ.....။
ညစဉ်ညတိုင်းပေါင်းစပ်ခွင့်ဆိုတဲ့ အရာလေးတစ်ခုကိုမျှော်လင့်ရင်းကြယ်လေးတွေနဲ့ စကားပြော
နေမိတယ်.. ကြယ်တစ်ပွင့်ကြွေတိုင်းသူနဲ့ ပေါင်းစပ်ခွင့်ရပါစေလို့ ဆုတောင်းခဲ့ရတဲ့ ညတွေလဲများခဲ့ပါပြီ..။
ဒီလိုနဲ့ ..ဒီလိုနဲ့ ...
ကျွန်မတို့ နှစ်ယောက်ရဲ့ ပေါင်းစပ်ခွင့်ကိုမျှော်လင့်ရင်းယောင်ဝါးဝါးနဲ့ ကျွန်မရဲ့ မနက်ဖြန်တွေကို
လျှောက်လှမ်းရဦးမယ်.. ချစ်သူ့ လက်ကိုခိုင်မြဲစွာတွဲထားရင်းနဲ့ ပေါ့...........။